အဆင့်တန်းအမြင့်စားရာဇဝတ်မှု ၊ စာရွက်စာတမ်းခိုးယူမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ကုန်ပစ္စည်းများ အွန်လိုင်းမှရောင်းဝယ်မှုအပါ အဝင် ရာဇဝတ်မှုအများစုဟာ နည်းပညာတတ်ကျွမ်းသူတွေရဲ့ အလွဲသုံးစားပြုမှု အထွဋ်အထိပ်ကိုရောက်ရှိနေပြီ လို့ ဥရောပဆိုင်ရာရဲအေဂျင်စီ (Europe Police Agency) က ပြောလိုက်ပါတယ်။
ဒီလိုနည်းပညာနဲ့ဆက်စပ်ပြီး မူးယစ်ဆေးဝါးဖောက်ကားမှုနဲ့ လူကုန်ကူးမှုဟာ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေတယ်ဆိုတာ သူတို့ရဲ့ (4) နှစ်တစ်ကြိမ်ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုကိုကိုးကားပြီး ထပ်ပြောပါတယ်။
သမားရိုးကျရာဇဝတ်မှုကျူးလွန် ရာကနေ လူမပါဒရုန်း (Drone) သုံးပြီး နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးပို့တာမျိုး၊ ကွန်ပျူတာသုံးပြီး ပြစ်မှုကျူးလွန်မယ့်နေရာရဲ့ အိမ်နီးနားချင်းအခြေအနေတွေကို
လေ့လာတာမျိုးနဲ့ လူမှုကွန်ရက်မှာ အိမ်ရှင်တွေ အိမ်မှာမရှိတဲ့အချိန်ကို
လူမှုကွန်ရက်ကနေ ထောက်လှမ်းတာမျိုးတို့ဟာ လက်ရှိခေတ်မှာ
ရိုးတောင်ရိုးနေကုန်ပါပြီ။
Europol က လူမျိုးပေါင်း (180) ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်မှုဂိုဏ်း (5000) နောက် လိုက်လံစုံစမ်းနေပြီး တစ်နှစ်ကို အမြတ်ငွေ ဒေါ်လာ (25) ဘီလျံရနေတဲ့ မူးယစ်ကုန်သွယ်မှုက အကြီးမားအကျယ်ပြန့်ဆုံးလို့ ထောက်ပြတယ်။
မပြီးပြတ်နိုင်တဲ့ စစ်မီးတွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်တွေက စစ်ပြေးလူ အရောင်းအဝယ်က (2016) ခုနှစ်မှာ မှတ်တမ်းတင်ရလောက်တဲ့ အရေအတွက် (510000) ဦးအထိ မြင့်တက်ခဲ့တယ်။
ဒီလူတွေကို ဥရောပထဲထိုးသွင်းဖို့က ခေတ်မီနည်းပညာမပါပဲ လုပ်လို့မရပါဘူး။ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ နက်ဝေါ့တွေ၊ သူတို့သွားရာလမ်းကြောင်းတွေ နဲ့ မြေပြင်နဲ့ထိလိုက်သမျှ ခြေလှမ်းတိုင်းမှာ နည်းပညာ ဖုန်မှုန့်လေးတွေကပ်ပါနေတယ်လို့ Europol က ထုတ်ပြန်ပါတယ်။
ကိုညီညီ (တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ဒီလိုနည်းပညာနဲ့ဆက်စပ်ပြီး မူးယစ်ဆေးဝါးဖောက်ကားမှုနဲ့ လူကုန်ကူးမှုဟာ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေတယ်ဆိုတာ သူတို့ရဲ့ (4) နှစ်တစ်ကြိမ်ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုကိုကိုးကားပြီး
သမားရိုးကျရာဇဝတ်မှုကျူးလွန်
Europol က လူမျိုးပေါင်း (180) ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်မှုဂိုဏ်း (5000) နောက် လိုက်လံစုံစမ်းနေပြီး တစ်နှစ်ကို အမြတ်ငွေ ဒေါ်လာ (25) ဘီလျံရနေတဲ့ မူးယစ်ကုန်သွယ်မှုက အကြီးမားအကျယ်ပြန့်ဆုံးလို့
မပြီးပြတ်နိုင်တဲ့ စစ်မီးတွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်တွေက စစ်ပြေးလူ အရောင်းအဝယ်က (2016) ခုနှစ်မှာ မှတ်တမ်းတင်ရလောက်တဲ့ အရေအတွက် (510000) ဦးအထိ မြင့်တက်ခဲ့တယ်။
ဒီလူတွေကို ဥရောပထဲထိုးသွင်းဖို့က ခေတ်မီနည်းပညာမပါပဲ လုပ်လို့မရပါဘူး။ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ နက်ဝေါ့တွေ၊ သူတို့သွားရာလမ်းကြောင်းတွေ
ကိုညီညီ (တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com