3/19/2017

♪ “Huawei P10 Redefine Modern Portraiture” ♫

Image may contain: 1 person, text

Huawei က MWC မှာစွမ်းဆောင်ရည်မြင့် P10 နဲ့ P10 Plus စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ MWC ဖွင့်ပွဲနေ့မတိုင်မီ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ P10 နဲ့ P10 plus မိတ်ဆက်ပွဲကို သီးသန့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အသစ် မိတ်ဆက်လိုက်တဲ့ P10 နဲ့ P10 Plus က 4.5G အထိ အသုံးပြုနိုင်သလို ကင်မရာပိုင်း ဦးစားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ P10 ရဲ့ အနောက်ဘက်မှာ 20MP Camera 2 လုံးနဲ့အရှေ့ဘက်မှာ 12MP Camera 1 လုံးတပ်ဆင်ထားပါတယ်။ ကင်မရာများကို Leica က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ P10 မှာ ၅.၁ လက်မ Full HD Display, Huawei Kirin 960 Octa-Core CPU, 4GB RAM, 64GB Internal Storage, 3200mAh Battery, Anroid 7.0 တပ်ဆင်ထားပါတယ်။ P10 Plus နဲ့ P10 ဟာ Specification များစွာ တူညီကြပါတယ်။ ကွဲပြားချက်မှာ P10 Plus မှာ 128GB Storage နဲ့ 6GB RAM တပ်ဆင်ထားတာဖြစ်ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကို အရှေ့ဘက်မျက်နှာပြင်အောက်ကို ပြောင်းရွှေ့ထားပါတယ်။ စမတ်ဖုန်းများရဲ့ ကင်မရာစွမ်းရည်ဟာ အလွန်ကောင်းမွန်ပါတယ်။ P10 ရဲ့တချို့ လုပ်ဆောင်ချက်တွေဟာ မျိုးဆက်သစ် Mate series နဲ့အလွန်ဆင်တူတာကို လည်း တွေ့ရပါတယ်။ Huawei ကနောက်ထပ်ပူးပေါင်းမှုအသစ်အဖြစ် Pantone နဲ့ ချိတ်ဆက်ပြီး အဖြူ၊ ရွှေ၊ အနက်၊ ငွေ၊ နှင်းဆီရွှေရောင်များအပြင် အစိမ်းနဲ့ အပြာအရောင်အသစ်များကို လည်းထုတ်လုပ်ပေးထားပါတယ်။ P10 ကိုယူရို ၆၄၉ ၊ P10 Plus 64GB ကိုယူရို ၆၉၉ နဲ့ P10 Plus 128GB ကိုယူရို ၇၉၉ သတ်မှတ်ထားပါတယ်။ ဒီတစ်ပတ်အတွက်တော့ P series အသစ်ရဲ့ လုပ်ဆောင်ချက်တွေအ ကြောင်းလေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ် . .

<ဒီဇိုင်း>

P10 မှာတော့ ၅.၁ လက်မမျက်နှာပြင်နဲ့ဖြစ်ပြီး Color InstituteTM နှင့် အထူးမိတ်ဖက်ဖြစ်သည့်အားလျော်စွာ ခေတ်ပေါ် အရောင်များနှင့်ဖုန်းများကို ထုတ်လုပ်လိုက်ပြီဖြစ်သည့်အပြင်အများနှင့်မတူသည့် Hyper Diamond-Cut အချောသတ်ပုံစံအတွက် အထူးဖန်တီးထားသည် ကိုလည်းတွေ့ရှိရမှာဖြစ်ပါ တယ်။ Huawei P စီးရီး၏ အပိုင်းကဏ္ဍတစ်ခုဖြစ်သည့် ပါးလွှာ၍ အစွန်းကွေး ပုံစံကိုလည်း HUAWEI P10 နှင့် P10+ တွင် ထပ်မံတွေ့ရှိရဦးမည်ဖြစ်ပါ သည်။ အလွန်ကောင်းမွန်သော Diamond-Cut အနားသတ်ဖြင့် Ceramic White နှင့် Dazzling အရောင်များရရှိနိုင်သလို sandblast အနားသတ်ဖြင့် Prestige Gold ၊ Graphite Black၊ Rose Gold နှင့် Mystic Silver အရောင်များ ရရှိနိုင်ပါသည်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ sim ကို single နဲ့ dual-sim ဆိုပြီးမိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ P10 ကို အလွန်ပါးလွှာအောင် ဒီဇိုင်းထုတ်ထားပြီး အလွန်ကြည်လင်ပြတ်သားတဲ့ 2.5D Glass Screen တပ်ဆင်ထားပါတယ်။

