3/05/2017

♪ " Samsung မှ Galaxy Book ကို ပြသ " ♫

Image may contain: screen and laptop

MWC 2017 အား Galaxy S8 အတွက် မသုံးခဲ့သော်လည်း Samsung သည် ပစ္စည်းများစွာအသစ်ပြသသွားခဲ့ ပြီး ထိုအထဲတွင် Galaxy Book မှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာခဲ့သည်။ Microsoft နှင့် ပူးပေါင်းထုတ်လုပ်ခဲ့သောဒီဇိုင်းဖြစ်ပြီး Windows 10 device ဖြစ်ကာ လွန်ခဲ့သည့်တစ်ပတ်ကပင် campanion app အား Windows Store တွင် စတင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ 

Samsung သည် Galaxy Book အား ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ခဲ့ပြီး Screen အရွယ်အစားနှင့် အခြား spec များအရပါ ကွဲပြားခဲ့သည်။ တစ်မျိုးမှာ 10.6” TFT Full HD screen ဖြစ်ပြီး ကျန်တစ်မျိုးမှာ 12” Super AMOLED QHD (2160 x 1440) ဖြစ်သည်။ Core m 3 processor 2-6 GHz dual-core နှင့် Core i5, Dualcore 3.1 GHz အသီးသီးအား သုံးစွဲထားသည်။ RAM 4 GB 64/128 GB နှင့် RAM 4GB + 128 GB, RAM 8 GB + 256 GB အသီးသီးရွေးချယ်နိုင်မည်ဖြစ်သည်

ဘက်ထရီမှာ 30.4 W နှင့် 39.04 W အသီးသီးပါဝင်ပြီး 10 နာရီကျော်သုံးနိုင်ကာ အားအမြန်သွင်းနိုင်မည့် Fast Charging လည်း ပါဝင်သေးသည်။ နှစ်ခုစလုံးမှာ portable ဖြစ်ရန် အဓိကဦးတည်ခဲ့ပြီး LTE Cat-6, 802.11 ac MIMO WiFi နှင့် Bluetooth 4.1 တို့ပါဝင်ခဲ့သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com