3/09/2017

♪ “Facebook က Messenger မှာ Dislike နဲ့ Reactions Button များကို စမ်းသပ်နေ” ♫

Image may contain: text

Facebook မှာ Reaction များဟာလူသုံးများတဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ အခုအခါမှာကုမ္ပဏီက Messenger မှာ Reactions နဲ့ Dislike Buttons များကို ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ Messenger မှာအဲဒီစွမ်းဆောင်ချက်များ ထည့်သွင်းစမ်းသပ်နေတာကို TechCrunch က တွေ့ရှိခဲ့တာ ဖြစ်ပြီး Facebook Newsfeed မှာအသုံးပြုနေကျ Reaction များနဲ့ ကွဲပြားပါတယ်။

သူငယ်ချင်းတစ်ယောက်ပေးပို့တဲ့ Message အပေါ်ကိုဖိထားရင် Heart-Eyes, Lol, Wow, Sad, Angry Emoji များ၊ Thumbs-Up Like , Thumbs-Down Dislike များကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Messenger ရဲ့ Group Chat များမှာ ပါဝင်တဲ့ လူများရဲ့ Reactions အရေအတွက်ကို ပြသပေးတဲ့ Reactions Counter လည်းထည့်သွင်းပေးထားပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ဟာ Messenger ကိုအသုံးပြုတဲ့အခါမှာပျော်ရွှင်စေမယ့် နည်းလမ်းများကိုအမြဲတီထွင်နေ ပါတယ်။ အခုလည်း Users များရဲ့ စိတ်ခံစားချက်များကိုဖော်ပြနိုင်မယ့် စွမ်းဆောင်ချက်ကိုစမ်းသပ်နေပါတယ်” လို့ ပြောပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com