<စွဲဆောင်မှုရှိတဲ့ ဓာတ်ပုံနည်းပညာ>

Huawei P10 ဟာအလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံများကိုဖမ်းယူပေးပါ တယ်။ သူ့ရဲ့ဒုတိယမျိုးဆက် Leica Dual Camera က ဘယ်တုန်းကမှ မရခဲ့ ဖူးတဲ့အသေးစိတ်ကျတဲ့ ဓာတ်ပုံများကိုရိုက်ကူးနိုင်ပါတယ်။ Kirin 960 နှင့် တွဲဖက်ပါဝင်လာသည့် ISP သည် ပတ်ဝန်းကျင်ပြောင်းလဲမှု အနေအထားနှင့် မျက်နှာပြင်အနေအထား ကို အချိန်နှင့်တပြေးညီ ကိုက်ညီအောင် ရယူပေးနိုင် စွမ်းရှိပါသည်။

<ဒုတိယမျိုးဆက် Leica Dual Camera>

P10 မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor 2 လုံးကို အနောက်ဘက်မှာ ပူးတွဲတပ်ဆင် ထားတဲ့ ဒုတိယမျိုးဆက် Leica Dual Camera ပါပါတယ်။ RGB Sensor က အရောင်စုံရိုက်ကူးပေးနိုင်ပြီး Monochrome Sensor ကအသေးစိတ်ကျစွာဖမ်းယူပေးပါတယ်။ HUAWEI P10 နှင့် P10+ တွင်ပါရှိသည့် Studio-like Portrait Enhancements ရုပ်ပုံ နည်းပညာသည် အမျိုးမျိုးသောမျက်နှာသွင်ပြင်နှင့် အသားအရည် အရောင်တို့ ပေါ်မူတည်၍ အဆင့်မြှင့်တင်ပေးထားသည့် နည်းပညာတစ်ခုဖြစ် ပါသည်။ မျက်နှာအနေအထားနှင့် အသားအရေ၊ အရောင်အသွေးတို့ကို သေချာနားလည်ခြင်းနှင့်အတူ Portrait လုပ်ဆောင်ချက်က မိမိစိတ်ကြိုက် ဖြစ်နိုင်သလို သဘာဝကျကျပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ 2.0 Pro Edition တွင် SUMMILUX-H Leica မှန်ဘီလူးများပါရှိပြီး ပိုမိုကြီးမားသည့် F/1.8 အလင်းဝင်ပေါက်က အလင်းအားနည်းသည့် အခြေအနေများတွင် အလင်းတိုး ထည့်ပေးနိုင်ရန် လုပ်ဆောင်ပေးပါသည်။

<Leica အရည်အသွေးဓာတ်ပုံ>

စွမ်းဆောင်ရည်မြင့် ကင်မရာက ဓာတ်ပုံတိုင်းကို Leica စံနှုန်းနဲ့ ကိုက်ညီစေပါ တယ်။ P10 မှာဓာတ်ပုံရိုက်ကူးတဲ့ စွမ်းရည်များစွာပါတဲ့အတွက် ဘယ်လိုအချိန် မှာ ဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်အရည်အသွေးဓာတ်ပုံများကိုဖမ်းယူ ပေးပါ တယ်။

<Hybrid Zoom>

ကောင်းမွန်တဲ့ Hybrid Zoom စွမ်းရည်ပါတဲ့အတွက် P10 က Leica အရည်အသွေးဓာတ်ပုံများကို Focal Length ကြီးကြီးဖြင့် ရိုက်ကူးပေးပါတယ်။

<Refocusing စွမ်းရည်>

လူနဲ့အရာဝတ္ထုများကို ဓာတ်ပုံရိုက်ကူးပြီးမှနောက်ခံကို Blur လုပ်နိုင်ပါတယ်။ အဲဒီအတွက် အဓိကကျတဲ့ လူနဲ့ အရာဝတ္ထုများကိုထင်ရှားစွာမြင်ရမှာပါ။ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးမှ Focus ကိုနောက်မှာအေးအေးဆေးဆေး လုပ်နိုင် ပါတယ်။

