3/01/2017

♪ " Leica မှ Huawei ဖုန်းနှစ်လုံးအား teaser အဖြစ် ပြသသွားခဲ့ " ♫

Image may contain: text

ဘာစီလိုနာရှိ Mobile World Congress ပွဲမစမီတွင် Leica သည် ၄င်း၏ ကုမ္ပဏီမှ ကင်မရာပါဝင်သော Huawei ဖုန်းနှစ်လုံးနှင့် ပတ်သက်၍ teaster တစ်ခုကို Instagram တွင် တင်သွားခဲ့သည်။ အဆိုပါ teaser ပုံမှာ အဖြူ၊ အမည်းပုံသာဖြစ်ပြီး Huawei P 10, P 10 Plus + Leica ဟု စာရေးသားထားသည်။

Leica ကင်မရာနှင့် ပူးတွဲဖန်တီးခဲ့သော Huawei P 10 လာနေပြီဟု စာရေးသားဖော်ပြထားသည်။ ထိုပုံတင်ပြီးနောက် နှစ်နာရီအကြာတွင် Huawei မှလည်း အဆိုပါပုံကို ထပ်တင်ခဲ့ပြီး Huawei P 10 အား Leica ကင်မရာနှင့် ဆက်လက်ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၍ အထူးစိတ်လှုပ်ရှားရသည်ဟု စာရေးသားဖော်ပြခဲ့သည်။ ယခင်က Huawei နှင့် Leica သည် P9 ဖုန်းတွင် dual camera system အတွက် ပူးပေါင်းခဲ့ကြပြီးဖြစ်သည်။ ကင်မရာတစ်ခုအား အဖြူ၊ အမည်းပုံရိုက်ရန် အဓိကသုံးပြီး ကင်မရာနှစ်ခုစလုံးသည် DSLR ကင်မရာများကဲ့သို့ Shallow depth field effcet ကို ရိုက်ကူးနိုင်ကြသည်။

iPhone 7 Plus တွင် ပါဝင်သည့် Portrait mode ကဲ့သို့ ပုံစံမျိုးဖြစ်သည်။ P 10 နှင့် P 10 Plus တို့ကို တရားဝင်ကြေညာရခြင်းမရှိသေးသော်လည်း MWC ပွဲ၏ စိတ်ဝင်စားစရာဖုန်းများစာရင်းတွင် အဓိကပါဝင်လျက်ရှိသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com