2/28/2017

သံကောင်းနဲ့ listen, Auto file နားထောင်နိုင်တဲ့ - Pi Music Player Version -2.4.4 Apk


Android ဖုန်းအသုံးပြုများအတွက် အရမ်းကို နားထောင်ရကောင်း Pi Music Player တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီ Music Player သီချင်းတွေကို ဖိုင်လိုက် Auto support လုပ်ပါတယ်။ ဒီ application ထဲကနေပြီး ဖုန်းများကို သီချင်းတွေ ပေးပို့နိုင်ပါတယ်။ အသုံးပြုမယ်ဘော်ဒါတွေအတွက် ဒီကောင်းလေး ဖိုင်ဆိုဒ်က 4MB ဖြစ်ပြီး Android OS 4.1 ထက်ဖုန်းများအသုံးပြုနိုင်ပါတယ်။ 



ဝင်းလှိုင်-နည်းပညာ








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Live Video များအတွက် အလှဆင်ပေးတဲ့ Asus ZenFone Live ကို ကြေညာ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/asus_zenfone_live_screen_1487918269158.jpg?fit=800%2C450&ssl=1

ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူ Asus က Selfie နဲ့ Live Video များ အတွက် အထူးဖန်တီးထားတဲ့ ZenFone Live ကို ကြေညာလိုက်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ ထူးခြားချက်မှာ Live Video များ ထုတ်လွှင့်တဲ့အခါမှာ အလှဆင်ပေးတဲ့ စွမ်းဆောင်ချက် ပါရှိတာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံများကို မသိရသေးပါဘူး။

Asus ZenFone Live မှာ Live Video များတွင် လှပအောင် ပြုလုပ်ပေးတဲ့ BeautyLive App ပါရှိပါတယ်။ Live Video ထုတ်လွှင့်သူကို လှပစေခြင်း၊ အစက်အပြောက်များကို ဖယ်ရှားပေးခြင်း စတဲ့ စွမ်းဆောင်ချက်များ ပါရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ZenFone Live မှာ အသံဆူညံမှုများကို ဖယ်ရှားပေးတဲ့ MEMS မိုက်ကရိုဖုန်းလည်း ပါပါတယ်။ BeautyLive App ကနေ Facebook, YouTube တို့မှာ ဗီဒီယိုများ တိုက်ရိုက် ထုတ်လွှင့်နိုင်ပါတယ်။

Asus ZenFone Live မှာ ၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ Android Marshmallow အခြေပြု ZenUI 3.5 ထည့်သွင်းထားပါတယ်။ Quad-Core Qualcomm Processor တပ်ဆင်ထားပေမယ့် မော်ဒယ်ကို ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ 2GB RAM တပ်ဆင်ထားပြီး 16GB or 32GB Model များ ထုတ်လုပ်ပေးထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

13MP Rear Camera , 5MP Front Camera , 2650mAh Battery များ တပ်ဆင်ထားပါတယ်။ ရွှေ၊ နှင်းဆီပန်းနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Android Contacts များအတွက် Nickname သတ်မှတ်နည်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-9.jpg?fit=800%2C450&ssl=1