<Autofocus ပါတဲ့ 8MP Selfie Camera>

P10 မှာ Autofocus ပါတဲ့ 8MP Selfie Camera ပါပါတယ်။ ကင်မရာမှာ စွမ်းဆောင်ချက်များစွာပါတဲ့အတွက် Selfie များကိုလျင်မြန်စွာရိုက်ကူးနိုင်ပါ တယ်။ သင်ပြုံးလိုက်တာနဲ့ ကင်မရာကဓာတ်ပုံရိုက်ပေးဖို့သတ် မှတ်နိုင်ပါ တယ်။ မျက်နှာကိုလှပစွာရိုက်ကူးပေးတဲ့ စွမ်းရည်ကသင့်မျက်နှာကိုအာရုံခံပြီး လှပမှုများကို ဖြည့်စွက်ပေးပါ တယ်။ ရှေ့ကင်မရာ၏ ဆင်ဆာသည်လည်း အလင်းအားနည်းသည့် အနေအထားတွင် ရိုက်ကူးသည့်အခါတွင် တောင် အကောင်းဆုံးရုပ်ထွက်ရရှိစေရန် ပုံအရည်အသွေးကိုတိုးမြှင့်ပေးပါသည်။ 3D Facial Detection လုပ် ဆောင်ချက်ကြောင့် ပိုမိုတိကျ၍ပြီးပြည့်စုံသည့် Selfie ပုံများ ရရှိစေမှာဖြစ်ပြီး အသေးစိတ်နုတ်ပေါင်း ၁၉ဝကျော် ဖြင့် မျက်နှာပြင် ဖတ်ရှုရေးစနစ် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။

<အံ့မခန်းအမြန်နှုန်း>

Huawei P10 မှာ Kirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့အတွက် အမြန်နှုန်းကတော့အံ့မခန်းပါပဲ။ Hardware နဲ့ Software တို့ သင့်တင့်အချိုးကျစွာ ပူးပေါင်းအလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကြောင့် Huawei P10 ဟာအလွန်လျင်မြန်နေပါတယ်။ Kirin 960 Processor တပ်ဆင်ထားတဲ့အတွက် Apps များအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း နဲ့ HD Games များကစားခြင်းတို့ ပြုလုပ်ရင် စွမ်းဆောင်ရည်အလွန် ကောင်းမွန် ပါတယ်။ CPU ပိုင်းမှာတော့ Core A73 2.4GHz လေးလုံးနဲ့ Core A53 1.8GHz လေးလုံးတပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ARM Cortex A73 CPU ကိုအသုံးပြုထားပါတယ်။ စွမ်း ဆောင်ရည်အပိုင်းမှာ ၁၈ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G71 Octa-Core GPU က စွမ်းဆောင်ရည်ကို ၁၈ဝ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။ LPDDR4 RAM အသစ်ကအမြန်နှုန်းကို ၄ဝ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။ UFS 2.1 Flash Memoryအသစ်ကြောင့် ဒေတာကူးပြောင်း မှုအမြန် နှုန်းဟာ eMMC 5.1 ထက် ၁ဝဝ ရာခိုင်နှုန်းပိုမိုမြန်စေပါတယ်။ 3D API ကြောင့် Vulkan Graphics Library က ဂိမ်းကစားတဲ့အခါမှာ အသေးစိတ်ကျတဲ့ပုံရိပ်များ အတွက် ဖရိမ်နှုန်းကို ၂ ဆ ထုတ်လုပ်ပေးပါတယ်။ Huawei ရဲ့ဆန်းသစ်တဲ့ Machine Learning Algorithm က အသုံးပြုသူရဲ့ အမူအကျင့်များကိုလေ့လာ မှတ်သားထားပြီး CPU, RAM,ROM တို့ရဲ့အလုပ်များကိုဦးစားပေးစနစ်ဖြင့် လုပ်စေတဲ့အတွက်စွမ်းဆောင်ရည်တိုးတက်စေပါတယ်။

<Smart Anticipation>

Huawei P10 က App ဦးစားပေးစနစ်ကိုတည်ဆောက်ဖို့ အသုံးပြု သူရဲ့ အမူအကျင့်များကို အလိုအလျောက် သင်ယူမှတ်သားထားပါတယ်။ သူ့ရဲ့ နည်းပညာက စွမ်းအင်အရင်းအမြစ်ကိုအဆင်သင့်ဖြစ်ဖို့ အသုံးပြုသူရဲ့ နောက်လုပ်မယ့်အလုပ်ကိုတွက်ချက်ပေးပါတယ်။ လုပ်ဆောင်ချက်များကို Cloud မှာမလုပ်ဘဲ ဖုန်းမှာလုပ်တဲ့ အတွက် စွမ်းရည်နဲ့လုံခြုံမှုအပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။

