3/11/2017

♪ Ooredoo Myanmar မှ Business Talk and Text အစီအစဉ်သစ်ကို မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Untitled-1-2.jpg?fit=800%2C450&ssl=1

Ooredoo Myanmar အနေဖြင့် လုပ်ငန်းကြီးများ၊ အသေးစားအလတ်စားလုပ်ငန်းများနှင့် အစိုးရရုံးများအတွက် အထူးသင့်လျော်ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းသုံး Business Talk and Text အစီအစဉ်သစ်အား မိတ်ဆက်ပေးလိုက်ကြောင်းသိရသည်။

ယင်းအစီအစဉ်ကို စာရင်းသွင်းရယူပြီး  အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုခွင့်နှင့် SMS ပေးပို့ခွင့်တို့ကို လစဉ်ငွေကျပ် ၃၀၀၀ ဖြည့်သွင်းရုံဖြင့် အကန့်အသတ်မရှိ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်သစ်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းဖုန်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို ကြိုတင်သတ်မှတ်ထားနိုင်မည်ဖြစ်သည့်အပြင်  စနစ်တကျ ထိရောက်စွာဖြင့် စီမံဆောင်ရွက် နိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihotri က “ Ooredoo Business အနေနဲ့ စီးပွားရေးလုပ်ငန်းများအတွက် သင့်တော်ပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အစီအစဉ်တွေနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။ အူရီဒူးမှ သုံးစွဲသူတိုင်းအဆင်ပြေ အကြိုက်တွေ့စေမည့် အထူးအစီအစဉ်များကို ကမ်းလှမ်းပေးလေ့ရှိသည့်အတိုင်း ယခုတစ်ဖန်မှာလည်း Business Talk and Text ဆိုတဲ့ အစီအစဉ်သစ်ကို စတင်ကမ်းလှမ်းလိုက်ရာ ယင်းအစီအစဉ်ကိုရယူထားတဲ့ စီးပွားရေးလုပ်ငန်းများအနေဖြင့် လစဉ်ကြေး ၃ဝဝဝကျပ်ဖြင့်ပင် အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုခြင်းနဲ့ SMS ပေးပို့တာတွေကို မိမိလိုအပ်သလို အသုံးပြု နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆက်သွယ်ရေးအတွက် ငွေကုန်ကြေးကျပိုမိုသက်သာနိုင် မှာဖြစ်ပြီး လတစ်လစီအတွက် ဖုန်းငွေလက်ကျန်ကုန်လို့ ဆက်သွယ်ရေး ပြတ်တောက်တာမျိုးတွေ၊ အဆင်မပြေမှုတွေအတွက် စိုးရိမ်စရာလိုတော့မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့ကြောင်း သိရသည်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com