3/19/2017

♪ " Samsung Galaxy C9 Pro ကိုမတ်လ (13) ရက်နေ့မှစတင်ကာ ပြည်တွင်းဈေးကွက်တွင် ၀ယ်ယူရရှိနိုင်ပြီ " ♫

Image may contain: phone

Samsung Myanmar ရဲ့ Smartphone Model အသစ်တစ်ခုဖြစ်သော Galaxy C9 Pro မိတ်ဆက်ပွဲကို (2017) ခုနှစ်၊ မတ်လ (9) ရက်နေ့တွင် Cellar Door Wine Bar မှာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ Galaxy C9 Pro Smartphone ကို ပြည်တွင်းဈေးကွက်မှာမတ်လ (13) ရက်နေ့မှစတင်ကာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပြီးငွေကျပ် (72,0000) ၀န်းကျင်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာအရောင်တွေအဖြစ် ရွှေရောင်၊ အနက်ရောင်နဲ့ ပန်းရောင်စတဲ့ အရောင် (3) မျိုးဖြင့် ထုတ်လုပ်ပေးထားပါတယ်။

Samsung Myanmar ၏ Head of IT and Mobile ဖြစ်သူ ကိုဇာနည်ဝင်းထက်က “ ဒီဖုန်းမှာ 64-bit Octa Core Processor ကို ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူများအနေဖြင့် ဖျော်ဖြေရေးဆိုင်ရာလုပ်ဆောင် ချက်များ၊ ဂိမ်းများစတာတွေကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရ ကြည့်မယ်ဆိုရင်လည်း အလွန်နှစ်သက်ဖွယ်ကောင်းအောင် ဖန်တီးလုပ်ဆောင်ပေး ထားတာကို တွေ့မြင်ရမှာပါ။ Samsung ကနေ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်အသစ်များကို စဉ်ဆက်မပြတ်ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ် “ ဟုပြောကြားခဲ့ပါတယ်။

ဒီဖုန်းဟာ Samsung အမှတ်တံဆိပ် Smartphone တွေထဲမှာ RAM (6) GB ပါရှိတဲ့ ပထမဆုံး Smartphone တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် Snapdragon 653 အမျိုးအစားOcta-Core (1.95) GHz Processor ကို အသုံးပြု ပေးထားတာကြောင့် လုပ်ဆောင်ချက်တွေကို မြန်ဆန်သွတ်လတ်စွာ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အပြင် ရုပ်ထွက်ပိုင်းတွေ ပိုမိုကောင်းမွန်စေဖို့ကိုလည်း Adreno 510 GPU ကထောက်ပံ့ပေးမှာပါ။ Internal Memory (64) GB ပါရှိကာ Memory ကိုထပ်မံတိုးမြှင့်အသုံးပြုလိုသူတွေ အဆင်ပြေစေဖို့အတွက် SD Card Slot တစ်ခုကိုထည့် သွင်းပေးထားပါတယ်။ တိုးမြှင့်အသုံးပြုခွင့်ပေးထားတဲ့ Memory ပမာဏကတော့ (256) GB ပါ။ Operating System ကတော့ Android Version 6.0 (Marshmallow) ကိုအသုံးပြုပေးထားတာပါ။ ဒါ့အပြင် Home Button မှာ Fingerprint Scanner ကိုထည့်သွင်းပေးထားပြီး Fingerprint ID များဖြင့် Screen Unlock ပြုလုပ် ခြင်း၊ Apps Lock ပြုလုပ်ခြင်းတွေလည်းလုပ်ဆောင်လို့ ရပါတယ်။


မျက်နှာပြင်အရွယ်အစားကတော့ (6.0) လက်မရှိတာကြောင့် Galaxy Note Series တွေထက် အရွယ်အစားကြီးမားတဲ့ Smartphone တစ်လုံးလို့ ဆိုနိုင်ပါတယ်။ Super AMOLED Capacitive Touchscreen ကို အသုံး ပြုပေးထားတဲ့အပြင် Screen Resolutuon က (1920x1080) Pixels Full HD ဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းစတာတွေ ပြုလုပ်တဲ့အခါမှာရုပ်ထွက်ပိုင်းကြည်လင်ပြတ်သားကောင်းမွန်မှုရှိနေတာကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ Multitouch အသုံးပြုနိုင်မှာဖြစ်သလို ကြီးမားတဲ့ မျက်နှာပြင်ဖြစ်တာကြောင့် Multi-tasking တွေကိုပါအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။