<Smart Resource Allocation>

Huawei P10 က စွမ်းဆောင်ရည်ကောင်းမွန်ဖို့အတွက် CPU, RAM, ROM တို့ကိုဦးစားပေးစနစ်သတ်မှတ်ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကို အလိုအလျောက် စီမံခန့်ခွဲပါတယ်။ နောက်ကွယ်မှာ Run နေတဲ့ စွမ်းအင် သုံးမှုများတဲ့ Apps များကိုပိတ်ပေးပါတယ်။ CPU ရဲ့ တွက်ချက်မှုကို တိုးတက် စေပါတယ်။ RAM အတွက် မန်မိုရီကိုလှည့်ပတ်ရှင်းလင်းပေးပါတယ်။ အသုံးများတဲ့ Apps များအတွက် မန်မိုရီများကိုဖန်တီးပေးပါတယ်။ ROM မှာလည်း Storage များတဲ့အတွက် အလုပ်များကိုတွင်ကျယ်စွာ လုပ်နိုင်ပါ တယ်။

<ဘက်ထရီ>

Huawei P10ရဲ့ ဘက်ထရီသက်တမ်းကအံ့မခန်းပါပဲ။ သင့်တင့်ကောင်းမွန်တဲ့ အရွယ်အစားဖြစ်တဲ့ 3200mAh Battery နဲ့စမတ်ကျတဲ့စွမ်းအင်ချွေတာတဲ့ နည်းပညာကြောင့် အားအပြည့်သွင်းထားရင် ၂ ရက်ကြာအသုံးခံပါတယ်။

<၃ဝ မိနစ်အားသွင်းရုံဖြင့် တစ်နေ့တာလုံးအသုံးခံခြင်း>

4.5V Low-Voltage Input နဲ့ 5A Charging Current ကြောင့် Huawei SuperCharge နည်းပညာဟာ ကမ္ဘာအမြန်ဆုံးအားသွင်းစနစ်ထဲမှာ ပါဝင် ပါတယ်။ P9 ထက် 30 ရာခိုင်နှုန်းပိုမြန်ပါတယ်။ Voltage, Current, Temperature တို့အတွက်အလွှာ ၅ ခုဖြင့် ထိန်းချုပ်ထားတဲ့အတွက် အားသွင်းရာမှာ လုံခြုံစိတ်ချရပြီး လျင်မြန် စေပါတယ်။ ဘက်ထရီနဲ့အတူ Huawei ရဲ့ စမတ်ကျတဲ့ စွမ်းအင်ချွေတာတဲ့ နည်းပညာထည့်ပေးထားပါတယ်။ အလုပ်များကိုအချိန်ကြာကြာလုပ်နိုင်မှာပါ။ အားအပြည့်သွင်းထားရင် ၂ဝ နာရီကြာဗီဒီယို ကြည့်နိုင်ပါတယ်။ ၁ဝ၅ နာရီကြာသီချင်းနားထောင်ခြင်း၊ ၃ဝ နာရီကြာ 3G Voice Call ပြုလုပ်ခြင်း၊ ၂ဝ နာရီကြာ 4G Browsing လုပ်နိုင်ခြင်း တို့ကိုပံ့ပိုးပေးပါတယ်။

<အံ့မခန်းခံစားမှု အတွေ့အကြုံ>

P10 ရဲ့ EMUI 5.1 နဲ့ လှပစမတ်ကျတဲ့ User Interface က အလွန်ဆန်းသစ် ပါတယ်။

<လှပတဲ့ ဒီဇိုင်း>

P10 မှာအလွန်လှပတဲ့ Animations များ၊ Transitions များနဲ့ အသံစွမ်းရည် များကိုခံစားရမှာပါ။

<စွမ်းရည်ကောင်းမွန်ဖို့ အာရုံစိုက်ထားတဲ့ Interface>

အဆင့်သုံးဆင့်တည်းနဲ့ သင်နှစ်သက်ရာ Menu Options အားလုံးကို သုံးနိုင်ပါတယ်။ EMUI 5.1 က သင့်ရဲ့ Message, Alerts, Photos, Video များကိုနေရာချပေးပါတယ်။ အသုံးဝင်တဲ့ Shortcuts များက WiFi ကိုဖွင့်ခြင်း၊ Apps များရှာခြင်း၊ Notifications များကို Block ခြင်းများကို လျင်မြန်စွာပြုလုပ် ပေးပါတယ်။ သုတေသနပြုလုပ်တဲ့အခါမှာ မှားယွင်းနှိပ်မိခြင်းများမရှိတာကို တွေ့ရပါတယ်။

