3/12/2017

♪ “Samsung က Galaxy Book Tablet များကိုမိတ်ဆက်” ♫

Image may contain: screen

Samsung က Mobile World Congress (MWC) မှာတက်ဘလက်အသစ်များ ကိုမိတ်ဆက်လိုက်ပါတယ်။ Galaxy Book 10 နဲ့ Galaxy Book 12 တို့ဖြစ်ပြီး Windows 10 ထည့်သွင်းထားပါတယ်။ တက်ဘလက်များကို လက်တော့လို အသုံးပြုနိုင်ဖို့ ဖြုတ်၊တပ်နိုင်တဲ့ ကီးဘုတ်ကိုလည်းဖန်တီးပေးထားပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ဖြင့် ပုံဆွဲခြင်း၊ စာရေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။

တက်ဘလက်များဟာပါးလွှာပြီးအလူမီနီယမ်ကိုယ်ထည်ဖြင့် တည်ဆောက် ထားပါတယ်။ WiFiနဲ့ LTE Models များထုတ်လုပ်ပေးထားပါတယ်။ Book 10 မှာ ၁၀.၆ လက်မ 1920x1280 Pixel LCD Display နဲ့ Intel Core m3 Processor ထည့်သွင်းပေးထားပါတယ်။ စွမ်းဆောင်ရည်မြင့် Book 12 မှာတော့ ၁၂ လက်မ Super AMOLED HDR Display နဲ့ Intel Core i5 Processor ပါရှိပါတယ်။ တက်ဘလက် ၂ လုံးမှာ Book 12 ဟာစွမ်းဆောင် ရည် ပိုမိုမြင့်မားပြီးကင်မရာနဲ့ Processor များကပိုမိုကောင်းမွန်ပါတယ်

တက်ဘလက် ၂ လုံးစလုံးမှာ USB Type-C Port ၂ ခုစီပါရှိပြီးဘက်ထရီ သက်တမ်း ၁၀ နာရီ ဖြစ်ပါတယ်။ လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာ လည်း ထည့်သွင်းပေးထားပါတယ်။ Samsung က ယခင်နှစ်ထုတ်မော်ဒယ်ရဲ့ Keyboard Case ကိုအဆင့်မြှင့်ထားပါတယ်။ Trackpadကလည်းTabPro S မှာပါတာထက် ၅၀ ရာခိုင်နှုန်းပိုမိုကြီးမားလာပါတယ်။

S Pen ဟာထိတွေ့မှုကို အာရုံခံရာမှာပိုမိုကောင်းမွန်လာပြီးအားသွင်းဖို့ မလိုအပ်တော့ပါဘူး။ မှတ်စုများ မှတ်သားခြင်း၊ ပုံဆွဲခြင်း၊ စကရင်ရှော့များဖမ်းခြင်းတို့ကိုပြုလုပ် နိုင်ပါတယ်။ S Pen ကိုအားသွင်းဖို့လည်း မလိုအပ်တော့ပါဘူး။ Samsung က ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကိုပြောကြားခြင်းမရှိသေးပါဘူး။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com