3/10/2017

♪ LV က အသစ်ထုတ်လုပ်လိုက်တဲ့ သိန်း (၇၀) တန် iPhone 7 cover ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/dg.jpg?fit=800%2C450&ssl=1

ပြင်သစ်နိုင်ငံ Paris အခြေစိုက် ကမ္ဘာကျော် Luxury Fashion Brand တစ်ခုဖြစ်တဲ့ Louis Vuitton (LV) က မြန်မာငွေ သိန်း (၇၀) ကျော် အထိကျသင့်မယ့် iPhone 7 နဲ့ iPhone 7 Plus cover တွေကို ထုတ်လုပ်လိုက်ပါတယ်။


iPhone 7 Plus အတွက် ပြုလုပ်ထားတဲ့ Cover ရဲ့ တန်ကြေးဟာ ဒေါ်လာ(၅၅၀၀) ဖြစ်တဲ့အတွက် ပေါက်ဈေးအရဆို မြန်မာငွေ သိန်း (၇၄) သိန်းကျော်နေတာဖြစ်ပြီး iPhone 7 အတွက် ကာဗာ ကတော့ ဒေါ်လာ (၅၀၅၀) ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ ဆို (၆၈) သိန်း ရှိပါတယ်။ ဒီလောက်များပြားတဲ့ ပမာဏ တွေ ဟာ ဖုန်းမပါတဲ့ ကာဗာ ချည်း သပ်သပ် ရဲ့ တန်ကြေးတွေဖြစ်ပါတယ်။

iPhone 7 နဲ့ 7 Plus အတွက် ရွှေသား (ဒါမှမဟုတ်) အခြား တန်ဖိုးကြီးပစ္စည်းတွေ ထည့်သွင်းတပ်ဆင်ထားတဲ့ ကာဗာတွေကို ထုတ်လုပ်ရောင်းချ နေတဲ့ ကုမ္ပဏီတွေအများကြီးရှိသလိုပါပဲ LV ကလည်း ဖော်ပြပါ Eye-Trunk လို့ခေါ်တဲ့ ကာဗာကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

ဒီကာဗာက အလွန် အဖိုးတန်တဲ့ မိကျောင်းသားရေ နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဒါဟာ LV ရဲ့ ဈေးအကြီးဆုံး Eye-Trunk model ဖြစ်တယ်လို့သိရပါတယ်။

Related image

ဈေးအနည်းဆုံး model ကတော့ Eye-Truck Monogram လို့ခေါ်ပြီး ပုံမှာဖော်ပြထားတဲ့အတိုင်း အရောင် တွေရွေးချယ်နိုင်ပါတယ် ။ iPhone 7 အတွက် ဒေါ်လာ (၁၁၈၀) နဲ့ iPhone 7 Plus အတွက် ဒေါ်လာ (၁၂၅၀) ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။



Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com