3/05/2017

♪ " OPPO F1s (2017) " Price - 369,000 Ks ♫

Image may contain: 2 people, people smiling, phone

OPPO F1 series ဟာ ဈေးကွက်ထဲမှာ လူကြိုက်များ၊ ရောင်းအားကောင်းခဲ့တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် OPPO ကုမ္ပဏီက ၄င်း F1 series ကို ထပ်မံအဆင့်မြှင့်တင်ထားတဲ့ OPPO F1s (2017) မော်ဒယ်ကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကမှ ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ အရှေ့ကင်မရာပိုင်းကို အဆင့်မြှင့်တင်ထားတဲ့ ဖုန်းဆိုတော့ selfie ဝါသနာရှင်တွေအတွက်ကတော့ လုံးဝလက်မလွှတ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။ ဒီဇိုင်းပုံစံက ကြည့်လိုက်တာနဲ့ premium ဖုန်းတစ်လုံးမှန်း သိသာစေပြီး ဖုန်းရဲ့အနောက်ဘက် alluminium alloy မှာ ပါရှိတဲ့ slender လိုင်း ၂ လိုင်းကလည်း ဖုန်းရဲ့ ဒီဇိုင်းကို ပိုမိုပေါ်လွင်စေပါတယ်။

ဒါ့အပြင် micro-arc frame နဲ့ 10 degree big circular corners တွေကြောင့် ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ မြဲမြံမှုရှိပါတယ်။ ဖုန်းအရွယ်အစားက 154.5 x 76 x 7.38 mm ရှိပြီး 160g လေးပါတယ်။ ဒါကြောင့် အထူအပါးနဲ့ အလေးချိန်က ကိုင်တွယ်သုံးစွဲဖို့ အနေတော်အရွယ်အစားပါပဲ။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Dual SIM ၂ ကတ်သုံးအနေဖြင့် ထုတ်လုပ်ပေးထားပါတယ်။ ထည့်သုံးရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ မျက်နှာပြင်အကျယ် ၅ လက်မခွဲရှိတဲ့ IPS LCD Capacitive touchscreen display ကိုသုံးထားလို့ 720 x 1280 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မမှာ ~267 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။


ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါသေးတယ်။ အထဲမှာ Android OS, v5.1 (Lollipop) ကို အခြေခံထားပြီး Color OS 3.0 user interface ကို သုံးစွဲထားပါတယ်။ ၄င်း OS က ColorOS 2.1 နဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်းခန့် လုပ်ဆောင်နိုင်စွမ်းပိုမြင့်မားပြီး Home Screen ရဲ့ loading speed က ၃၅ ရာခိုင်နှုန်းလောက် ပိုမိုမြန်ဆန်မှုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် apps တွေကို install လုပ်တဲ့နှုန်းကလည်း ၄၁ ရာခိုင်နှုန်း ပိုမိုတိုးတက်လာပြီး ဘက်ထရီစားလည်း သက်သာပါတယ်။


၎င်းမှာ Eye Protection စနစ်နဲ့ Privacy Protection စနစ်တွေပါဝင်လာပြီး Avast Virus Scanner ကိုထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာပါရှိတဲ့ Finger-print sensor က 0.22 second အတွင်းမှာ ဖုန်းကို unlock လုပ်နိုင်ပါတယ်။ အသုံးများတဲ့ apps တွေနဲ့ အရေးကြီးတဲ့ဖုန်းနံပါတ်တွေဆီကို တန်းရောက်သွားအောင် မတူညီတဲ့ fingerprint ၅ ခုအထိသုံးပြီး သတ်မှတ်ထားနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာမှာ 1/3-inch Sensor နဲ့ f/2.2 aperture တို့ကို တပ်ဆင်ထားလို့ ညဘက်မှာတောင် ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာက အနောက်ကင်မရာထက် ပိုမိုစွမ်းအားကောင်းမွန်ပြီး 16MP resolution, 1/3.1-inch Sensor နဲ့ f/2.0 aperture တို့က အလှပဆုံး selfie ဓာတ်ပုံတွေကို စိတ်တိုင်းကျရိုက်ယူနိုင်အောင် အကောင်းဆုံးပံ့ပိုးပေးထားပါတယ်။


