Hacker ဆိုတာကအတတ်ပညာတစ်ခုကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင် တတ်မြောက်အောင်လုပ်တာကိုဆို လိုပါတယ်။ ဒါကြောင့်ပညာရပ်နယ်ပယ် တစ်ခုမှာဆရာကြီးအဆင့်ရောက်ေ အာင်ကျွမ်းကျင်တတ်မြောက်သူေ တွကို Hacker (ဟက်ကာ) လို့ခေါ်နိုင်ပါတယ်။ခေတ်သစ်အိုင်တီနဲ့ မိုဘိုင်းလောကကြီး မှာဖြင့်ဟက်ကာဆိုတာပညာရပ်ကျွမ်းကျင်သူ သူတော်ကောင်းမဟုတ်ဘဲ သူယုတ်မာစာရင်းသွင်းခံရပါတယ်။ဟက်ကာဆိုတိုင်းသူယုတ်မာမဟုတ်ဘူး ဆိုတာသိစေချင်လို့ပြောတာပါ။လူညီလို့ဤကို ကျွဲဖတ်နေမှတော့ဟက်ကာကို သူယုတ်မာပဲထားလိုက်ပါတော့။
ကွန်ပျူတာခေတ်တုန်းကဟက်ကာတွေ အွန်လိုင်းချိတ်ထားတဲ့ကွန်ပျူတာထဲ ဖောက်ဝင်ခဲ့ကြပါတယ်။ မိုဘိုင်းခေတ်ရောက်တော့အွန်လိုင်းချိတ်ထားတဲ့ စမတ်ဖုန်းတွေတက်ဘလက်တွေကိုေ ဖာက်ထွင်းကြပြန်ပါတယ်။နောက် လာ မယ့်ခေတ်ကဘာခေတ်လဲ။အင်တာနက် နဲ့အမြဲချိတ်ထားမယ့်ပစ္စည်းေ တွရဲ့ ခေတ်ဖြစ်ပါတယ်။ဒါကြောင့်အဲဒီ ပစ္စည်းတွေကိုIOT (Internet of things) လို့ခေါ်ပါတယ်။IOT တွေဟာဟက်ကာဖောက်ထွင်းဝင်မယ့် နောက်ထပ် လမ်းကြောင်း တွေပါ။ဟက်ကာအဖောက်ခံရမယ့်ပစ္စည်းတွေကိုဒီလိုတွေ့ရ ပါမယ်။
<Smart Watch>
ကမ္ဘာပေါ်မှာSmart Watch တွေစပြီးခေတ်ထလာတာနှစ်နှစ်ေ လာက် တော့ရှိပြီ။ Apple နဲ့Samsung အပါအ၀င်နာမည်ကြီးမိုဘိုင်းပ စ္စည်းကုမ္ပဏီ အတော်များများကSmart Watch ရောင်းအားကိုအကြီးအကျယ်မျှော်လင့်ကြ ပေမယ့် သူတို့ထင်ထားသလိုရောင်းအားမ ကောင်းခဲ့ပါဘူး။Smart Watch ဟာစမတ်ဖုန်းရဲ့အမှီအခိုခံပစ္စည်းဖြစ်နေတာကလည်းအကြောင်းတ စ်ခုဖြစ်နိုင်ပါတယ်။ဒါကြောင့်2G ဆင်းကတ်ထည့်နိုင်တဲ့တရုတ်Sm art Watch တွေ ပေါ်လာလို့အတော်အသင့်ရောင်းအား ရှိလာတာဖြစ်ပါတယ်။Smart Watch မရောင်းရဘူးဆိုပေမယ့်ဟက်ကာမျက် စိကျလာတဲ့အရေအတွက်ထိတော့ ရောင်းနေရပါတယ်။Smart Watch ကတန်သလောက်ပဲရောင်းရတာ ဘာဖြစ်လို့ ဟက်ကာဝင်လာမှာလဲလို့စဉ်းစား စရာရှိပါတယ်။နာမည်ကြီးSmart Watch