<တစ်ကမ္ဘာလုံးအတွက် ဆက်သွယ်မှု>

တစ်ကမ္ဘာလုံးမှ ကွန်ရက်များစွာကိုထောက်ပံ့ပေးခြင်းနဲ့ Dual SIM ထည့်သုံး နိုင်ခြင်းက P10 ဟာတစ်ကမ္ဘာ လုံးမှာသုံးနိုင်တဲ့စမတ်ဖုန်းပါ။ ဖုန်းပြောတဲ့ အသံအရည်အသွေးကောင်းမွန်ခြင်း၊ တည်ငြိမ်တဲ့အင်တာနက်ဆက်သွယ်မှု၊ စွမ်းအင်စားသုံးမှုနည်းပါးခြင်းစတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။

<ကျယ်ပြန့်တဲ့ ကွန်ရက်>

P10 ဟာ Five 2G Bands, 10 3G Bands, 20 4G Bands အပါအဝင် Frequency Bands များစွာကိုထောက် ပံ့ပါတယ်။ နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Carrier ပေါင်း ၁၃၃၄ ခုကိုထောက်ပံ့ပေးတဲ့အတွက် ဘယ်နေရာသွားသွား ဆက်သွယ်နိုင်ပါတယ်။ အင်တာနာကလည်း ဖုန်းရဲ့ထောင့် ၄နေရာလုံး ကနေ ချိတ်ဆက်ပေးမှာဖြစ်တာကြောင့် လိုင်းဆွဲအားအလွန် ကောင်းပါလိမ့်မယ်။

<Dual SIM>

P10 မှာ SIM Slot 2 ခုပါပါတယ်။ Nano SIM+MicroSD Slot နဲ့ ဒုတိယ တစ်ခုကတော့ WCDMA,GSM တို့ကိုထောက်ပံ့ပါတယ်။ CDMA ကွန်ရက် အတွက်ကတော့ တရုတ်နိုင်ငံတွင်းနဲ့ မကာအို၊ဟောင်ကောင်တို့မှာသာ အသုံးပြု နိုင်ပါလိမ့်မယ်။ ဒါကလည်း China Telecom နဲ့ချိတ်ဆက်သုံးစွဲမှ သာဖြစ်နိုင်မှာပါ။

<လုံခြုံရေးစွမ်းရည်များ>

<Fingerprint Unlock Speed>

P10 မှာ 4 Level Fingerprint နဲ့ 3D Fingerprint Recognition နည်းပညာ များပါပါတယ်။ ပြီးတော့အရင်မျိုး ဆက်မှာလိုမျိုး နောက်ကျောဘက်မှာ မဟုတ်တော့ဘဲနဲ့ Home button မှာထည့်သွင်းပေးထားပါတယ်။ ဖိုင်များ ကိုဖွက်ထားနိုင်ပြီးသင့်လက်ဗွေရာနဲ့မှ ဖွင့်နိုင်ပါတယ်။ လက်ဗွေရာစနစ်က P9 ထက် ၂ဝ ရာခိုင်နှုန်းပိုမို မြန်လာ ပါတယ်။

<Privacy Space>

သင့်ရဲ့ Contacts, Photos, Apps များကို Privacy Space မှာ သိမ်းထား နိုင်ပြီး လက်ဗွေရာတစ်ချက်တည်းနဲ့ သုံးနိုင်ပါတယ်။ Privacy Space 2 နေရာကိုလက်ဗွေရာ ၂ ခုဖြင့် ဝင်နိုင်ပါတယ်။

<ထူးခြားတဲ့ စွမ်းဆောင်ချက်များ>

P10 မှာစိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းဆောင်ချက်များစွာပါလာပါတယ်။ အသုံးပြုရတာလည်းလွယ်ကူ လှပါတယ်။ EMUI 5.1ထည့်ထားတဲ့ Huawei စမတ်ဖုန်းတွေကြားမှာ လျင်မြန် လွယ်ကူစွာဖိုင်များ မျှဝေဖို့ Huawei Share ကိုသုံးပါ။ ဖုန်းများကိုသင်ကိုယ်တိုင် Pair လုပ်စရာမလိုပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com