Relationship Status ဟာ Facebook လို လူမှုကွန်ရက်များအတွက်သာ မဟုတ်ပါဘူး။ သင့်ရဲ့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ စသဖြင့် Android Device မှ Contacts များအတွက် Nickname များကို သတ်မှတ်နိုင်ပါတယ်။ အဲဒီ Nickname များကို သင့် စမတ်ဖုန်းမှ Google ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို မှတ်သားခိုင်းထားနိုင်ပါတယ်။ ဥပမာအားဖြင့် သင့် ဇနီးထံ ဖုန်းခေါ်ချင်ရင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို “ Ok Google , Call my wife “ လို့ ပါးစပ်ကနေ ပြောလိုက်ရုံပါပဲ။ “ Ok Google, text my sister “ လို့ ပြောလိုက်တာနဲ့ အိုကေပါပြီ။ သတ်မှတ်နိုင်တဲ့ Nickname များကို Google က ဒီဝက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Nickname များ သတ်မှတ်ဖို့အတွက် Google App ကို ဖွင့်ပါ။ သို့မဟုတ် Google App Settings> Ok Google detection ကို On ထားရင်တော့ Google App ကို ဖွင့်စရာ မလိုဘဲ “ Ok Google “ လို့ ပြောလိုက်တာနဲ့ Google App ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဥပမာအားဖြင့် “ Thin Thin is my wife” လို့ ပြောပါ။ ( Thin Thin ဟာ သင့် Phone Contact ထဲမှာ ရှိနေရပါမယ်။ ) အဲဒီနောက်မှာ အမှန်ခြစ်ခလုတ်ကို နှိပ်ပါ။


ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က မြန်မာနာမည်ကို မမှတ်မိရင် တစ်လုံးချင်းပြောပြီး မှတ်ခိုင်းနိုင်ပါတယ်။ သူက သင့် Contact အတွက် Nickname ကို မှတ်မိပြီဆိုရင် တစ်နည်းအားဖြင့် အမှန်ခြစ်ခလုတ်လေး ပေါ်လာပြီဆိုရင်တော့ နောက်တစ်ခါ သင့်ဇနီးထံ ဖုန်းခေါ်ချင်ရင် Google App ဖွင့်ပါ။ သို့မဟုတ် “ Ok Google “ လို့ ပြောပါ။ ပြီးရင် “ Call my wife “ လို့ ပါးစပ်က ပြောပါ။ ဒါဆိုရင် သင့် ဇနီးထံ ဖုန်းခေါ်ပေးမှာဖြစ်ပါတယ်။

ဖုန်းခေါ်ဖို့သာမက Google Hangouts ကနေ Message များ ပေးပို့ဖို့အတွက်လည်း Nickname များကို အသုံးပြုနိုင်ပါတယ်။ “ Send a Hangouts message “ လို့ ပြောရမှာပါ။ ဒီနည်းအတိုင်းပဲ Gmail ကနေ အီးမေးပို့ဖို့လည်း ပြုလုပ်နိုင်ပါတယ်။

Third-Party Apps များ အားလုံးအတွက်တော့ Nickname များကို အသုံးပြုလို့ မရသေးပါဘူး။ ဒါပေမယ့် တစ်ဖြည်းဖြည်း အသုံးပြုလို့ ရလာတော့မှာ ဖြစ်ပါတယ်။

Nickname များကို ဖျက်ဖို့အတွက် ဥပမာအားဖြင့် “ Ok Google , Richard is not my boss “ လို့ ပြောရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ LG က Full Vision Display ပါတဲ့ G6 ကို မိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-10.jpg?fit=800%2C450&ssl=1


LG က Mobile World Congress ပွဲမှာ G6 ကို မိတ်ဆက်လိုက်ပါတယ်။ LG G6 မှာ ၅.၇ လက်မ 2880x1440p IPS LCD Display တပ်ဆင်ထားပြီး မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပါတယ်။ LG က အဲဒီဒီဇိုင်းကို FullVision လို့ ခေါ်ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကို ကြည့်လိုက်ရင် ဘေးဘောင်များကို မမြင်ရဘဲ မျက်နှာပြင်ကိုသာ ထင်ထင်ရှားရှားမြင်ရတဲ့အတွက် ရှင်းလင်း လှပပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၆၅ ဖြစ်ပါတယ်။ ဖုန်းရဲ့ ထောင့်ဘေးဘက်ကို လုံးဝန်းအောင်ပြုလုပ်ထားခြင်းက လှပရုံသာမက အောက်ပြုတ်ကျရင်လည်း LCD Display ဟာ ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှာ အကြမ်းခံတဲ့ Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်ကို Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။