အတော်များများဟာစမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီးသုံးရတာဖြစ်လို့ ဟက်ကာဝင်နိုင်ခြေရှိတဲ့အကြောင်းပြောရတာပါ။ဟက်ကာကဘယ်လို နည်းနဲ့ တိုက်ခိုက်မှာလဲ။App တွေကတစ်ဆင့်တိုက်ခိုက်မှာဖြ စ်ပါတယ်။Smart Watch တွေမှာပါတဲ့အတွင်းStorage ဟာapp တွေတင်ဖို့တင်မကဘဲdata အတော် အသင့်သိုလှောင်နိုင်အောင်လုံလောက်နေပါပြီ။ဒါ့ပြင်Smart Watch မှာ လုံခြုံရေးစနစ်ဘာမှလုပ်မထား ဘူး။ဒီSmart Watch ကသူများလက်ထဲပါသွား တယ်ဆိုရင်data တွေဖောက်ထွင်းခံရနိုင်ခြေများပါတယ်။
၂၀၁၅ခုနှစ်မှာလုပ်ခဲ့တဲ့သုေ တသနတစ်ခုအရဆိုရင်Smart Watch ထဲမှာ ပါတဲ့motion sensor တွေကိုသုံးပြီးကီးဘုတ်ဒါမှမ ဟုတ်PIN Pad ပေါ်မှာ ဘာစာတွေရိုက်တယ်ဆိုတာကိုrec ord ဖမ်းယူနိုင်တဲ့အကြောင်းတွေ့ ရပါ တယ်။ ဒီလိုထိုးနှက်တိုက်ခိုက်နို င်ခြေဟာဓာတ်ခွဲခန်းအတွင်းစမ်း သပ်ချက်မှာ တွေ့ရတာဖြစ်ပေမယ့်ဟက်ကာတွေတ ကယ်တမ်းကျွမ်းကျင်လာရင်လက်ေ တွ့လောကထဲအထိရောက်လာနိုင်ပါ တယ်။တိုက်ခိုက်နိုင်ခြေတစ်ခုဖြစ်ဖို့ဆိုရင် ပထမဆုံး အချက်အနေနဲ့ဟက်ကာရောအတိုက်ခိုက်ခံရသူပါတစ်မျိုးတစ်စား တည်းသောmodel ကိုပတ်ထားရပါမယ်။ပြီးရင်အတိုက်ခိုက်ခံရသူရဲ့Smart Watch ထဲမှာmalware ၀င်ပြီးသား ဖြစ်နေရပါမယ်။ ဖြစ်နိုင်ခြေနည်းတယ် ဆိုပေမယ့်လုံးဝဖြစ်မလာနိုင် ဘူးလို့မပြောနိုင်ပါဘူး။လော လောဆယ်မှာ motion sensor တွေနဲ့လက်လှုပ်ရှားမှုတွေကြော င့်အန္တရာယ်ဖြစ်နိုင်ခြေနည်း ပေမယ့်၂၀၁၇/ ၁၈မှာSmart Watch နည်းပညာအရမ်းမြင့်လာခဲ့ရင်Smart Watch ပတ်သူတချို့ဟက်ကာရဲ့ထောင်ချောက်ထဲရောက်နိုင်ပါတယ်။
ဟုတ်ကောဟုတ်လို့လားဗျာ။TV တွေကရုပ်မြင်သံကြားကြည့်ဖို့ လောက်သုံး တာ။ဒါက မြန်မာပြည်ကလူတွေအပြောလေ။ နိုင်ငံတကာမှာ TV တွေက Smart TV တွေဖြစ်နေပြီ။ သူ့ဘာသာအင်တာနက် ချိတ်ပြီးအွန်လိုင်းရုပ်ြ မင်သံကြား ကြည့်နိုင်တာရှိသလိုChrome Cast တို့လိုMedia Streamer တွေကတစ်ဆင့် အွန်လိုင်းဝင်နိုင်တာလည်းရှိတယ်။ စမတ်ဖုန်းကတစ်ဆင့် အွန် လိုင်းချိတ်နိုင်တာလည်းရှိ တယ်။
