3/08/2017

♪ “Apple က 32GB iPhone 6 ကိုရောင်းပြီ” ♫

Image may contain: phone

Apple က 16GB, 64GB နဲ့ 128GB iPhone 6 များကို ၂၀၁၄ ခုနှစ်မှာ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ အာရှနိုင်ငံများအတွက် 32GB iPhone 6 Model ကိုရောင်းချပေးလိုက်ပါတယ်။ မော်ဒယ် အသစ်ဟာ Specifications အပိုင်းမှာအခြားမော်ဒယ်များနဲ့ တူညီပါတယ်။

ထိုင်ဝမ် အခြေစိုက် မိုဘိုင်းအော်ပရေတာ Taiwan Mobile က Limited Edition အဖြစ် iPhone 6 Model အသစ်ကိုရောင်းချပေးမယ်လို့ ပြောပါတယ်။ ကုမ္ပဏီကသူတို့ ရောင်းချပေးဖူးတဲ့ iPhone တွေထဲမှာဈေးအသက်သာဆုံး မော်ဒယ်လို့ ကြော်ငြာနေပါတယ်။ Taiwan Mobile က တစ်လလျှင် ၄၅ ဒေါ်လာဖြင့် လပေါင်း ၃၀ အရစ်ကျ ပေးသွင်းနိုင်တဲ့ ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပါတယ်။

Apple က 32GB iPhone 6 Model ကိုယခင်လနှောင်းပိုင်းကတရုတ်တွင် ရောင်းချပေးခဲ့ပါတယ်။ တရုတ်ရဲ့ အွန်လိုင်းအရောင်းဆိုင်များကနေလည်း မော်ဒယ်အသစ်ကိုရောင်းချပေးမယ်လို့ ထင်ရပါတယ်။ မော်ဒယ် အသစ်ကို ရွှေရောင်တစ်မျိုးတည်းသာထုတ်လုပ်ပေးထားပါတယ်။ ထိုင်ဝမ်မှ အခြား မိုဘိုင်းအော်ပရေတာ များမှာရောင်းချမယ့် သတင်းကိုမသိရသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com