Lenovo Vibe S1 Lite ဟာ သူ့အတန်းအစားထဲမှာ အလွန်သုံးစွဲလို့ကောင်းတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ပဲဖြစ်ပါတယ်။ ပေးရတဲ့ဈေးနှုန်းထက် ပိုမိုထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေကိုရရှိနို င်ပြီး ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းကလည်း အဆင့်မြင့်ဖုန်းတွေအတိုင်းပါပဲ။ ကိုယ်ထည်ကို ပလပ်စတစ်နဲ့ ပြုလုပ်ပေးထားတဲ့အတွက် ပေါ့ပါးမှုရှိပြီး ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့် Lenovo Vibe S1 ကို လူတိုင်းကိုင်နိုင်တဲ့ဈေးနှုန်းနဲ့ Lite version အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းနဲ့ သုံးထားတဲ့ပစ္စည်းတွေကလွဲပြီး ကျန်တာတွေတော်တော်များများက Vibe S1 နဲ့ သိပ်မကွာပါဘူး။ ၄င်းဟာ အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်ပေမယ့်လ ည်း
အဆင့်မြင့်စမတ်ဖုန်းတွေမှာ သုံးနေကျ full HD Screen, 8 Core mobile CPU
နဲ့ 13MP ရှိတဲ့ အနောက်ကင်မရာတို့ကို ထည့်သွင်းထားပါတယ်။ GSM, HSPA နဲ့ LTE
networks တွေကို ထောက်ပံ့ထားပြီး Nano SIM card 1 ကတ်နဲ့ Micro SIM card 1
ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 145 x 71 x
8.6 mm ရှိပြီး 129g အလေးချိန်လေးပါတယ်။
နောက်ကျောဘက်မှာ အနောက်ကင်မရာ၊ dual LED Flash နဲ့ အောက်ဘက်မှာ Lenovo logo တို့ကို တွေ့မြင်နိုင်ပါတယ်။ အရှေ့ဘက်မှာ အရှေ့ကင်မရာ၊ LED Flash နဲ့ Light Sensor တို့ပါရှိပြီး အောက်ဘက်မှာတော့ ထုံးစံအတိုင်း capacitive keys 3 ခုပါရှိပါတယ်။ SIM card tray က ဘယ်ဘက်ဘောင်နဲ့ အသံအတိုးအကျယ်ခလုတ်၊ ပါဝါခလုတ်တွေက ညာဘက်ဘောင်မှာ အသီးသီးတည်ရှိပါတယ်။ မျက်နှာပြင်အကျယ် 5 လက်မရှိတဲ့ IPS LCD Capacitive touchscreen display ကိုသုံးထားပြီး full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ 1 လက်မမှာ ~441 ppi pixels သိပ်သည်းဆပမာဏကို ရရှိနိုင်မှာပါ။
ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး Lenovo ရဲ့ custom UI ကိုသုံးထားပါတယ်။ ထုံးစံအတိုင်း ၄င်းမှာ App Drawer မပါရှိဘဲ Apps တွေအကုန်လုံးကို home screen မှာပဲ ထားပေးထားပါတယ်။ အထဲမှာအသုံးဝင်တဲ့ Pre-installed apps တွေတော်တော်များများပါရှိပြီး
SHARE app က micro SD card ဒါမှမဟုတ် Cloud Service နဲ့ sychronize
လုပ်ဖို့အတွက် SYNCit နဲ့ devices တွေကြားထဲမှာ Data တွေကို
ကူးပြောင်းနိုင်ပါတယ်။ ဒါ့အပြင် Evernote, UC Browser, WPS Office, Flash
Light နဲ့ File Manager တို့ ပါရှိပါသေးတယ်။ နောက်ထပ်နှစ်သက်စရာကောင်းတဲ့ အချက်က
BSI Sensor ကိုသုံးထားပြီး 13 MP, f/2.2 aperture စွမ်းအားရှိတဲ့
အနောက်ကင်မရာပဲဖြစ်ပြီး Voice Capture, Gesture Shot စတဲ့ Standard
Options တွေလည်း ပံ့ပိုးထားပါတယ်။
အရှေ့ကင်မရာက 8MP resolution, 1/3.2-inch Sensor နဲ့ f/ 2.2
aperture တို့ပါရှိပြီး LED Flash မီးကြောင့် ကြည်လင်ပြတ်သားတဲ့ selfie
ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Data တွေသိမ်းဆည်းဖို့အတွက် internal
memory 16GB ပါရှိတဲ့အပြင် micro SD card ကိုလည်း ထပ်စိုက်သုံးနိုင်ပါတယ်။
ဒါ့အပြင် ဖုန်းလုပ်ဆောင်ချက်တွေအတွက် RAM 2GB ပါရှိတဲ့ Octa-core Mediatek
