3/02/2017

♪ " 5G မှာ ထင်သည်ထက် ပိုစောလာနိုင်သည်ဟုဆို " ♫

Image may contain: text

5G သည် မျိုးဆက်သစ် wireless network ဖြစ်ပြီး ကမ္ဘာသုံးစနစ်ဖြစ်လာရန်ရှိကာ 2019 တွင် နေရာအနှံ့၌ စတင်ဖြန့်ကျက်ချထားနိုင်ရန် ရည်ရွယ် ထားသည်။ ထို့ကြောင့် ယခင်ရည်မှန်းသည်ထက် 5G အား တစ်နှစ်စောကာ သုံးစွဲနိုင်လိမ့်မည်ဟု ကုမ္ပဏီနှစ်ဒါဇင်ကျော်မှဆိုကြောင်း သိရသည်။

5G standard သို့ ရောက်ရှိစေရန် ကြံရွယ်ထားသည့် ကုမ္ပဏီများတွင် wireless carrier, chip provider နှင့် handset maker များစွာပါဝင်ပြီး Qualcomm Intel, AT & T, Sprint စသည်တို့လည်း ပါဝင်ကြသည်။ သုံးစွဲသူများအနေဖြင့် 2019 တွင် ပိုမိုသာလွန်ကောင်းမွန်သော broadband စနစ်အား ရရှိလာမည်ဖြစ်သည်။ 5G စနစ်သည် 4G LTE ထက်အဆ 100 ပိုမိုမြန်ဆန်မည်ဖြစ်ပြီး Google Fiber ထက် 10 ဆ ပိုမိုမြန်ဆန်မည်ဖြစ်သည်။ Virtual Reality နှင့် Augmented Reality တို့တွင် သုံးစွဲလာနိုင်မည်ဖြစ်သည်။ 

Qualcomm မှလည်း 5G connection ထိရသော modems နည်းပညာကို chip များတွင် ပထမဆုံးအဖြစ် စတင်ထည့်သွင်းပြသခဲ့သည်။Snapdragon X 50 chip ကို အောက်တိုဘာလက စတင်ပြသခဲ့ခြင်းဖြစ်သည်။ 4G (သို့) 3G network များနှင့် ထပ်မံချိတ်ဆက်လိုပါက ဒုတိယ wireless chipကို သုံးစွဲ ရမည်ဖြစ်သည်။ 

X 50 processor များအား တောင်ကိုရီးယား 2018 ဆောင်းရာသီအိုလံပစ် အချိန်တွင် စတင်မြင်တွေ့ ကြရမည်ဟု ဆိုသည်။ စမ်း သပ်ရန် နမူနာ chip များ မပေးနိုင်သေးဘူး Qualcomm မှဆိုသော်လည်း 2019 ရှိ devices များတွင် ပါဝင်လာမည်ဟု ဆိုထားခဲ့သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com