3/12/2017

♪ “iPhone Camera ကို ၃၆၀ ဒီဂရီကင်မရာအဖြစ်ပြောင်းပေးမယ့် Insta360 Nano” ♫

Image may contain: camera

Insta360 Nanoအမည်ရ iPhone Accessory လေးက iPhone Camera ကို ၃၆၀ ဒီဂရီကင်မရာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Nanoမှာကင်မရာ ၂ လုံးတပ်ဆင်ထားပြီးဖုန်းရဲ့ အောက်ဘက်မှ Port နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါ တယ်။

Nanoကို iPhone 6 နဲ့ သူ့အထက် iPhone များနဲ့ တွဲဖက် အသုံးပြုနိုင် ပါတယ်။ ကင်မရာ ၂ လုံးဟာ မြင်ကွင်းကျယ် ကင်မရာများဖြစ်ပြီး App ရဲ့ အကူအညီနဲ့ ကင်မရာ ၂ လုံးပေါင်းစပ်၍ ၃၆၀ ဒီဂရီပုံရိမ်များကိုဖမ်းယူပေး နိုင်ပါတယ်။

၃၆၀ ဒီဂရီဗီဒီယိုများကိုYouTube , Facebook တို့ထံတိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နိုင်ပါတယ်။ ဒါ့အပြင် Time-Lapse Video များကိုလည်းဖမ်းယူ ပေးနိုင်ပါတယ်။ ရိုက်ကူးထားတဲ့ ဗီဒီယိုများကိုအွန်လိုင်းမှာ သိမ်းဆည်းဖို့ အတွက်လည်း Cloud Platform တစ်ခုကိုကုမ္ပဏီကပံ့ပိုးပေးထားပါတယ်။ Insta360 Nanoဟာ ၁၉၉ ဒေါ်လာတန်ကြေးရှိပြီးအမေဇုန်နဲ့ ကုမ္ပဏီရဲ့ website ကနေ ရောင်းချပေးနေပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com