3/07/2017

♪ “Microsoft က အင်တာနက်နှေးကွေးတဲ့နိုင်ငံများအတွက် Skype Lite ကို မိတ်ဆက်” ♫

Image may contain: 1 person, smiling, text

Microsoft က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ ပွဲတစ်ခုကျင်းပ၍ Skype Lite ကို မိတ်ဆက်လိုက်ပါတယ်။ Microsoft ရဲ့ စီအီးအိုဖြစ်သူ Satya Nadella ကိုယ်တိုင်ပွဲကို တက်ရောက်ခဲ့ပါတယ်။ Skype Lite ဟာ အင်တာနက် ဆက်သွယ်မှု နှေးကွေးတဲ့ နိုင်ငံများအတွက် အထူးဖန်တီးထားတဲ့ Voice Call နဲ့ Video Call ပြုလုပ်နိုင်တဲ့ Android App ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Skype ရဲ့ စွမ်းဆောင်ချက်များကို လျှော့ချထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ Skype Lite ဟာ စမတ်ဖုန်းမှာ 13MB လောက် နေရာယူပြီး ဘာသာစကား ၉ မျိုးကို ထောက်ပံ့ပါတယ်။ သူ့မှာ ကုမ္ပဏီ များရဲ့ Chatbots များကိုလည်း ထည့်သွင်း ပေးထားပါတယ်။ SMS Messages များကိုလည်း သူကနေပေးပို့၊ စာပြန်နိုင်ပါ တယ်။ သူ့မှာ မိုဘိုင်းဒေတာ အသုံးပြုမှုကို တိုင်းတာပေးတဲ့ စွမ်းဆောင်ချက် လည်း ပါရှိပါတယ်။ သတင်းများ၊ အားကစားပွဲ ရလဒ်များကို ပြသပေးတဲ့ Chatbots များလည်း ပါပါတယ်။ Microsoft က Skype Bot Platform ကို ယခင်နှစ်က ဖန်တီးခဲ့ပြီး Developers များ Skype မှာ သူတို့ကိုယ်ပိုင် Bots များ ဖန်တီးလို့ရအောင် ပြုလုပ်ပေးခဲ့ပါတယ်။

သူ့အတွက် India Stack APIs များကိုလည်း သုံးနိုင်တဲ့အတွက် အစိုးရအဖွဲ့အစည်းများနဲ့ စီးပွားရေးလုပ်ငန်း များအတွက် Bots များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ခရီးသွားဖို့အတွက် Expedia နဲ့ Skyscanner တို့ရဲ့ Bots များ ကိုလည်း သုံးနိုင်ပါတယ်။ Skype Lite ရဲ့ Android App ကို Google Play Store ကနေ အခမဲ့ရယူ အသုံးပြုနိုင် ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com