ဖုန်းများအသုံးပြုတဲ့အခါတွင် Home Button (သို့) Fingerprint Sensor ပေါ်ကိုလက်ဖြင့်တစ်ချက်တို့ထိရုံဖြင့် ဖုန်းမျက်နှာပြင်ဖွင့်၍အသုံးပြုနိုင်ခြင်းဟာသုံးစွဲသူများအတွက်ခေတ်မီစတိုင် ကျစေရုံသာမကအဆင်ပြေလွယ်ကူစေ ပါတယ်။ထို့အပြင်ကိုယ်ရေးကို ယ်တာလုံခြုံရေးအတွက်လည်းများစွာ အထောက်အကူဖြစ်စေခြင်းကြောင့်ဟန်းဆက်အသုံးပြုရာတွင်ပိုမိုစိတ်ချရနိုင်ပါတယ်။သို့သော် လက်ဗွေရာသည်အလွယ်တကူတုပကူးယူနိုင်သောအရာ တစ်ခုဖြစ်ခြင်းကြောင့်လည်းအထူးသတိပြု သင့်ကြောင်းနည်းပညာလုံခြုံ ရေး နှင့်ပတ်သက်၍ဆန်းစစ်လေ့လာသူ များကသုံးသပ်ကြပါတယ်။ လက်ဗွေ ရာစနစ်ကိုစမတ်ဖုန်းထုတ်လုပ် သည့်ကုမ္ပဏီတိုင်းဟာသူတို့၏နောက်ဆုံးပေါ်ဖုန်းများတွင် မပါမဖြစ် ထည့်သွင်းပေး လာကြပါတယ်။အလယ်အလတ်တန်ဖိုးရှိသော ဖုန်းများတွင်လည်းအဆိုပါစနစ်ကို သုံးစွဲနိုင်ကြပါတယ်။ဖု န်းအမှတ်တံဆိပ် များစွာထဲတွင်Meizuရဲ့ဖုန်း များဟာလည်းလက်ဗွေရာစနစ်ကိုအ ထောက်အပံ့ ပေးထားပါတယ်။Meizuဟာဖုန်းများကို Series အလိုက်ထုတ်လုပ်ပေးထားပြီး တန်ဖိုးအမျိုးအစားအစုံလည်းရှိပါတယ်။M3
Series တွင်M3 E, M3 S, M3 Max နှင့်M3 Note ဟန်းဆက်များရှိပါတယ်။ယခုM3
Max ကတော့၂၀၁၆ခုနှစ် စက်တင်ဘာလကထွက်ရှိထားခြင်း ဖြစ်ပါတယ်။2G, 3G, 4G
Network များ ကိုအသုံးပြုနိုင်မယ့်ဟန်းဆက်ပါ။ဖုန်းကိုယ်ထည်ပုံပန်းသဏ္ဌာန် ကတော့ ထောင့်စွန်းများတွင်အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။Home Button ကိုတော့ ဆလင်ဒါပုံစံရှည်မျောမျောဖန် တီးပေးထားပါတယ်။
အဓိက,ကင်မရာဟာအနောက်ဘက်အလယ် တည့်တည့်တွင်အ၀ိုင်းပုံစံ တည်ရှိပါတယ်။ဖုန်းရဲ့အရွယ်အ စားပမာဏက163.4 × 81.6 × 7.9 mm ဖြစ်ခြင်းကြောင့်ကိုင်ဆောင် အသုံးပြုဖို့အတွက်အဆင်ပြေစေ ပါလိမ့်မယ်။ ဖုန်းကိုယ်ထည်အလေးချိန်ကတော့ 189g ဖြစ်ပါတယ်။ယခုနောက်ပိုင်းထု တ် ဖုန်းများဟာဆင်းကတ်နှစ်ကတ်ထ ည့်သွင်းအသုံးပြုနိုင်ကြပါတ ယ်။M3 Max သည်လည်းဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သောDual SIM ဟန်းဆက်အမျိုးအစားဖြစ်ပါတယ် ။ ထို့ကြောင့်ဆင်းကတ်များစွာ ကိုင်ဆောင် သုံးစွဲသူများအနေဖြင့်ကဏ္ဍခွဲ ၍အဆင်ပြေပြေဖုန်းအသုံးပြုနိုင် ပါလိမ့်မယ်။ ထည့်သွင်းသုံးစွဲရမယ့်ဆင်းက တ်အရွယ်အစားကတော့Nano SIM ပါ။ဖုန်း မျက်နှာပြင်အတွက်IPS LCD Capacitive Touch Screen ကိုအသုံးပြု ပေးထားပါတယ်။ဖုန်းမျက်နှာပြ င်အကျယ်အ၀န်းက6 inchesရှိသောကြောင့် မျက်နှာပြင်ကျယ်ပြန့်သောဟန်းဆက်အမျိုးအစားဖြစ်ပါတယ်။ မြင်ကွင်း