3/09/2017

♪ " ၀ယ်ယူသည့် Data ပမာဏဧ။် (၅၀) ရာခိုင်နှုန်းသော Data ပမာဏ အပိုထပ်မံရရှိမည့်အစီအစဉ်ကို MPT ပြုလုပ်ပေးခဲ့ " ♫

No automatic alt text available.

MPT ၏ ရက် (၃၀) အသုံးပြုနိုင်မည့် ရောင်စုံဒေတာပက်ကေ့ခ်ျများကို သုံးစွဲနေသူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသည့် ဒေတာပမာဏ၏ ၅၀ ရာခိုင်နှုန်းသော ဒေတာအပိုဆုကို မိမိတို့ဝယ်ယူထား သည့် ပက်ကေ့ခ်ျအလိုက် ထပ်ဆောင်းရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဒေတာအပိုဆုများကို ပက်ကေ့ခ်ျသတ်တမ်းကုန်ဆုံးသည့်အချိန်ထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်စုံတစ်ရာ ထပ်မံကုန်ကျခြင်းမရှိဘဲ လူမှုကွန်ရက်မီဒီယာများ အသုံးပြုခြင်း၊ ဓာတ်ပုံများ ဝေမျှခြင်း၊ မိမိတို့နှစ်သက်ရာ အက်ပလီကေးရှင်းများ အသုံးပြုခြင်း အစရှိသည်တို့ကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။

MPT ၏ ဆွေသဟာအစီအစဉ်ရယူထားသော GMS/WCDMA (prepaid/postpaid) အသုံးပြုသူအားလုံးသည် ပက်ကေ့ခ်ျအလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်သို့ ခေါ်ဆို၍ဖြစ်စေ စာတိုပေးပို့၍ဖြစ်စေ ပက်ကေ့ခ်ျဝယ်ယူရုံဖြင့် အဆိုပါဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းကို ပရိုမိုးရှင်းကာလအတွင်း အလိုအလျောက် ရယူနိုင်သည်။ ဒေတာအပိုဆုကို 1GB ပက်ကေ့ခ်ျဝယ်ယူလျှင် 1.5GB ၊ 2GB ပက်ကေ့ခ်ျဝယ်ယူလျှင် 3GB စသည်ဖြင့် အသီးသီးရရှိနိုင်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ခုလိုအစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲ ၀မ်းသာမိပါတယ်။ သုံးစွဲသူတွေဟာ ဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းနဲ့အတူ မိမိတို့နှစ်သက်ရာအကြောင်းအရာများကို MPT ကွန်ရက်ပေါ်ကနေ ပိုမိုလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com