G6 ဟာ IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ခြင်း၊ ဖုန်မ၀င်အောင် ကာကွယ်နိုင်ခြင်း စတဲ့ စွမ်းရည်များလည်း ရှိပါတယ်။ G Series Phone များမှာ ပထမဆုံး အနေဖြင့် အဲဒီ စွမ်းရည်များ ပါဝင်လာတာ ဖြစ်ပါတယ်။ ရေစိုခံနိုင်အောင် ပုံစံထုတ်ထားတဲ့အတွက် ဘက်ထရီကို ဖြုတ်လို့ မရပါဘူး။ G6 မှာ အစိတ်အပိုင်းများ ဖြုတ်၊ တပ် လဲလှယ်လို့ရတဲ့ G5 ရဲ့ Modular Design ကို အသုံးပြုခြင်း မရှိတော့ပါဘူး။
 
G6 ရဲ့ အနောက်ဘက်မှာ 13MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာတစ်လုံးမှာ OIS နဲ့ Autofocus ပါပါတယ်။ အရှေ့ဘက်မှာတော့ 5MP Camera တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 821 Chipset မောင်းနှင်မှာပါ။ Chip ရဲ့ အထက်မှာ ကော့ပါးအပြားဖြင့် ဖုံးအုပ်ထားတဲ့ Advanced Heat Pipe က အပူကို ဖယ်ရှားပေးပါတယ်။

G6 မှာ 4GB RAM တပ်ဆင်ထားပြီး နိုင်ငံအပေါ်မူတည်၍ 32GB or 64GB Storage များ ရောင်းချပေးမှာဖြစ်ပါတယ်။ Storage ကို တိုးမြှင့်ဖို့ microSD Card စိုက်နိုင်ပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပြီး Pixel Phone များ ပြီးနောက် Google Assistant ပထမဆုံး ပါလာတဲ့ ဖုန်း ဖြစ်ပါတယ်။ Nougat ကို Full-Screen UX လို့ခေါ်တဲ့ LG ရဲ့ Skin နဲ့ ပေါင်းစပ်ထားပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် G6 Version မှာ ကြိုးမဲ့အားသွင်းစနစ် ပါရှိမှာဖြစ်ပါတယ်။ QuickCharge 3.0 ကိုတော့ ဗားရှင်းအားလုံးမှာ ထည့်သွင်းပေးထားပါတယ်။ G6 မှာ 3300mAh Battery တပ်ဆင်ထားပြီး ၉၆ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေး နိုင်ပါတယ်။ ၃၂ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ အနက်၊ အဖြူနဲ့ ပလက်တီနမ် အရောင်များ ထုတ်လုပ်ပေးထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။



Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Nokia 6 , Nokia 5 , Nokia 3 နဲ့ Nokia 3310 တို့ကို မိတ်ဆက်ပြီ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-12.jpg?fit=800%2C530&ssl=1

Nokia က MWC ပွဲမှာ စမတ်ဖုန်း အသစ် ၄ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း အားလုံးမှာ Pure Android OS နဲ့ Google Assistant ထည့်သွင်းထားပါတယ်။ Nokia 6 ရဲ့ အခြေခံ ဈေးနှုန်းမှာ ယူရို ၂၂၉ နဲ့ သူ့ရဲ့ တန်ဖိုးကြီး မော်ဒယ်မှာ ယူရို ၂၉၉ တန်ကြေးရှိပါတယ်။ Nokia 5 ကို ယူရို ၁၈၉ ၊ Nokia 3 ကို ယူရို ၁၃၉ ၊ Nokia 3310 ကို ယူရို ၄၉ သတ်မှတ်ထားပါတယ်။ ဖုန်းအားလုံးကို ယခုနှစ် ဧပြီလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာပါ။