အရင်တုန်းကTV တွေဟာအွန်လိုင်းချိတ်နိုင်တ ယ်ဆိုတာတောင်သူများ ပစ္စည်း ထဲကApp တွေကိုအားကိုးပြီးလုပ်ခဲ့ရတာပါ။၂၀၁၆ထဲမှာSmart
TV တွေဟာ App တွေတစ်ပြုံကြီးinstall လုပ်ပြီးပါလာပြီ။အဲဒီApp တွေသုံးပြီး
အင်တာနက် လည်းချိတ်နိုင်ပြီ။Smart TV တွေဈေးကျလာပြီဆိုရင်ကမ္ဘာအနှံ့က၀ယ် သုံးကြမယ်။ ဒါဟာဟက်ကာတွေထိုးနှက်ဖို့မျ က်စိကျလာနိုင်တဲ့အခြေအနေ တစ်ခုဖြစ်ပါတယ်။TV ကတစ်ဆင့်ထိုးဖောက်ခံနိုင်ြေ ခဟာအဲဒီTV ဟာ ဘယ်လောက်ထိနည်းပညာမြင့်ပြီး အဆင့်မြင့်မြင့်အလုပ်လုပ်နိုင်သလဲဆိုတာနဲ့TV ပေါ်ကfeature တွေကိုဘယ်လောက်အထိသုံးသလဲဆိုတဲ့အချက်တွေပေါ် မူတည်ပါတယ်။အခုတွေ့နေရတဲ့Sm art TV အများစုမှာbrowser ပါနေ တယ်။အကာအကွယ်လုပ်မထားတဲ့wir eless network သုံးမယ်ဆိုရင် အန္တရာယ် ရှိပါတယ်။ကိုယ့်ရဲ့Password နဲ့credit card data ကိုဟက်ကာက အနံ့ခံနိုင်ပါတယ်။အနိမ့်ဆုံး အနေနဲ့ဟက်ကာဟာကိုယ့်ရဲ့bro wsing history ကိုရသွားနိုင်တယ်။ဒါလည်းအန္တ ရာယ်ရှိတာပဲ။တချို့TV တွေဟာAndroid OS သုံးပြီးအလုပ်လုပ်တာမျိုးလည်းရှိတယ်။ဒါဆိုရင်သူနဲ့ချိတ်မယ့်Android စမတ်ဖုန်းတွေအန္တရာယ်ရှိတယ်။ Android OS သုံးထားတဲ့Smart TV ကိုယ်တိုင်အန္တရာယ်ရှိပါတယ်။ လက်တွေ့လောကထဲမှာransomware စွဲနေတဲ့ Smart TV ကိုတောင်သရုပ်ပြလို့ရနေပါပြီ။ ပြန်ပေးကြေးသိပ်မတောင်းဘူး ဆိုရင်ရုပ်မြင်သံကြားစက်ပို င်ရှင်တွေကသူတို့ကြည့်ချင်တဲ့ဇာတ်လမ်းတွဲတွေ၊ ဘောလုံးပွဲတွေကိုအချိန်မီကြ ည့်ရမယ့်အရေအတွက် ပြန်ပေးကြေးအနည်း အပါး ပေးလိမ့်မယ်ထင်ပါတယ်။
