3/05/2017

♪ " LG G6 အား 5.7” Full Vision screen ဖြင့် ပြသခဲ့ " ♫

Image may contain: phone and screen

LG သည် ပရိသတ်များစောင့်မျှော်နေကြသည့် G6 အား MWC 2017 ပွဲတွင် ပြသသွားခဲ့ပြီး screen ကြောင့် ဓာတ်ပုံနှင့်ပတ်သက်သော စွမ်းဆောင်ရည်များစွာရှိကာ ရေနှင့် ဖုန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိခဲ့သည်။ LG G6 သည် သုံးစွဲသူများလိုအပ်သည့် Features များကိုသာ အာရုံစိုက်ထားသည်ဟု LG မှ ဆိုသည်။

ကြီးမားသော 5.7” screen မှာ 18.9 QHD full vision Display ဖြစ်ပြီး 2880 x 1440 resolution နှင့် 564 ppi ရှိသည်။ Qualcomm ၏ Snapdragon 821 processor ကိုသုံးထားပြီး 4 GB LPDDR 4 RAM အား storage 32 GB (သို့) 64 GB ဖြင့် တွဲဖက်သုံးစွဲနိုင်ပြီး micro SD မှာ 2 TB ထိထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ ရှေ့ဘက်တွင် 5 MP (f 2.2/ 100°) မြင်ကွင်းကျယ်ကင်မရာနှင့် ကျောဘက်တွင် Dual 13 MP (f 2.4/125°) မြင်ကွင်းကျယ်ကင်မရာနှင့် ပုံမှန် 13 MP OIS 2.0 (F 1.8/ 71°) ကင်မရာနှစ်ခုပါဝင်ခဲ့သည်။ Android 7.0 Nougat ကိုသုံးခဲ့ပြီး ဘက်ထရီမှာ 3300 mAh ဖြစ်သည်။ 802.11 a,b,g,n,ac WiFi, Bluetooth 4.2, USB Type C တို့ပါဝင်သည်။ 

Display ၏ ppi မြင့်မားသဖြင့် Dolby Vision နှင့် HDR 10 ကိုထောက်ပံ့ပေးခဲ့ပြီး ထည့်သွင်းထားသော USF storage မှာ မြန်ဆန်ကာ ဓာတ်ပုံရိုက်ရာတွင်လည်း နည်းပညာများစွာကို ရွေးချယ်နိုင်ခဲ့သည်။ G6 တွင် Vulkon support ပါဝင်ပြီး Game Battery Saver ကြောင့် ဂိမ်းများကို ပိုမိုကြာမြင့်စွာကစားနိုင်မည်ဟု ဆိုသည်။ ရေအနက် 1.5 မီတာတွင် မိနစ် 30 ထားနိုင်သည်အထိ ရေစိုခံနိုင်ကြောင်း သိရှိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com