3/09/2017

♪ " LG K10 (2017) VS LG K8 (2017) " ♫

Image may contain: phone

အခုတစ်ခါမှာ LG K8 (2017) နဲ့ LG K10 (2017) ဆိုတဲ့ စမတ်ဖုန်း ၂ လုံးကို နှိုင်းယှဉ်ပေးချင်ပါတယ်။ ၄င်းဖုန်း ၂ လုံးမှာ တူညီတဲ့အချက်တွေရှိသလို ကွဲပြားနေတဲ့အချက်တွေလည်း ရှိပါတယ်။ ဖုန်း ၂ ခုလုံးက ၂ဝ၁၇ မော်ဒယ်တွေဖြစ်တဲ့အတွက် နောက်ဆုံးပေါ်အဆင့်မြင့် features တွေပါရှိပြီး အဆင့်မီတဲ့ specs တွေကို ထည့်သွင်းထားပါတယ်။

မျက်နှာပြင်အရွယ်အစား၊ Processor အမျိုးအစား၊ RAM စွမ်းအား၊ ပါရှိတဲ့ Internal memory ၊ ထပ်စိုက်သုံးနိုင်တဲ့ micro SD card memory ပမာဏနဲ့ ဘက်ထရီအမျိုးအစားတွေမှာ ကွာခြားပြီး ဖုန်းအရွယ်အစား၊ ကင်မရာ အရည်အသွေး၊ မျက်နှာပြင်စွမ်းအားနဲ့ သုံးထားတဲ့ Operation System တို့ကတော့ အားလုံးနီးပါးတူညီကြပါတယ်။ ၄င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပေမယ့် ၂ ခုလုံးကို Single SIM နဲ့ Dual SIM version ၂ မျိုးလုံးကို ထုတ်လုပ်ထားပါတယ်။ Android OS, v7.0 (Nougat) ကို ဖုန်း ၂ ခုလုံးမှာ run ထားပြီး Internal memory ၊ RAM စွမ်းအား၊ ဘက်ထရီစွမ်းအားနဲ့ အရေးကြီးဆုံးဖြစ်တဲ့ processor စွမ်းအား ပိုင်းတွေ အားလုံးမှာ LG K10 (2017) က ပိုမိုကောင်းမွန်မှုရှိပါတယ်

** Design **

1. LG K10 (2017)

LG K10 (2017) ရဲ့ အရွယ်အစားက 148.7 x 75.3 x 7.9 mm ရှိပြီး
အလေးချိန်က 144g လေးပါတယ်။ အနည်းငယ်ကွေးနေတဲ့ Metallic U Frame ကို 2.5D Arc Glass နဲ့ ဖုံးအုပ်ထားပါတယ်။ အရွယ်အစားကလည်း ကိုင်တွယ်သုံးစွဲလို့ အနေတော်ပါပဲ။

2. LG K8 (2017)

LG K8 (2017) ရဲ့ အရွယ်အစားကတော့ 144.5 x 72.1 x 8 mm ရှိပြီး 142g လေးပါတယ်။ ဒါကြောင့် K10 (2017) နဲ့ အရွယ်အစား သိပ်မကွာပါဘူး။ ၄င်းကိုရရှိနိုင်တဲ့အရောင်တွေက Silver, Titan, Gold နဲ့ Dark Blue တို့ ဖြစ်ပါတယ်။

** Processor **

1. LG K10 (2017)

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 2GB ပါရှိတဲ့ Mediatek MT6750 Octa-core 1.5GHz Cortex-A53 processor နဲ့ Mali-T860MP2 GPU တို့ကို ပေါင်းစပ် ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှု ရှိပါတယ်။

2. LG K8 (2017)

K8 (2017) မှာ Qualcomm MSM8917 Snapdragon 425 Quad-core Cortex-A53 1.4GHz processor ကို ထည့်သွင်းပေးထားပြီး RAM ကတော့ 1.5GB သာ ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာ K10 (2017) လောက်တော့ မကောင်းပါဘူး။

** Display **

1. LG K10 (2017)

မျက်နှာပြင်အကျယ် 5.3-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက 720 x 1280 pixels ပမာဏ ရှိပါတယ်။

2. LG K8 (2017)

၎င်းက K10 (2017) နဲ့ display အမျိုးအစားချင်းရော မျက်နှာပြင်အကျယ်က
၅ လက်မသာ ရှိပါတယ်။ ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားချင်းက တူညီပြီး ဖုန်း ၂ ခုစလုံးက multitouch စနစ်ကို ထောက်ပံ့ပေးထားပါတယ်။

** Verdict **

1. LG K10 (2017)

LG K10 (2017) မှာ Removable Li-Ion 2800mAh battery က ဖုန်း
ဘက်ထရီစွမ်းအားကိုလည်း လုံလောက်စွာ ပံ့ပိုးထားပြီး အလွန်အသုံးဝင်တဲ့ တခြားအဆင့်မြင့် features တွေလည်း ပါရှိပါသေးတယ်။ ရရှိနိုင်တဲ့
အရောင်တွေကတော့ Black, Gold နဲ့ Titan အရောင်တို့ပဲ ဖြစ်ပါတယ်။

2. LG K8 (2017)

LG K8 (2017) မှာ ပါရှိတဲ့ specs တွေက LG K10 (2017) ထက် အနည်းငယ် ပိုနိမ့်ပေမယ့် သူ့ဈေးနှုန်းနဲ့သူတော့ သုံးစွဲရတာ အဆင်ပြေတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဒီဇိုင်းပုံစံတွေနဲ့ features တွေ တော်တော်များများကတော့ အားလုံးနီးပါး K10 (2017) နဲ့ တူညီမှုရှိတာကို တွေ့ရပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com