3/19/2017

♪ “Cortana ကို အစွမ်းကုန်သုံးမယ်” ♫

Image may contain: text

Windows 10 Anniversary update တွင် Windows 10 ထဲရှိ အစိတ်အပိုင်း အားလုံးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့သည်။ သို့သော် စိတ်လှုပ်ရှားစရာကောင်းလောက်အောင် တိုးတက်ခဲ့သည့်နေရာမှာ personal digital assistant ဖြစ်သည့် Cortana ဖြစ်သည်။ Windows 10 တွင်ပါဝင်သော Cortana သည် နဂိုကတည်းကပင် အထင်အမြင်ကြီးရ လောက်အောင် အရည်အသွေးကောင်းပြီးဖြစ်သည်။ သို့သော် update လုပ်လိုက်ပြီးသည့်အခါ update သည် စွယ်စုံသုံးနိုင် သည့် အခြေအနေသို့ ရောက်ရှိလာပါသည်။

Cortana က Windows 10 သုံးစွဲသူနှင့် ရင်းနှီးသွားပြီဆိုလျှင် သူ့အား ဝေါဟာရ တို့၏ အဓိပ္ပာယ်ကိုမေးနိုင်သည်။ကားမောင်းပြီးသွားရမည့် ခရီး လမ်းကြောင်းကို မေးနိုင်သည်။ နေ့လည်စာစားရန် ချိန်းဆိုထားမှုများအတွက် နာရီနှိုးစက်ပေး ထားနိုင်သည်။ သို့သော် Cortana ၏ အရည်အချင်းသည် ယင်းမျှလောက်မကသေးပါ။ Send the power point I was working on yesterday ဆိုသော အမိန့်ပေးစေခိုင်းမှုမျိုးကိုပင် နားလည်နိုင်ပါသည်။ Cortana သည် ကွန်ပျူတာသုံးစွဲသူ၏ အီးမေး၊ Calendar နှင့် အခြားသော ချိတ်ဆက်မှုများကို scan လုပ်ပြီး အရေးကြီးသည်တို့ကို အလိုအလျောက် ခွဲခြားပေး နိုင်ပါသည်။ မိမိမည်သည့် နေရာသို့သွားလျှင် မည်သည့်သီချင်း နားထောင်မည်ကို ပြောပြနိုင်ခြင်းမှာလည်း Cortana ၏ ထူးခြားသော အရည်အချင်းဖြစ်ပါသည်။

ပထမဦးစွာ Cortana ၏ အကောင်းဆုံးအရည်အသွေးဖြစ်သော တေးဂီတကို မှတ်သားသိရှိနိုင်သည့်အစွမ်းကို စမ်းသပ်ကြပါမည်။ ယင်းကို စမ်းသပ်ရန် အတွက် Cortana window ၏ အပေါ်ညာဘက်ထောင့်တွင်ရှိသော ဂီတ သင်္ကေတ နေရာပုံတွင် ကလစ်ခေါက်ပါမည်။ အသုံးပြုသော ကွန်ပျူတာသည် Laptop သို့မဟုတ် တက်ဘလက်ဖြစ်ရန် လိုအပ်ပါသည်။ ထိုအခါ cartana သည် ကွန်ပျူတာရှိ မိုက်ကရိုဖုန်းကိုသုံး၍ နားထောင်နေရသည်ကို တွေ့ရပါ မည်။ စက္ကန့်အနည်းငယ်အကြာ တွင် လက်ရှိဖွင့်နေသော သီချင်းအမည်၊ သီဆိုသူအမည်တို့ ပါဝင်သော result ကျလာပါမည်။ သို့သော် Cortana ၏ အခြား သော အကောင်းဆုံးစွမ်းဆောင်ချက်များမှာလိုပင် တေးသီချင်းနှင့် ပတ်သက်သော စွမ်းဆောင်ချက်အတွက် အင်တာနက်ချိတ်ဆက်မှုလိုပါသည်


