3/05/2017

♪ " Apple က iPhone 7 Plus မီးလောင်မှုကို စုံစမ်းနေ " ♫

Image may contain: one or more people, phone and text

အမေရိကန်ပြည်ထောင်စု အရီဇိုးနားမှ အသက် ၁၈ နှစ်အရွယ် Brianna Olivas အမည်ရ အမျိုးသမီးငယ်ဟာ သူမရဲ့ iPhone 7 Plus မီးလောင်နေတဲ့ ဗီဒီယိုကို Twitter မှာတင်ခဲ့ရာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး မျှဝေမှုပေါင်း ၂၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ Apple ကလည်း နာမည်ကြီးနေတဲ့ဗီဒီယိုကို သိရှိခဲ့ပြီးနောက်မှာ iPhone 7 Plus မီးလောင်ရတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ အမျိုးသမီးငယ်ကို ဆက်သွယ်ခဲ့ပါတယ်။

Apple က Olivas ကို iPhone 7 Plus အသစ်တစ်လုံးပေးခဲ့ပြီး တစ်ပတ်အတွင်းမှာ မီးလောင်ရတဲ့အကြောင်းအရင်းကို အဖြေပေးမယ်လို့ ပြောပါတယ်။ Olivas ဟာ Official Apple Charger ကိုသာအသုံးပြုတယ်လို့ ပြောပါတယ်။ ဖုန်းမီးလောင်မှုမဖြစ်ခင်တစ်ရက်က သူမဟာ ဖုန်းပါဝါဖွင့်မရ တာကြောင့် Apple Store ကို သွားပြခဲ့ပါတယ်။ ၀န်ထမ်းက စစ်ဆေးပြီး ပြဿနာမရှိတာကြောင့် အိမ်ကို ပြန်ယူလာခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာ ဖုန်းကိုအားသွင်းရင်း အိပ်ပျော်နေခဲ့ပါတယ်။ သူမရဲ့ ချစ်သူဖြစ်သူက ဖုန်းကနေ မီးခိုးငွေ့များထွက်နေတာကိုတွေ့ပြီး ဖုန်းကို ရေချိုးခန်းထဲ ပစ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ ဖုန်းဟာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ 

ဖုန်းများရဲ့ ဘက်ထရီများမှာ ချွတ်ယွင်းချက်များပါလာနိုင်တဲ့အတွက် အိပ်ယာဘေးနားမှာထား၍ မအိပ်သင့်ဘူးလို့ ပညာရှင်များက ပြောကြပါတယ်။ Olivas ဟာ ဖုန်းကို အားသွင်းရင်း အိပ်ယာဘေးမှာ ထားအိပ်တဲ့အချိန်မှာ ဖုန်းမီးလောင်ခဲ့တာဖြစ်ပါတယ်။ ဖုန်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com