MT6753 processor ကို အသုံးပြုထားပြီး Mali-T720 graphics card
ကိုထောက်ပံ့ထားပါတယ်။ ဒါကြောင့် ဂိမ်းတွေနဲ့ apps တွေအကုန်နီးပါးကို run
နိုင်တဲ့အပြင် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်တဲ့အခါတွေမှာ ပီပီသသသဘာဝကျတဲ့ ရုပ်သံတွေကို တွေ့ကြုံခံစားရမှာပါ။
ဒါတင်မကသေးပဲ ဘက်ထရီစွမ်းအားကို ခြွေတာသုံးစွဲနိုင်တဲ့ Battery Saver နဲ့ Extreme Power Saving Modes တွေလည်းပါရှိတာမို့ ခရီးရက်ရှည်သွားတဲ့အခါတွေမှာ
အလွန်အသုံးဝင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ features တွေနဲ့ specs
တွေကိုထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းမျိုးကတော့ ရှားပါတယ်။ ဒါကြောင့်
ဈေးနှုန်းသက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါး ကိုင်တွယ်သုံးစွဲချင်တဲ့သူေ တွကတော့ ဒီဖုန်းလေးက အဆင်ပြေမှာ သေချာပါတယ်။
* Battery Life *
ဘက်ထရီစွမ်းအားအနေနဲ့ကို Non-removable Li-Po 2700mAh battery ကိုအသုံးပြုထားပြီး နာရီပေါင်း 18 နာရီကျော်ကြာ ဖုန်းဆက်တိုက်ပြောဆိုနိုင်ပါတယ်။ Standby mode နဲ့သုံးမယ်ဆိုရင်လည်း နာရီပေါင်း 225 နာရီကျော် ထားသုံးနိုင်ပါတယ်။
* Design *
ဖုန်းတည်ဆောက်ပုံဒီဇိုင်းက လှပပြီး ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ပြုလုပ်ထားလို့ အလွန်ပေါ့ပါးတဲ့ ဖုန်းတစ်လုံးပါ။ အနောက်ဘက်မှာပါရှိတဲ့ curved rear panel က ဖုန်းကို ပိုမိုကြည့်ကောင်းစေပြီး အားလုံးက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေး တည်ရှိနေတာကြောင့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး အသွင်ကို ဆောင်နေပါတယ်။
* Processor *
Vibe S1 Lite မှာ RAM 2GB ပါရှိတဲ့ Octa-core Mediatek MT6753 processor နဲ့ Mali-T720 GPU တို့က အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ် ။ ဒါကြောင့် ဂိမ်းကစားတာတွေနဲ့ apps အသုံးပြုနေတဲ့အချိန်တွေမှာလ ည်း စက်ဟမ်းသွားခြင်းတွေ မဖြစ်စေနိုင်ပါဘူး။
* Display and Camera *
IPS capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 5 လက်မအကျယ်ရှိတဲ့ မျက်နှာပြင် 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာကလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။
* Verdict *
Lenovo Vibe S1 Lite ဟာ Lite version ဖြစ်ပေမယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ရဲ့
အသွင်အပြင်တွေနဲ့ features တွေရှိပါတယ်။ ထောက်ပံ့ထားတဲ့ specs တွေနဲ့
features တွေကလည်း သင့်ကို ဖမ်းစားထားနိုင်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးကေ တာ့ သူရဲ့ဈေးနှုန်းလေးပဲဖြစ်ပါတ ယ်။
Specification
» Network : 2G, 3G, 4G (Dual-SIM)
» Weight : 129 g
» Display : 5.0", IPS LCD capacitive touchscreen
» Dimensions : 145 x 71 x 8.6 mm
» Memory : 16GB, 2GB RAM
» Camera : 13MP, Front : 8MP, phase detection autofocus,
dual-LED (dual-tone) flash, Geo-tagging, touch focus,
face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB v2.0
» OS : Android OS, v5.1 (Lollipop)
» Chipset : Mediatek MT6753
» GPU : Mali-T760 MP2
» Features : Accelerometer, proximity, compass
Contact Phone - 01-384109 (DCD)