Cortana သည် ကွန်ပျူတာသုံးစွဲသူ၏ အသံဖြင့်ပေးသော အမိန့်များကို ကောင်းစွာနားလည်နိုင်စွမ်းရှိပါသည်။ set alarm for 5.45 am ဟု အမိန့် ပေးလိုက်လျှင် မနက်ငါးနာရီ လေးဆယ့်ငါးမိနစ်တွင် နှိုးစက်မြည်စေရန် ဆောင်ရွက်ပေးပါသည်။ နှိုးစက်ကိုအကြောင်းအရာတစ်ခုအတွက်သာ ဆောင်ရွက်ပေးလေ့ရှိသော်လည်း ရက်တစ်ရက်ရောက်တိုင်း ပုံမှန်နှိုးစက်ပေး စေလိုပါက details နေရာတွင် ကလစ်ခေါက်ပြီး ဆောင်ရွက်နိုင်ပါသည်။ နေ့လည်စာစားနေချိန်ရောက်၍ စားနေပြီဆိုကာမှ နာရီ နှိုးစက်ထမြည်ခြင်းမျိုး မဖြစ်စေရန်အတွက် တစ်နေ့တာ၏ မည်သည့်အချိန်အတွင်း နှိုးစက်ပေးရမည် ကိုလည်း အသေအချာ ကန့်သတ်ပေးနိုင်ပါသည်။

Cortana အား ခိုင်းစေမည့်ကိစ္စများအတွက် Cortana setting ကို ဖွင့်ရပါမည်။ ထိုသို့ဖွင့်ရန်အတွက် Cortana window ၏ အောက်ခြေ လက်ဝဲဘက်ထောင့် တွင်ရှိသော စက်သွားပုံတွင် ကလစ်နှိပ်ရပါမည်။ Hey Cortana ဟုခေါ်ပြီး ပေးသည့်အမိန့်ကို နာခံမည် သို့မဟုတ် ကလစ်ခေါက်ပြီး ခိုင်းစေသည်ကို နာခံမည်ဆိုသည့်အခြေအနေကို ရွေးချယ်နိုင်သည်။ ထို့ပြင် Cortana အား steep မဖြစ်စေရန် ရွေးချယ်ထားနိုင်သည့် အခွင့်အရေးလည်းရှိသည်။ ထို့သို့ရွေးချယ်ထားလျှင် Cortana သည် အမိန့် ပေးစကားသံကို အမြဲတစေ နားစွင့်နေပါမည်။ သို့သော် Cortana အား အမြဲအသင့်အနေအထား၌ ထားလျှင် ဘက်ထရီစားမည်ကို သတိပြုရပါမည်။ ထို့ကြောင့် အိမ်သုံးမီးနှင့် အမြဲချိတ်ဆက်ထားသော ကွန်ပျူတာတို့အတွက်သာ သင့်တော်ပါသည်။


ကလေးငယ်များ၏ စပ်စပ်စုစုမေးခွန်းကြောင့် စိတ်ရှုပ်ရသည်ဟုဆိုလျှင် ထိုကလေးငယ်တို့အား Cortana နှင့် အမေးအဖြေလုပ်စေပြီး လမ်းကြောင်း လွှဲထားနိုင်သည်။ နေရာတစ်နေရာသို့ရောက်ရန် အချိန်မည်မျှ ကြာမည်ကို Cortana ကပြောပြနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ မြို့တော်မည်ကို Cortana ကပြောပြနိုင်သည်။ အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တစ်ခုချင်း၏ စတော့ရှယ်ယာဈေးကွက်ကို လည်း Cortana ကသိသည်။ Microsoft သည် Cortana နှင့် ပူးပေါင်းအလုပ်လုပ်နိုင်မည့် App များရေးရန် software ရေးသူ များအား တောင်းဆိုခဲ့ရာ ကွန်ပျူတာသုံးသူမေးသော မေးခွန်းများအတွက် Cortana က ယင်း app များကို ကိုယ်စားမေးပေးနိုင်သည်။

အင်တာနက်အား အမြဲတစေ ချိတ်ဆက်ထားမည်ဆိုလျှင် Cortana ၏ ကိုယ်ပိုင်အစွမ်းအစကို တွေ့မြင်ရပါ မည်။ အင်တာနက်ဖွင့်ထားလျှင် Cortana သည် online sevice များကို သူ့ဘာသာချိတ်ဆက်နိုင်သောကြောင့်ဖြစ်သည်။ Bing ကို ခိုင်းစေနိုင်သလို စားသောက်ဆိုင်များကို review လုပ်ပေးနိုင်သည့် Yelp ကိုလည်း ခိုင်းစေနိုင်သည်။ Cortana ၏ Notebook ထဲသို့ကြည့်မည်ဆို လျှင် Cortana Window ၏ အပေါ် ဘယ်ဘက်ထောင့်ရှိ home icon အောက် တွင် ယင်း icon ကို တွေ့ရ ပါမည်။ ယင်းနေရာတွင် Cortana က မည်သည့် service များအား ခိုင်းစေနိုင်သည်ကို တွေ့ရပါမည်။Cortana ၏ setting ထဲဝင်ပြီး ချိန်ပေးမည်ဆိုလျှင် lock screen ရောက်စဉ်ကာလ၌ပင် Hey Cartona ဟု ရေရွတ်ပြီး ခိုင်းစေနိုင်သည်။


