3/08/2017

♪ ဖုန်းကို လှည့်စရာမလိုဘဲ 360-degree ရိုက်ကူးနိုင်မယ့် စမတ်ဖုန်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/dddd.jpg?fit=800%2C450&ssl=1

တရုတ်နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ProTruly က ကမ္ဘာ့မပထမဆုံး 360-degree camera ပါဝင်တဲ့ Darling စမတ်ဖုန်းကို MWC မှာ မိတ်ဆက်ပြသခဲ့ပါတယ်။



ဒီစမတ်ဖုန်းကို (၂၀၁၆) ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်ပြည်တွင်းမှာကျင်းပတဲ့ China Hi Tech Fair 2016 မှာ စတင်မိတ်ဆက်ပြသတုန်းက အတော်အတန်ရေပန်းစားခဲ့ပေမယ့် အခု MWC မှာ ပြန်လည်ပြသတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက နည်းပညာ ပရိသတ်တွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။



ဒီစမတ်ဖုန်းရဲ့ ထူးခြားချက်ကိုပြောပါဆိုရင်တော့ အရှေ့ (၁၈၀) ဒီဂရီနဲ့ အနောက် (၁၈၀) ဒီဂရီကို ဖုန်းကိုလှည့်စရာမလိုဘဲ ချက်ချင်းရိုက်နိုင်တဲ့ 360-degree ကင်မရာ ကိုပြောရမှာပါပဲ။ ဒါ့အပြင် ဖုန်းရဲ့ ကိုယ်ထည်မှာရွေသားစစ်စစ် (၃.၀၈) ဂရမ်ကို ထည့်သွင်းထားပြီး အရှေ့ကင်မရာရဲ့ အောက်နားမှာ စိန်(ကာရက်ဖော်ပြထားခြင်းမရှ) (၄) လုံးကိုလည်း အီတလီကလာတဲ့ full-grain leather နဲ့ တပ်ဆင်ထားပါသေးတယ်။



ဖုန်းရဲ့ ဒီဇိုင်းကတော့ ကင်မရာက နေရာအတော်ယူထားတဲ့အတွက် ရှည်မျောမျောကြီးဖြစ်နေပါတယ်။ စမတ်ဖုန်းနဲ့ မတူဘဲ Remote နဲ့ ဆင်တူတယ်လို့ ဝေဖန်မှုတွေရှိနေပေမယ့် မြင်လိုက်တာနဲ့ မျက်နှာမလွှဲနိုင် တော့လောက်အောင် စွဲဆောင်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

Full HD resolution (1920×1080) ကိုထောက်ပံ့မယ့် (၅.၅)လက်မ မျက်နှာပြင်ကိုသုံးထားပြီး Super AMOLED လောက်မကောင်းပေမယ့် budget ဖုန်းတွေလိုတော့ အရည်အသွေးမညံ့ဘူးလို့ဆိုပါတယ်။



အရှေ့နဲ့အနောက်ကင်မရာတွေမှာတော့ (၁၈၀) ဒီဂရီ အပြည့်မြင်နိုင်မယ့် fisheye lens တွေကိုသုံးထားပြီး နောက်ကင်မရာက 13MP နဲ့ ရှေ့ကင်မရာက 8MP ရှိတယ်လို့သိရပါတယ်။
ဒီဖုန်းနဲ့ရိုက်ကူးသမျှ 360-degree video တွေနဲ့ ဓာတ်ပုံတွေကိုလည်း Facebook, Youtube အပါအဝင် အခြား social network တွေမှာ တိုက်ရိုက် upload ပြုလုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။
အခြား specs တွေကတော့
  • Android 6.0 Marshmallow
  • 2.5GHz deca-core Helio X20 MT6797 processor
  • 4GB RAM
  • 64GB internal storage
  • 3560mAh battery
  • USB-C
  • Fingerprint sensor
ဒီဖုန်းကို version နှစ်မျိုးထုတ်လုပ်မှာဖြစ်တယ်လို့သိရပြီး ရိုးရိုး version ကို ဒေါ်လာ (၆၀၀) နဲ့ ရတနာတွေ ပါဝင်တဲ့ version ကို ဒေါ်လာ (၁၃၀၀) ကျသင့်နိုင်တယ်လို့ China Daily က ခန့်မှန်းပါတယ်။

Mashable Website ကတော့ ဒေါ်လာ (၅၀၀) နဲ့ ဒေါ်လာ (၈၀၀) သာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
version နှစ်မျိုးစလုံးရဲ့ specs တွေအားလုံးက အတူတူဖြစ်ပြီး ရတနာတွေပါတာနဲ့ မပါတာဘဲ ကွာမှာ ဖြစ်တယ်လို့ သိရပါတယ်။




 

Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com