3/10/2017

♪ Huawei P10 Plus ကို ဝေဖန်သုံးသပ်ခြင်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/0-2.jpg?fit=782%2C440&ssl=1

Huawei က ယခင်လနှောင်းပိုင်းမှာ ကျင်းပတဲ့ Mobile World Congress (MWC) မှာ P10 နဲ့ အရွယ်ကြီး P10 Plus ကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း ၂ လုံးဟာ ဒီဇိုင်း တူညီကြပြီး P10 Plus ရဲ့ ၅.၅ လက်မ QHD Display ကတော့ အရွယ်သေး P10 ရဲ့ Full HD Display ထက် သာလွန်ပါတယ်။ ဒါ့အပြင် P10 Plus မှာ ပိုမိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင်ပေးထားပြီး Storage နဲ့ RAM ပိုမိုများပြားတဲ့ မော်ဒယ်များကို Plus အတွက် ထုတ်လုပ်ပေးထားပါတယ်။

ဒီဇိုင်း
ရုတ်တရက် ကြည့်လိုက်ရင်တော့ P10 Plus ဟာ ယခင်မြင်ဖူးနေကျ စမတ်ဖုန်းများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကိုင်ကြည့်လိုက်တဲ့ အခါမှာတော့ တစ်မူထူးခြားနေတာကို ခံစားရပါတယ်။ P10 နဲ့ P10 Plus ၂ လုံးစလုံးအတွက် အရောင်မျိုးစုံကို ထုတ်လုပ်ပေးထားတဲ့ အပြင် Pantone နဲ့ ပူးပေါင်း၍ ထူးခြားဆန်းသစ်တဲ့ အရောင်များကိုလည်း ထုတ်လုပ်ပေးမှာပါ။ ဘယ်လိုအရောင်မျိုးကို ရွေးချယ်သည်ဖြစ်စေ လှပတဲ့ ဒီဇိုင်းနဲ့ တန်ဖိုးကြီး စမတ်ဖုန်းကို ပိုင်ဆိုင်နိုင်မှာပါ။

အရွယ်ကြီးပေမယ့်လည်း P10 Plus ဟာ လက်ထဲမှာ သက်တောင့်သက်သာရှိစေပါတယ်။ လက်တစ်ဖက်ထဲနဲ့ ကိုင်ရတာတောင် အဆင်ပြေပါတယ်။ အနောက်ဘက်ကို သတ္တုကိုယ်ထည်ဖြင့် ဖုံးအုပ်ထားတာကလည်း ခန့်ညားလှပပါတယ်။ Huawei က သူ့ရဲ့ ဖုန်းများမှာ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်လေ့ရှိပေမယ့် P10 Plus မှာတော့ အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာဖြင့် လျှင်မြန်စွာ Navigate လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များလည်း ထည့်ပေးထားပါတယ်။ သမားရိုးကျ On-Screen Navigation Buttons များကို သုံးနိုင်တဲ့ အပြင် လက်ဗွေရာ အာရုံခံ ကိရိယာဖြင့်လည်း Navigate လုပ်နိုင်ပါတယ်။ အာရုံခံ ကိရိယာကို ဖိထားရင် Home Button ၊ ညာဘက်သို့ ပွတ်ဆွဲရင် Recent Apps နဲ့ ဘယ်ဘက်သို့ ပွတ်ဆွဲရင် Back Button တို့ကို သုံးနိုင်ပါတယ်။

ဖုန်းမှာ တပ်ဆင်ထားတဲ့ ခလုတ်များကလည်း နှိပ်ရတာ အဆင်ပြေပါတယ်။ USB-C Port နဲ့ 3.5mm Jack များကိုလည်း သေသပ်စွာ တပ်ဆင်ထားပါတယ်။ စပီကာများကို အောက်ဘက်မှာ တပ်ဆင်ထားပေမယ့် ဆူညံနေတဲ့ အချိန်မှာတောင် အသံအရည်အသွေးကောင်းမွန်ပါတယ်။



စွမ်းဆောင်ရည် P10 Plus ကို ရောင်းချခြင်း မရှိသေးဘဲ ပွဲမှာသာ ခဏတာ အသုံးပြုခွင့်ပေးထားတဲ့အတွက် သူ့ရဲ့ စွမ်းဆောင်ရည်ကို အချိန်ခဏအတွင်းမှာ သုံးသပ်ဖို့ ခက်ခဲပါတယ်။ Huawei ရဲ့ အဆင့်မြှင့်ထားတဲ့ EMUI 5.1 ဟာ ချောမွတ်ပြီး တုန့်ပြန်မှုအားကောင်းပါတယ်။ P10 Plus မှာ P10 မှာ တပ်ဆင်ထားတဲ့ Kirin 960 ကိုပဲ အသုံးပြုထားပါတယ်။ Huawei Mate 9 မှာလည်း အဲဒီ Chip ကိုပဲ တပ်ဆင်ထားတာပါ။ P10 Plus မှာ Chipset ကို အဆင့်မြှင့်ထားပေးရင်တော့ ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။

Huawei က အခြား စမတ်ဖုန်းများမှာ မပါတဲ့ စွမ်းရည်မြှင့်တဲ့ နည်းပညာများကိုလည်း ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်းဟာ အသုံးပြုသူရဲ့ အမူအကျင့်အပေါ် မူတည်၍ Memory ကို လိုအပ်တဲ့ နေရာများမှာ ဦးစားပေး အလုပ်လုပ်ပေးပါတယ်။ သင် အသုံးပြုမှုနည်းပါးတဲ့ အရာများအတွက် Memory ကို လျှော့ချပေးတဲ့ Memory Compression ဆော့ဖ်ဝဲကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီအရာများကို သေးငယ်အောင် ချုံ့ပေးတဲ့အတွက် Storage မှာ နေရာလွတ်များစွာ ရစေပါတယ်။ P10 Plus အတွက် 4GB RAM/128GB Storage နဲ့ 6GB RAM/128GB Storage Model များ ထုတ်လုပ်ပေးထားပါတယ်။ P10 အတွက် ယခုလို မော်ဒယ်များ ထုတ်လုပ်ပေးခြင်း မရှိပါဘူး။

အနှစ်ချုပ်
P10 Plus ရဲ့ ဒီဇိုင်းကတော့ အလွန် စွဲဆောင်မှုရှိပါတယ်။ အရောင်များစွာ ရွေးချယ်နိုင်တာကလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် အတွင်းပိုင်း Hardware များရဲ့ စွမ်းရည်များကိုတော့ အသေးစိတ် စစ်ဆေးလို့ မရသေးပါဘူး။ Leica ရဲ့ ကင်မရာ နည်းပညာက အံ့မခန်းကောင်းမွန်ပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာဖြင့် အလုပ်များစွာ လုပ်နိုင်တာကလည်း အဆင်ပြေပါတယ်။ အတွင်းပိုင်း Hardware အချို့ကို အဆင့်မြှင့်ထားခြင်း မရှိခြင်းနဲ့ ဈေးနှုန်းကြီးမြင့်ခြင်းက အားနည်းချက်လို့ မြင်မိပါတယ်။ P10 Plus ကို ရောင်းချတဲ့ အချိန်မှာ အသေးစိတ် Review ကို ထပ်မံ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com