သီချင်းနားထောင်သည့်အခါ ယင်းခိုင်းစေချက်က အထူးအသုံးဝင်သည်။ Hey Cortana Play Some dance music ဟု ရေရွတ်လိုက်ရုံနှင့် လိုရာရနိုင်သည်။ သို့သော် Alarm နှင့် reminder setting များအတွက်လည်း သုံးနိုင်သည်။ Cortana သည် natural language နှင့် command များကို နှစ်သက်ပါသည်။ Show me last file 5 worked on သို့မဟုတ် show my home work ကဲ့သို့သော မေးခွန်းများကို Cortana က နားလည်ပြီး အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ ယင်းမေးခွန်းထဲမှ လုပ်ငန်းများကိုလည်း နားလည်သဘောပေါက်ပါသည်။ အကယ်၍ မိမိ၏ Contact book ထဲတွင် Dave ဆိုသော လူတစ်ယောက်ရှိက “Email Dave the document I was working on yesterday” စသော အလုပ်မျိုးကိုလည်း ခိုင်းစေနိုင်ပါသည်။

Cortana သည် ခိုင်းစေသည့် အလုပ်များအား တော်တည့်မှန်ကန်အောင် လုပ်ပေးနိုင်သည်သာမက သင့်လျော်သော အကြံဥာဏ်များကိုလည်း ပေးနိုင် သည်။ ဥပမာပြရလျှင် အိမ်ပြန်ရမည့်အချိန်ရောက်ပြီဟု အကြံဥာဏ်ပေးခြင်း မျိုးဖြစ်သည်။ သို့သော် မိမိအကြံပေးစေလိုသောကိစ္စများအတွက်သာ အကြံ ပေးစေရန် setting ထဲဝင်ပြီးအလှည့်အပြောင်း လုပ်နိုင်သည်။ Calendar ထဲတွင် ထည့်သွင်းထားသော လုပ်ငန်းတစ်မျိုးအတွက် အကြံပေးခြင်းမျိုးဖြစ် ပါသည်။ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် Cortana ၏ Notebook icon တွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင် မိမိ edit လုပ်လိုသောအကြောင်းအရာကို ရွေးရပါမည်။


Cortana သည် မိမိ၏ Location history အား ဆွဲယူအသုံးပြု သည့် browsing history နှင့် Contact ၊ email ၊ calender နှင့် Communication history များကိုလည်း ရယူအသုံးပြုသည်။ ကွန်ပျူတာ သုံးစွဲသူ လိုအပ်မည့်အရာများနှင့် နှစ်သက်သည့်အရာများအား ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ရန်ဖြစ်သည်။ ဥပမာပြရလျှင် Cortana သည် ခရီးသွား လုပ်ငန်း အကြောင်းသိသည့်အတွက် ကွန်ပျူတာသုံးစွဲသူသွားမည့် ခရီးစဉ် အတွက် ကြိုတင် booking လုပ်ရန်နှင့် မိမိဒေသတွင်းရှိ စိတ်ဝင်စားဖွယ် နေရာများကို သိရှိရန်အကြံပေးနိုင်ခြင်းမျိုးဖြစ်သည်။ သိနေသမျှအရာ အားလုံးကို အကြံမပေးစေလိုလျှင် Note book > Per-mission သို့စစ်ပြီး အကန့်အသတ်လုပ်ထားနိုင်သည်။

Cortana ထံမှစွမ်းဆောင်ရည်အများဆုံး လိုချင်သည်ဟုဆိုလျှင် ကွန်ပျူတာ တွင်ရှိသော Windows 10 device များအား access လုပ်ခွင့်ပေးရပါမည်။ default အားဖြင့်ဆိုလျှင် Cortana သည် sign in လုပ်ထားသော device အားလုံးရှိ search history အား ရယူအသုံးပြုပါသည်။ ယင်းကို မကြိုက်လျှင် Cortana setting ထဲရှိ search and privacy options ထဲဝင်၍ ပြုပြင်နိုင် ပါသည်။



ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com