3/08/2017

♪ " Apple မှ iPhone 6 အသစ်ကို အာရှဈေးကွက်အချို့အတွက် ထုတ်လုပ် " ♫

Image may contain: phone

မူလ iPhone 6 သည် 2014 တွင်ထုတ်လုပ်ခဲ့ပြီး ယခုအခါ Apple မှ iPhone 6 version အသစ်ကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ iPhone 6 အသစ်တွင် storage 32 GB ပါဝင်လာ မည်ဖြစ်သည်။

အဆိုပါ iPhone model အား တရုတ်တွင်ဝယ်ယူနိုင်ပြီဟု သိရပြီး Apple မှ ရောင်းချခြင်းမဟုတ်ဘဲ အခြားသောလက်လီဖုန်းဆိုင်များမှ ရောင်းချနေခြင်းသာဖြစ်သည်။ အဆိုပါ model အသစ်ကိုပင် Taiwan Mobile မှ မတ်လ 10 ရက်တွင် စတင်ရောင်းချလိမ့်မည်ဟု ဆိုထားသည်။ 2014 ထုတ်လုပ်စဉ်က 16 GB, 64 GB နှင့် 128 GB သုံးမျိုးသာ ထုတ်လုပ်ခဲ့ပြီး 32 GB iPhone 6 ကိုမူ ယခုမှ စတင်တွေ့ကြရခြင်းဖြစ်သည်။ လက်ရှိကာလတွင် ဈေးသက်သာသော iPhone ဈေးကွက်ကို ဦးဆောင်နေသူမှာ iPhone SE ဖြစ်ပြီး 4” display သာပါဝင်သော်လည်း ဖုန်းတွင်းပိုင်းပစ္စည်းများအရ iPhone 6 ထက်ပိုမိုကောင်းမွန်ကြောင်း တွေ့ကြရသည်။ 

Taiwan Mobile မှ ရွှေရောင် 32 GB iPhone 6 ကို လသုံးဆယ် contract ဖြင့် အခမဲ့ရောင်းချပေးနေပြီး တစ်လလျှင် US$ 45 ၀န်းကျင်ကျသင့်ကြောင်း သိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com