Beautify 4.0 က ဓာတ်ပုံအရောင်အသွေးကို လိုသလိုချိန်ညှိစေနိုင်ပြီး မျက်လုံးတွေ၊ အသားအရောင်တွေကို စိတ်ကြိုက်ပြောင်းလဲယူနိုင်ပါတယ်။ ဒါတင်မကသေးပဲ Selfie Panorama, Screen Flash, Palm Shutter and Voice Shutter အပြင် Buit-in Filters feature ထဲမှာ အမျိုးမျိုး ပြောင်းလဲသုံးစွဲနိုင်တဲ့ Filters ၉ မျိုးနဲ့ Watermark ၉ မျိုးလည်း ပါရှိပါသေးတယ်။ နောက်ထပ် Expert Mode, Ultra-HD, Double Exposure နဲ့ Super GIF ဆိုတဲ့ features တွေပါရှိတဲ့ Camera Platform အတွေ့အကြုံသစ်ကို လက်တွေ့ခံစားနိုင်ပြီး နေ့ဘက်ရော ညဘက်မှာပါ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့ကတော့ Internal memory 64GB ပါရှိပြီး micro SD card ရဲ့ အထောက်အပံ့ကို 128GB အထိ ရယူနိုင်ပါတယ်။ အခုခေတ်မှာ အသုံးများတဲ့ OTG စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရောင်တွေက လှပခံ့ညားတဲ့ Gold နဲ့ Rose Gold တို့ပဲ ဖြစ်ပါတယ်။

* Battery Life *

OPPO F1s (2017) မှာ Non-removable Li-Po 3075mAh battery ကို သုံးထားပြီး Color OS 3.0 ရဲ့ power-saving optimization ကြောင့် ဘက်ထရီက တစ်နေကုန်သုံးစွဲဖို့ လုံလောက်ပါတယ်။ ဒါ့အပြင် ဖုန်းအားဝင်နှုန်းကလည်း မြန်ဆန်မှုရှိပါတယ်။

* Design *

ဖုန်းဒီဇိုင်းပုံစံက ပါးလွှာကျစ်လျစ်ပြီး အလေးချိန်နဲ့ အရွယ်အစားက အနေတော်လေးပါပဲ။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံက ဆွဲဆောင်မှုပိုရှိသလို အကောင်းစားအရည်အသွေးမြင့်ပစ္စည်းတွေနဲ့ တည်ဆောက်ပုံဒီဇိုင်းက အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့သွင်ပြင်ကို ဆောင်နေပါတယ်။ အနောက်ကင်မရာအနေအထားကလည်း iPhone တွေနဲ့ အတူတူပါပဲ။

* Processor *

OPPO F1s (2017) မှာ RAM 4GB ပါရှိတဲ့ Mediatek MT7650 Octa-core 1.5GHz Cortex-A53 processor နဲ့ Mali-T860MP2 GPU တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ပေးနိုင်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပြီး အဆင့်မြင့်ဂိမ်းတွေနဲ့ apps တွေအကုန်လုံးကို အဆင်ပြေပြေ သုံးစွဲနိုင်ပါတယ်။

* Display and Camera *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်မှာပါ။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 16MP ရှိတဲ့ အရည်အသွေးမြင့် အရှေ့ကင်မရာတို့ကလည်း နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေအားလုံးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။

* Verdict *

ဒီလိုပြည့်စုံကောင်းမွန်တဲ့ specs တွေနဲ့ features တွေနဲ့ မြင့်မားတဲ့ စက်စွမ်းဆောင်ရည်ကြောင့် လူကြိုက်များတဲ့ ဖုန်းတစ်လုံးဖြစ်လာပြီး အားလုံးထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဆန်းသစ်တဲ့ features တွေပါတဲ့ နောက်ဆုံးပေါ် အဆင့်မြင့်အရှေ့ကင်မရာပဲ ဖြစ်ပါတယ်။

Specification
» Network : 2G, 3G, 4G (Dual Nano-SIM)
» Weight : 160 g
» Display : 5.5", IPS TFT HD capacitive touchscreen
» Dimensions : 154.5 x 76 x 7.38 mm
» Memory : 64GB, 4GB RAM
» Camera : 13MP Rear Camera, phase detection autofocus
Front : 16MP + Beautify 4.0
» Connectivity : GPS, WLAN, Bluetooth 4.0
» OS : Android OS, v5.1, ColorOS 3.0
» Chipset : MT6750 Octa-core
» GPU : Mali-T860 MP2
» Protection : 2.5D Corning Gorilla Glass 4

Contact Phone - 09-453492457 (OPPO Showroom)

Price - 369,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com