Linux OS စနစ်အခြေခံထားတဲ့OS ကိုသုံးတဲ့Smart TV တွေမှာroot ဖောက်လို့ရတယ်ဆိုတာလည်းသုတေ သီတွေကလက်တွေ့လုပ်ပြခဲ့ပြီး ပြီ။ malware စွဲနေတဲ့မင်မိုရီစတစ်တစ်ချောင်းကိုTV မှာထိုးစွပ်လိုက်တာနဲ့အဲဒီT V ရဲ့home network မှာဝင်ချိတ်မယ့်device တွေအားလုံးဟာအန္တရာယ်ရှိလာ ပါတယ်။Voice - to text ကိုstreaming နည်းနဲ့သုံးမယ်ဆိုရင်အဲဒါကိုဟက်ကာ ကကြားဖြတ်ပြီးယူသွားနိုင်တယ် ဆိုတာလည်းသတိထားပါ။Remote control ကတစ်ဆင့်သုံးမယ့်voice command တွေအတွက်လည်းအန္တရာယ်ရှိပါတယ်။
<e-cigarette>
ဆေးလိပ်ဖြတ်ဖို့သုံးတဲ့ဒစ်ဂျစ်တယ်စီးကရက်အတုတွေကနေဟက်ကာလာနိုင်တယ်။ဟုတ်လို့လားဗျာ ။တကယ်ကို ဖြစ်နိုင်ခြေတွေရှိနေပါပြီ။ ဒစ်ဂျစ်တယ် စီးကရက်တွေဟာအခုနောက်ပိုင်း မှာUSB port ကနေအားသွင်းလာပါတယ်။ ဒစ်ဂျစ်တယ်စီးကရက်ထုတ်လုပ်တဲ့လူမသမာရင်ကိုယ့်ရဲ့networ k ထဲ ဟက်ကာ ရောက်လာနိုင်ပါတယ်။ဒစ်ဂျစ်တ ယ်စီးကရက်ကိုပစ္စည်းတစ်ခု အနေနဲ့ပဲလူတွေကသိထားပြီးနော က်ပိုင်းစီးကရက်တွေမှာစက်လည်ပတ်စနစ်အသေးထည့်လာတာလူတွေမသိကြပါဘူး။ စီးကရက်ထုတ်လုပ်တဲ့ရင်းမြစ် ကနေmalware ထည့်လွှတ်လိုက်မယ်ဆိုရင်အဲဒီဒစ်ဂျစ်တယ် စီးကရက်ဟာ malware စွဲနေပါမယ်။သာမန်အိမ်သုံးမီးမှာUSB ကြိုးနဲ့အားသွင်းရင်ဘာ ပြဿနာမှ မရှိပေမယ့်ဖွင့်ထားတဲ့Lapto p ကွန်ပျူတာကUSB Port မှာ တိုက်ရိုက်အားသွင်းမယ်ဆိုရင် ပြဿနာကရှိလာနိုင်ပါတယ်။e-ci garette အားသွင်းရာကတစ်ဆင့်malware ကူးတဲ့Laptop ကွန်ပျူတာတွေတွေ့နေရ ပါပြီ။ကွန်ပျူတာထဲမှာmalwar e ရှိရင်လည်းe-cigaretteထဲကူး မယ်။အဲဒီက တစ်ဆင့် တခြားကွန်ပျူတာတွေဆီ ဖြန့်နိုင်ခြေရှိပါတယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ကွန်ပျူတာခေတ်တုန်းကဟက်ကာတေ
<Smart Watch>
ကမ္ဘာပေါ်မှာSmart Watch တွေစပြီးခေတ်ထလာတာနှစ်နှစ်ေ
၂၀၁၅ခုနှစ်မှာလုပ်ခဲ့တဲ့သုေ
ဟုတ်ကောဟုတ်လို့လားဗျာ။TV တွေကရုပ်မြင်သံကြားကြည့်ဖို
အရင်တုန်းကTV တွေဟာအွန်လိုင်းချိတ်နိုင်တ
Linux OS စနစ်အခြေခံထားတဲ့OS ကိုသုံးတဲ့Smart TV တွေမှာroot ဖောက်လို့ရတယ်ဆိုတာလည်းသုတေ
<e-cigarette>
ဆေးလိပ်ဖြတ်ဖို့သုံးတဲ့ဒစ်ဂ
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com