စွမ်းရည်အပိုင်းတွင်ကြည်လင် ကောင်းမွန်သောပုံရိပ်များကိုပေးစွမ်းနိုင်စေဖို့ အတွက်1080 × 1920 Pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ် ။ တစ်လက်မမှာရှိမယ့်Pixel ပမာဏသိပ်သည်းဆကတော့367 ppiပါ။ Multitouchစနစ်တွင်Flyme UI 5.2.5 ကိုသုံးစွဲနိုင်ပါမယ်။အဓိက, ကင်မရာ ဟာ13MP, f/ 2.2 စွမ်းရည်ရှိပြီးDual-LED (Dual Tone) Flash ပါရှိပါ တယ်။ရှေ့ကင်မရာငယ်ကတော့5MP, f/ 2.0 စွမ်းရည်ရှိပါတယ်။Face Detection, Auto Focus, Geo-tagging စသောကင်မရာဆက်စပ်ပတ်သက် စနစ်များလည်းအသုံးပြုနိုင်ပါမယ်။ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်မှာ1080p ဖြစ်ပြီးတစ်စက္ကန့်ကို30 frames နှုန်းရိုက်ကူးနိုင်ပါမယ်။
Active Noise Cancellation With Dedicated micစနစ်လည်းပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို3GB ထည့်သွင်းပေးထားပြီးROM တွင်64GB ပါရှိအောင်လုပ်ဆောင်ပေးထားပါတယ်။ထိုပမာဏဟာ အချက် အလက်အများအပြားသိမ်းဆည်းနို င်စေဖို့အတွက်လုံလောက်ပါတယ် ။Card Slot စနစ်ကိုအသုံးပြု၍လည်းမှတ်ဥာ ဏ်ပမာဏကိုချဲ့ထွင်သုံးစွဲနိုင် ပါဦးမယ်။ SIM 2 Slotကိုအသုံးပြု၍လည်းမှတ်ဥာ ဏ်ပမာဏကိုချဲ့ထွင်ရမှာပါ။ Fingerprint စနစ်အသုံးပြုနိုင်မယ့်ယခုဖု န်းတွင် အခြားသောSensor စနစ် များစွာလည်းပါရှိပါသေးတယ်။အ သုံးပြုနိုင်မယ့်OS
အမျိုးအစားကတော့ Android ဖြစ်ပြီးversion ကတော့Marshmallow
ဖြစ်ပါတယ်။ထည့်သွင်း ပေးထားသောChipset ကတော့Mediatek MT6755 Helio P10
ဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့အခါတွင်လျင်မြန်သောတုံ့ပြန်မှုများကိုေ ပးစွမ်းနိုင်စေဖို့ အတွက်Oct a-core
(4x1.8GHz Cortex-A53 & 4x1.0GHz Cortex-A53) စွမ်းရည် ရှိသောCPU
ကိုတပ်ဆင်ပေးထားပါတယ်။GPU ကတော့Mali-T860 MP2 ဖြစ်ပါတယ်။Bluetooth Version
မှာ4.1 ဖြစ်ပါတယ်။အားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားမှာ4100 mAh ဖြစ်ပါတယ်။ဘက်ထရီအားသွင်းမြ န်ဆန် သောစနစ်လည်းပါရှိပြီးမိနစ်၃ ၀အားသွင်းပါက၅၀% အားပြည့်စေပါမယ်။ ဖုန်းကိုအရောင်ရွေးချယ်လိုသူများအတွက်လည်းလှပသောအရောင် ၄မျိုးခန့် ဖြင့်M3 Max ကိုထုတ်လုပ်ပေးထားပါသေးတယ်။ ဈေးနှုန်းတန်ဖိုးမှာ ၂၇၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။
အဓိက,ကင်မရာဟာအနောက်ဘက်အလယ်
Active Noise Cancellation With Dedicated micစနစ်လည်းပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com