3/08/2017

♪ " Facebook အကောင့်များ အလိုအလျောက် Lock ကျမှုဖြစ်ပွား " ♫

Image may contain: one or more people, phone, screen and text

Facebook Users အချို့ရဲ့အကောင့်များဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အစောပိုင်းမှာ အလိုအလျောက် Lock ကျမှုဖြစ်ခဲ့ပါတယ်။ လော့ကျသွားတဲ့ အကောင့်ပိုင်ရှင်များဟာ Login ၀င်လို့လည်း မရသလို Verify ပြုလုပ်လို့လည်း မရခဲ့ဘူးလို့ သိရပါတယ်။

အချို့ Users များကိုတော့ အကောင့်ဟက်ခံရတယ်ဆိုတဲ့ အီးမေးလ်ဝင်လာပြီး Password ကို ပြောင်းခိုင်းခဲ့ပါတယ်။ အချို့ User များဟာ Password အသစ် ပြောင်းနိုင်ခဲ့ပေမယ့် အကောင့်ထဲဝင်လို့ မရခဲ့ပါဘူး။ Facebook မှ ပြောရေးဆိုခွင့်ရှိသူက "ကျွန်တော်တို့ရဲ့ Account Recovery Software ရဲ့ အမှားဖြစ်ပါတယ်။

အဲဒီဆော့ဖ်ဝဲ ဟာ Facebook Users များရဲ့ အကောင့်များကို မသင်္ကာသူများ ၀င်ရောက်ခြင်းမပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုတော့ ဆော့ဖ်ဝဲအမှားကို ပြင်ဆင်ပေးခဲ့ ပြီဖြစ်ပြီး လော့ကျသွားတဲ့ အကောင့်ပိုင်ရှင်များလည်း သူတို့ရဲ့အကောင့်ကို ပြန်လည်အသုံးပြုလို့ရပါပြီ။ 

ဒီလိုဖြစ်တာဟာ ဟက်ကာများရဲ့ လက်ချက်လည်း မဟုတ်ပါဘူး။ Facebook အသုံးပြုသူများအား အဆင်မပြေဖြစ်မှုအတွက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။ Facebook က လော့ကျသွားတဲ့ အကောင့် အရေအတွက် ပမာဏကို ပြောကြားခြင်း မရှိပါဘူး။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com