3/02/2017

♪ " Huawei Watch 2 အား version နှစ်မျိုးဖြင့် ထုတ်လုပ် " ♫

Image may contain: text

အကောင်းဆုံး Android Wear စမတ်နာရီများထဲမှ တစ်ခုဖြစ်သော Huawei Watch 2 အား ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ခဲ့သည်။ Huawei Watch 2 classic အတွက် 316 L စတီးကိုယ်ထည်အား 22 mm လက်ပတ်ဖြင့် ဖန်တီးပေးထားသည်။ နာရီသည် 45 mm အချင်းရှိပြီး ခလုတ်နှစ်ခုပါဝင်ခဲ့သည်။

နာရီနှစ်မျိုးစလုံးသည် IP 68 ရေစိုခံသော ပုံစံများဖြစ်ကြပြီး လေ့ကျင့်ခန်းလုပ်ရာတွင် အသုံးဝင်မည့် tracking features များစွာပါဝင်ခဲ့သည်။ အခြား model တစ်ခုမှာမူ ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး အရောင်စုံဖြင့် 20 mm လက်ပတ်များပါဝင်ကြောင်း တွေ့ရသည်။ GPS နှင့် heart rate sensor များပါဝင်ပြီး သီချင်းစသည်များကို download ရယူရန် storage အလွတ် 2.3GB ခန့် ရရှိမည်ဖြစ်သည်။ Huawei သည် Watch 2 ကို ဖုန်းနေရာတွင် အစားထိုးနိုင်ရန် ကြိုးစားထားပြီး LTE model တွင် VoLTE, မိုက်နှစ်ခုနှင့် dual အင်တာနက်တို့ ပါဝင်ခဲ့သည်။ နိုင်ငံအချို့တွင် ပုံမှန် SIM slot ဖြစ်ပြီး အချို့အတွက် eSIM ကိုသုံးမည်ဖြစ်သည်။ 

Bluetoooth 4.1 နှင့် WiFi (2.46 GHz , b/g/n) တို့ပါဝင်ပြီး 420 mAH ဘက်ထရီပါဝင်ကာ training mode တွင် 10 နာရီသုံးနိုင်ပြီး ပုံမှန်ဆိုပါက 2 ရက်အသုံးခံမည်ဖြစ်သည်။ Snapdragon 2100 chipset , 768 MB RAM နှင့် 4 GB storage တို့ပါဝင်ပြီး AMOLED screen မှာ 1.2” ရှိပြီး 390 x 390 resolution (326 ppi) ရှိခဲ့သည်။ Gorilla Glass ဖြင့် ကာကွယ်ထားကြောင်းလည်း သိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com