Price - 160,000 Ks (Blue)
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်
နောက်ကျောဘက်မှာ အနောက်ကင်မရာ၊ dual LED Flash နဲ့ အောက်ဘက်မှာ Lenovo logo တို့ကို တွေ့မြင်နိုင်ပါတယ်။ အရှေ့ဘက်မှာ အရှေ့ကင်မရာ၊ LED Flash နဲ့ Light Sensor တို့ပါရှိပြီး အောက်ဘက်မှာတော့ ထုံးစံအတိုင်း capacitive keys 3 ခုပါရှိပါတယ်။ SIM card tray က ဘယ်ဘက်ဘောင်နဲ့ အသံအတိုးအကျယ်ခလုတ်၊ ပါဝါခလုတ်တွေက ညာဘက်ဘောင်မှာ အသီးသီးတည်ရှိပါတယ်။ မျက်နှာပြင်အကျယ် 5 လက်မရှိတဲ့ IPS LCD Capacitive touchscreen display ကိုသုံးထားပြီး full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ 1 လက်မမှာ ~441 ppi pixels သိပ်သည်းဆပမာဏကို ရရှိနိုင်မှာပါ။
ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး Lenovo ရဲ့ custom UI ကိုသုံးထားပါတယ်။ ထုံးစံအတိုင်း ၄င်းမှာ App Drawer မပါရှိဘဲ Apps တွေအကုန်လုံးကို home screen မှာပဲ ထားပေးထားပါတယ်။ အထဲမှာအသုံးဝင်တဲ့ Pre-installed apps တွေတော်တော်များများပါရှိပြ
အရှေ့ကင်မရာက 8MP resolution, 1/3.2-inch Sensor နဲ့ f/
ဒါတင်မကသေးပဲ ဘက်ထရီစွမ်းအားကို ခြွေတာသုံးစွဲနိုင်တဲ့ Battery Saver နဲ့ Extreme Power Saving Modes တွေလည်းပါရှိတာမို့ ခရီးရက်ရှည်သွားတဲ့အခါတွေမှ
* Battery Life *
ဘက်ထရီစွမ်းအားအနေနဲ့ကို Non-removable Li-Po 2700mAh battery ကိုအသုံးပြုထားပြီး နာရီပေါင်း 18 နာရီကျော်ကြာ ဖုန်းဆက်တိုက်ပြောဆိုနိုင်ပ
* Design *
ဖုန်းတည်ဆောက်ပုံဒီဇိုင်းက လှပပြီး ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ပြုလုပ်ထားလို့ အလွန်ပေါ့ပါးတဲ့ ဖုန်းတစ်လုံးပါ။ အနောက်ဘက်မှာပါရှိတဲ့ curved rear panel က ဖုန်းကို ပိုမိုကြည့်ကောင်းစေပြီး အားလုံးက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေး တည်ရှိနေတာကြောင့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး
* Processor *
Vibe S1 Lite မှာ RAM 2GB ပါရှိတဲ့ Octa-core Mediatek MT6753 processor နဲ့ Mali-T720 GPU တို့က အဆင့်မြင့်စမတ်ဖုန်းတစ်လုံး
* Display and Camera *
IPS capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 5 လက်မအကျယ်ရှိတဲ့ မျက်နှာပြင် 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာကလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။
* Verdict *
Lenovo Vibe S1 Lite ဟာ Lite version ဖြစ်ပေမယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး
Specification
» Network : 2G, 3G, 4G (Dual-SIM)
» Weight : 129 g
» Display : 5.0", IPS LCD capacitive touchscreen
» Dimensions : 145 x 71 x 8.6 mm
» Memory : 16GB, 2GB RAM
» Camera : 13MP, Front : 8MP, phase detection autofocus,
dual-LED (dual-tone) flash, Geo-tagging, touch focus,
face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB v2.0
» OS : Android OS, v5.1 (Lollipop)
» Chipset : Mediatek MT6753
» GPU : Mali-T760 MP2
» Features : Accelerometer, proximity, compass
Contact Phone - 01-384109 (DCD)
Price - 160,000 Ks (Blue)
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com