Nokia 3310 မှာ ၂.၄ လက်မ QVGA Display တပ်ဆင်ထားပါတယ်။ 2MP Camera နဲ့ microSD Card Slot ပါပါတယ်။ Keypad Phone ဖြစ်ပြီး ဘက်ထရီသက်တမ်းမှာ ဖုန်းပြောရင် ၂၂ နာရီနဲ့ Standby အသုံးပြုရင် တစ်လ အသုံးခံပါတယ်။

 
Nokia 6 ဟာ စမတ်ဖုန်း ၄ လုံးထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်ပါတယ်။ Dual SIM Smartphone ဖြစ်ပြီး ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core Qualcomm Snapdragon 430 Processor , Adreno 505 GPU , 4GB RAM , 64GB Storage တပ်ဆင်ထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ PDAF ပါတဲ့ 16MP Rear Camera နဲ့ 8MP Front Camera ပါပါတယ်။ 4G LTE , Bluetooth 4.1, USB OTG, WiFi , GPS များကို ထောက်ပံ့ပါတယ်။ 3000mAh Battery ပါပါတယ်။ Dolby Atmos နည်းပညာပါတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button မှာ မြှပ်နှံထားပါတယ်။


 
Nokia 5 မှာ ၅.၂ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ အပြာ၊ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 2GB RAM, 16GB Storage, Qualcomm Snapdragon 430 , Android 7.1, 13MP Rear Camera, 8MP Front Camera များ တပ်ဆင်ထားပါတယ်။

 
Nokia 3 မှာ ၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP Camera ပါရှိပါတယ်။ Quad-Core MediaTek MT6737 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Huawei က Leica Selfie Camera ပါတဲ့ P10 ကို ကြေညာ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/5-5.jpg?fit=800%2C452&ssl=1

Huawei က MWC မှာ စွမ်းဆောင်ရည်မြင့် P10 ကို မိတ်ဆက်လိုက်ပါတယ်။ P10 ရဲ့ ဒီဇိုင်းကို 2.5D Curved Gorilla Glass 5 ဖြင့် ဆန်းသစ်ထားပါတယ်။ သတ္တုကိုယ်ထည်တပ်ဆင်ထားပြီး ခန့်ညားလှပပါတယ်။ P10 မှာ ၅.၁ လက်မ Full HD IPS Display တပ်ဆင်ထားပြီး P9 ရဲ့ ၅.၂ လက်မထက် အနည်းငယ် သေးငယ်ပါတယ်။ Mate 9 မှာလိုပဲ P10 မှာ Kirin 960 Chip မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းထားပါတယ်။

P10 ရဲ့ အနောက်ဘက်မှာ Leica Camera များဖြစ်တဲ့ 12MP Color နဲ့ 20MP Monochrome Sensors များ တပ်ဆင်ထားပါတယ်။ Color Camera မှာသာ OIS နည်းပညာ ပါပါတယ်။ Huawei က Variable Aperture Mode နဲ့ Beautification ကို ပေါင်းစပ်ထားတဲ့ Portrait Mode အသစ်ကို မိတ်ဆက်ထားးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အနောက်ကင်မရာများနဲ့ Leica Camera ပဲ ဖြစ်တဲ့ 8MP Selfie Sensor များကနေ အသုံးပြုနိုင်ပါတယ်။ ဆော့ဝဲနဲ့ ပေါင်းစပ်၍ အရှေ့ကင်မရာတစ်လုံးထဲကနေ Bokeh Effects များကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ကင်မရာ ၂ လုံးကတော့ Bokeh Effects များကို မရိုက်ကူးနိုင်ပါဘူး။



P10 မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button အသစ်ရဲ့ အောက်မှာ မြှပ်နှံထားပါတယ်။ EMUI 5.1 ရဲ့ စွမ်းရည်ကြောင့် Home Button ကို စွယ်စုံသုံးနိုင်ပါပြီ။ Home Button ကို တစ်ချက်နှိပ်ရင် Back , ဖိထားရင် Home နဲ့ ပွတ်ဆွဲရင် Task Switcher တို့ကို သုံးနိုင်ပါတယ်။ အဲဒီအတွက် Back နဲ့ Task Switcher Button များ မပါရှိတော့ပါဘူး။
 
