3/08/2017

♪ Galaxy Note 8 ကို ၂၀၁၇ ခုနှစ်မှာ ရောင်းချမည် ဟု ဆမ်ဆောင်း အတည်ပြု ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/galaxy-note7_bigger_phone2.jpg?fit=800%2C672&ssl=1

ဆမ်ဆောင်းကုမ္ပဏီ က နေပြီး အခုနှစ် ၂၀၁၇ ခုနှစ်အတွင်း မှာပဲ Galaxy Note 8 ကို ထုတ်လုပ်ရောင်းချမည် ဖြစ်တဲ့အကြောင်း ကို အတည်ပြုပြောကြားခဲ့ပါတယ်။

Code Name အနေနဲ့ Great လို့ အမည်ပေးထားတဲ့ Galaxy Note 8 ဟာ သတင်းဆိုးတွေ ရှိခဲ့တဲ့ နောင်တော် Galaxy Note 7 နေရာ ကို အစားထိုးရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ပြင်ဆင်မှု နဲ့ ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာဖို့ အလွန်လိုအပ်တယ် လို့ ကုမ္ပဏီ က ဆိုပါတယ်။ ကနဦး က ခန့်မှန်းသတင်းတွေ သာ ပေါ်ထွက်နေခဲ့ပေမယ့် အခုလို ကုမ္ပဏီ ဘက် က အတည်ပြုလိုက်တဲ့အတွက် Galaxy Note 8 မှာ ဘယ်လို Specs တွေ ပါဝင်လာမလဲ ဆိုတာ ကို ဆမ်ဆောင်းပရိသတ်တွေ က သိချင်စိတ် ပြင်းပြနေကြပါတယ်။

ခန့်မှန်း Specs တွေ အနေနဲ့ မျက်နှာပြင် Resolution ဟာ 4K အရည်အသွေး ဖြစ်နိုင်ပြီး ၆.၂ လက်မ မျက်နှာပြင် နဲ့ အတူတူ note စီးရီးတွေ မှာ ပါဝင်နေကြဖြစ်တဲ့ Stylus Pen တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။ Octa-Core Processor ၊ 6GB RAM , 256 GB Storage တို့ ပါရှိမှာ ဖြစ်ပြီး Galaxy Note 7 တုန်း က ပါဝင်ခဲ့တဲ့ အကောင်းစား Function တွေကို Note 8 ကို ဆက်လက် သယ်ဆောင် လာမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Galaxy Note 8 မထွက်ခင်မှာ Samsung Galaxy S8 နဲ့ မျိုးတူ ဖုန်းတွေ ထွက်ဖို့လည်း ရှိနေတဲ့အတွက် တချို့ Key Specs တွေကိုတော့ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၃ ခုနှစ် ၀န်းကျင် က ထုတ်လုပ်ခဲ့တဲ့ Phablet အရွယ် Samsung Note 8 တစ်ခု လည်း ရှိခဲ့တဲ့အတွက် အခု Note 8 ကို အမည်နာမ ပြောင်းလဲဖို့လည်း ဖြစ်နိုင်ခြေ ရှိတယ် လို့ ဆိုပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com