3/05/2017

♪ " သတ္တုကိုယ်ထည်ဖြင့် Moto G5 နှင့် G5 Plus တို့အား ပြသ " ♫

Image may contain: phone

Motorola သည် အကောင်းဆုံးဖုန်းကို ဈေးသက်သက်သာသာနှင့် ပေးနိုင်ရန် ကြိုးပမ်းခဲ့ပြီး Moto G5 နှင့် G5 Plus တို့သည် ဓာတ်ပုံဆရာများ သုံးလေ့ရှိသည်။ ကင်မရာအရည်အသွေးရှိကင်မရာ ပါဝင်သည်ဟု ဆိုထားပြီး စွမ်းရည်မြင့် ဘက်ထရီနှင့် အထူးကောင်းမွန်သော resolution မြင့် display တို့ ပါဝင်ခဲ့သည်။ သတ္တုကိုယ်ထည်နှင့် ဒီဇိုင်းအသစ်ကိုလည်း သုံးစွဲထားသည်။

Plus model တွင် ပိုမိုကောင်းမွန်သော hardware များကို တွေ့ကြရမည်ဖြစ်ပြီး RAM နှင့် storage တို့ကို အဓိကတိုးမြှင့်ထားသည်။ G5 တွင် 5” 1080 p display နှင့် G5 Plus တွင် 5.2” 1080 p display ပါဝင်ပြီး 1.46 Hz Snapdragon 430 နှင့် 2 GHz Snapdragon 625 တို့အား အသီးသီး သုံးစွဲထားခဲ့သည်။ RAM 2 GB နှင့် 2/4 GB အသီးသီး ရွေးချယ်နိုင်မည်ဖြစ်ပြီး storage မှာ 16/32 GB နှင့် 32/64 GB တို့ဖြစ်သည်။ G5 တွင် 13MP ကင်မရာအဓိကပါဝင်ပြီး G5S Plus တွင် 12MP Sony IM x 260 ကင်မရာကို သုံးစွဲထားသည်။ Selfie အတွက်မူ 5 MP ကင်မရာကိုသာ သုံးစွဲထားကြသည်။ 


Fingerprint scanner ပါဝင်ပြီး ရေဖိတ်စင်ကျသည့် ဒဏ်အားခံနိုင်ရည်ရှိသည်။ 2800 mAh နှင့် 3000 mAh ဘက်ထရီ အသီးသီးပါဝင်ပြီး အားအမြန်သွင်းနိုင်သော Turbo Charge ပါဝင်ခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com