P10 မှာ 3200mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။ Android Nougat ကို Emotion UI 5.1 ဖြင့် ပေါင်းစပ်ထားပါတယ်။ မတ်လမှာ အစိမ်း၊ အပြာ၊ နှင်းဆီရွှေ၊ အဖြူ၊ အနက်၊ ငွေ၊ ရွှေရောင်များကို ရောင်းချမှာပါ။ ယူရို ၆၄၉ သတ်မှတ်ထားပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Dual camera , 4GB RAM နဲ့ Energizer Energy E550LTE စမတ်ဖုန်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/jl.jpg?fit=800%2C450&ssl=1

နာရီဓာတ်ခဲကစလို့ ဓာတ်ခဲ အမျိုးအစား၊ အရွယ်အစား ပေါင်းစုံ ထုတ်လုပ်အောင်မြင်နေတဲ့ Energizer ကုမ္ပဏီက ၄င်းတို့ရဲ့ ခြေလှမ်းအသစ်အဖြစ် Energy E550LTE လို့အမည်ပေးထားတဲ့ စမတ်ဖုန်းအသစ် ကို ထုတ်လုပ်လိုက်ပါတယ်။



ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် octa-core 2GHz Mediatek’s MTK6755 chipset နဲ့ RAM 4GB တို့ကိုအသုံးပြုထားပြီး internal storage 64GB ပါဝင်ပါတယ်။

Full HD (1920x1080p) ထောက်ပံ့တဲ့ (၅.၅)လက်မ မျက်နှာပြင် ကိုသုံးထားပြီး ကျောဘက်မှာ (13MP+8MP) back camera နဲ့အတူ 8 MP selfie camera တို့ပါဝင်တဲ့အတွက် ကင်မရာ အရည်အသွေးကောင်းတဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုနိုင်ပါတယ်။

(၁၁.၁) မီလီမီတာ အထူသာရှိတဲ့ ဒီစမတ်ဖုန်းရဲ့ ကျောဘက်က dual camera အောက်ဘက်မှာ fingerprint sensor ပါဝင်ပြီး ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်စေဖို့ IP68 နည်းပညာကိုအသုံးပြုထားပါတယ်။

Fast charging နည်းပညာပါဝင်တဲ့ 4000mAh battery ကိုအသုံးပြုထားပြီး (၄၇၅) ဒေါ်လာဈေးနှုန်းနဲ့ လာမယ့်နွေရာသီမှာ စတင်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။


Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Allview X4 Soul” ♫

Image may contain: phone

Allview X4 Soul ဟာခေတ်မီတဲ့ဒီဇိုင်းပုံစံနဲ့အမည်းရောင်တစ်မျိုးတည်းကို သာသီးသန့်ထုတ်လုပ်ပေးထားတဲ့နောက်ဆုံးပေါ်အဆင့်မြင့်စမတ်ဖုန်းလေးပါပဲ။၎င်းမှာအဆင့်မြင့်ဖုန်းတွေရဲ့ပြယုဂ်တစ်ခုလိုဖြစ်လာတဲ့ dual camera စနစ် လည်းပါရှိပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Nano SIM Card 2 Card ကိုတစ်ပြိုင်နက်တည်းထည့်နိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။

