3/18/2017

♪ " ယခုနှစ်မေလတွင် ပြည်တွင်းဈေးကွက်၌ ၀ယ်ယူရရှိနိုင်ဖွယ်ရှိသည့် Huawei P10 " ♫

Image may contain: phone

Huawei ရဲ့ Flagship Smartphone Model တစ်ခုဖြစ်သော Huawei P10 ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MWC 2017 တွင် တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Smartphone ကို ဥရောပနဲ့ တရုတ်နိုင်ငံတို့တွင် 2017 ခုနှစ်၊ မတ်လမှစတင်ကာ ရောင်းချပေးသွားမှာဖြစ်ပြီး အာရှ၊ လက်တင်အမေရိက၊ တောင်အာဖရိကနဲ့ ရုရှားတို့တွင် 2017 ခုနှစ်၊ ဧပြီလမှစတင်၍ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်မှာတော့ ယခုနှစ်မေလတွင် ၀ယ်ယူရရှိနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

Huawei P10 ရဲ့ ကိုယ်ထည်ပိုင်းကို လုံးပြည့်သတ္တုကိုယ်ထည်ပုံစံပြုလုပ်ပေးထားပြီး ဖုန်းအနောက်ဘက်ပိုင်းမှာလည်း ယခင်ထွက်ရှိခဲ့တဲ့ P9 နဲ့ ပုံစံမတူအောင် ပြုလုပ်ပေးထားတာကိုလည်း တွေ့မြင်ရမှာပါ။ အရောင်တွေအနေနဲ့ကတော့ Ceramic White ၊ Dazzling Gold ၊ Prestige Gold ၊ Graphite Black ၊ Rose Gold နှင့် Mystic Silver တို့ဖြင့် ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက 5.1 လက်မရှိပြီး 2.5D Glass IPS-NEO LCD Capacitive Touchscreen ကိုအသုံးပြုပေးထားတာပါ။ Screen-to-body ratio က 71.2 ရာခိုင်နှုန်းဖြစ်ကာ Full HD (1920x1080) Display အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် Multitouch အသုံးပြုခွင့်ပေးထားပြီး ဖုန်းရဲ့မျက်နှာပြင်ကို ထိခိုက်မှုမှပိုမိုခံနိုင်ရည်ရှိအောင်လို့ Corning Gorilla Glass 5 ဖြင့် ဖုံးအုပ်ပေးထားပါသေးတယ်။

Dual Sim အသုံးပြုနိုင်တဲ့ Smartphone တစ်လုံးဖြစ်ကာ 4G (LTE) ကိုပါ အပြည့်အ၀ထောက်ပံ့ပေးမှာပါ။ P10 မှာက P9 တုန်းကအတိုင်းပဲ Fingerprint Scanner ပါဝင်လာခဲ့ပေမယ့် P9 မှာက Fingerprint Scanner ဟာ ဖုန်းရဲ့အနောက်ဘက်မှာရှိပြီး P10 မှာတော့ Fingerprint Scanner ကို ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင်အောက်ခြေပိုင်းရှိ Home Button နေရာမှာ ထည့်သွင်းပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ Processor ပိုင်းမှာတော့ Huawei ရဲ့ Model အမြင့်ဖုန်းတွေမှာ အသုံးပြုနေကျ Processor အမျိုးအစားဖြစ်တဲ့ Kirin Series ထဲက Kirin 960 ကို အသုံးပြုပေးထားပါတယ်။ CPU Performance က ပိုမိုမြန်ဆန်ကောင်းမွန်လာခြင်းနဲ့အတူ အရည်အသွေးမြင့်ရုပ်ထွက်တွေကို တွေ့မြင်ခံစားနိုင်စေဖို့ Mali-G71MP8 GPU ကိုပါ အသုံးပြုပေးထားတာပါ။ Internal Memory ကတော့ 64GB ဖြစ်ပြီး RAM 4GB ပါရှိပါတယ်။ Sim Slot (2) မှာ Sim Card မသုံးဘူးဆိုရင်တော့ Micro SD Card ထည့်သွင်းအသုံးပြုလို့ ရပါတယ်။


နောက်ပြီးတော့ Android 7.0 (Nougat) ကိုအသုံးပြုပေးထားတဲ့ Smartphone တစ်လုံးလည်းဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ User Interface ကိုတွေ့မြင်ခံစားနိုင်စေဖို့ EMUI 5.1 လည်းပါဝင်ပါတယ်။ အနောက်ဘက်မှာ Leica ရဲ့ Dual 20MP + 12MP ကင်မရာကို တပ်ဆင်ပေးထားကာ PDAF နဲ့ Laser Autofocus စနစ်တို့ပါဝင်တာကြောင့် လှုပ်ရှားမှုမြန်ဆန်တဲ့ပုံရိပ်တွေကို စက္ကန့်ပိုင်းအတွင်း လွယ်ကူမြန်ဆန်စွာ မှတ်တမ်းတင်ဖမ်းယူနိုင်မှာပါ။ နောက်ပြီးတော့ ဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာ အကောင်းဆုံးအထောက်အပံ့ဖြစ်စေဖို့အတွက် OIS စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အရှေ့ကင်မရာကတော့ 8.0 Megapixels ဖြစ်ကာ Selfie နဲ့ Wide Selfie တွေကိုပါ စိတ်တိုင်းကျရိုက်ကူးနိုငှ်ာပါ။ 

ဘက်ထရီပိုင်းမှာတော့ 3200 mAh ဘက်ထရီကိုအသုံးပြုပေးထားကာ အားပြန်သွင်းတဲ့အခါမှာ မြန်ဆန်စေမယ့် Fast Charging စနစ်လည်း ပါရှိပါတယ်။ ဒါ့အပြင် ဘက်ထရီပမာဏ 2 ရာခိုင်နှုန်းသာရှိတော့တဲ့ အခြေအနေမှာ မိနစ် 30 ခန့်အားပြန်သွင်းထားလိုက်မယ်ဆိုရင် 55 ရာခိုင်နှုန်းအထိ ရရှိစေမှာဖြစ်ပါတယ်။ Connectivity ပိုင်းအတွက်လည်း Type-C 1.0 reversible connector ကိုအသုံးပြုပေးထားကာ NFC လုပ်ဆောင်ချက်လည်း ပါရှိပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com