နောက်ပြီးတော့ ယခုနောက်ပိုင်း Samsung ရဲ့ Model မြင့်ဖုန်းတွေမှာပါရှိတဲ့ Always On Display လုပ်ဆောင်ချက်လည်း ဒီဖုန်းမှာပါရှိပါတယ်။ ကိုယ်ထည်ကိုလုံးပြည့်သတ္တုကိုယ်ထည်ပုံစံဖြစ်အောင် ပြုလုပ်ဖန်တီးပေးထားကာကျစ်ကျစ်လစ်လစ်နဲ့ လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်စေမယ့်ပုံစံမျိုးဖြစ်နေ တာကိုလည်းတွေ့မြင်ရမှာပါ။ ဘေးဘောင်တွေကိုသေသပ်ပါးလွှာမှုရှိအောင် ပြုလုပ်ပေးထားပြီးဖုန်းရဲ့အထူက (6.9) မီလီမီတာသာရှိကာအလေးချိန်ကတော့ (189) ဂရမ် ရှိပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ Power buttonကို တွေ့မြင်ရမှာဖြစ်ပြီး ဘယ်ဘက်မှာ Volume Keys တွေနဲ့ Sim Slot, SD Card Slot တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အနောက်ကင်မရာက (16.0) Megapixels ရှိပြီး F1.9 Lens ကို တပ်ဆင်ပေးထားတာကြောင့် ညအချိန်နဲ့ အလင်းရောင်နည်းပါး အခြေအနေတွေမှာ ပုံရိပ်တွေကိုကြည်လင်ပြတ်သားမှုရှိစွာဖမ်းယူရရှိနိုင်စေမှာ ဖြစ်ပါတယ်။ မြန်ဆန်တဲ့ Autofoccusစနစ်တွေနဲ့အတူ အနောက်ကင်မရာ အတွက်ကို Dual LED Flash ကိုပါထည့်သွင်းပေးထားပြီး Full HD ဗီဒီယိုတွေကိုပါ ရိုက်ကူးမှတ်တမ်းတင်နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ Panorama, HDR, Manual စတဲ့ Camera Mode တွေလည်းပါဝင်ပါတယ်။ အရှေ့ကင်မရာကတော့ (16.0) Megapixels ဖြစ်ပြီးကောင်းမွန်တဲ့ Selfieဓာတ်ပုံတွေရရှိနိုင်စေဖို့ ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။ Connectivity ပိုင်းမှာWifi, NFC စတာတို့အပြင် Type-C 1.0 reversible connector လည်းပါဝင်တာကြောင့် Data Transfer ပြုလုပ်ခြင်း၊ ဖုန်းဘက်ထရီအား ပြန်သွင်းခြင်းစတာတွေပြုလုပ်ရာမှာ မြန်ဆန်နေစေပါလိမ့်မယ်။


GSM,WCDMA နဲ့ LTE Network တို့မှာအပြည့်အ၀ Support လုပ်မှာဖြစ်ပြီး Dual Simအသုံးပြုနိုင်မှာဖြစ်ကာ Nano Sim ထည့်သွင်း အသုံးပြုရမှာပါ။ ဒါ့အပြင် (4000) mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားတာကြောင့်လည်းရုပ်ရှင်ကြည့်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းစတာတွေ ကိုအချိန်ကြာကြာ လုပ်ဆောင်လို့ရမှာ ဖြစ်ပါတယ်။ Samsung Myanmar ကနေ Galaxy C9 Pro ကိုစတင်ရောင်းချတဲ့အခါ အထူးအစီအစဉ်အနေဖြင့် Telenor Myanmar နဲ့ ပူးပေါင်းပြီး (6) လဆက်တိုက် တစ်လလျှင် ငွေကျပ် (3000) နှင့် အထက် ဖြည့်သွင်းသူများအတွက် လစဉ် (1) GB Data ကို အခမဲ့ ပေးအပ်သွားပါလိမ့်မယ်။ Galaxy C9 Pro ကို Samsung Brand Shop များနဲ့ ပြည်တွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှာ ၀ယ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com