၅.၅အကျယ်ရှိတဲ့မျက်နှာပြင်အကျယ်ကို LTPS IPS LCD capacitive touchscreen နဲ့ပြုလုပ်ပေးထားပြီးFull HD မြင်ကွင်းတွေကိုပြသ ပေးနိုင်လို့ရုပ်ရှင်တွေနဲ့ဗီဒီယိုတွေကိုကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ပါတယ်။မျက်နှာပြင်ကိုပိုမိုအကြမ်းခံနိုင်ဖို့အပေါ်ကနေCorning Gorilla Glass နဲ့ ထပ်အုပ်ပေးထားတာကြောင့် ပြုတ်ကျမှုဒဏ်တွေကိုလည်းခံနိုင်ရည် ရှိပါ တယ်။အနောက်ကင်မရာကdual camera စနစ်ဖြစ်ပြီးပထမကင်မရာက13MP နဲ့ဒုတိယကင်မရာက5MP ရှိပါတယ်။Selfieဓာတ်ပုံတွေရိုက်ဖို့အတွက် အရှေ့ကင်မရာက13MP ရှိပြီးအရှေ့ကင်မရာနဲ့အနောက်ကင်မရာနှစ်ခုလုံး ကFull HD ဗီဒီယိုတွေကိုရိုက်ကူးပေးနိုင်ပါတယ်။

Internal Memory 64GB ပါရှိတဲ့အပြင်Micro SD Card ကို256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါသေးတယ်။ကိုယ်ထည်အတွင်းထဲမှာဖုန်းစွမ်းဆောင် ရည်တွေကိုအထောက်အပံ့ပေးနိုင်မယ့်RAM 4GB ပါရှိတဲ့Octa-core (4x2.0 GHz Cortex-A53 & 4x1.0GHz Cortex-A53) processor, Mediatek MT6755 Helio P10 Chipset နဲ့Mali-T860MP2 တို့ကိုသုံးစွဲထားပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့Non-removable Li-Po 3000mAh battery ကိုအသုံးပြုပေးထားမှာပဲဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
CPU - Octa-core (4x2.0GHz Cortex-A53
& 4x1.0GHz Cortex-A53)
Memory - 64GB (up to 256GB)
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.0, A2DP, EDR, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 1 person, standing, beard, text and outdoor

မေး - အစ်ကိုရေ ကျွန်တော့် iPhone ကို ကျွန်တော့်ညီလေးယူကိုင်ပြီး လျှောက်နှိပ်လိုက်တာ အခု ကျွန်တော့် Phone Screen Color က အရင်ပုံမှန်မဟုတ်ဘဲ Black And White လိုမျိုး အရောင်ဖြစ်နေတယ်အစ်ကို။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ဒါဆို အစ်ကို့ Phone ရဲ့ Setting ထဲမှာရှိတဲ့ Invert Color ဆိုတာကို သွားဖွင့်မိထားလို့ ဖြစ်လိမ့်မယ်။ အစ်ကို့ iPhone ရဲ့ Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် General ထဲက Display Accommo-dations ထဲမှာရှိတဲ့ Invert Color ကို ပိတ်လိုက်ပါ။ ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်

မေး - အစ်ကို ကျွန်တော့် iPhone လေး ကျွန်တော်အခု စသုံးခါစမို့လို့ ကျွန်တော်လျှောက်ကလိမိလိုက်တာ အခု Phone က ဘာနှိပ်နှိပ် အင်္ဂလိပ်လိုတွေပြောပြီး သွားချင်တဲ့နေရာကို သွားလို့မရဘူးဖြစ်နေတယ်။ ဘယ်လိုပြန်လုပ်လို့ရနိုင်လဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲဒါက အစ်ကို့ Phone မှာ Voice Over ဆိုတာကို ဖွင့်မိသွားလို့ဖြစ်သွားတာပါ။ Voice Over ဖွင့်ထားမိရင် ပုံမှန်အတိုင်း Screen က သုံးလို့မရတော့ပါဘူး။ ဘာပဲလုပ်လုပ် အင်္ဂလိပ်ဘာသာနဲ့ ပြောနေပါလိမ့်မယ်။ အစ်ကို့လက်နှစ်ချောင်း ဒါမှမဟုတ် သုံးချောင်း အသုံးပြုပြီး Phone ရဲ့ Setting ထဲကို သွားပါ။ Setting ထဲက General ထဲကိုဝင်ပြီး Accessibility ထဲက Voice Over ကိုပိတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ GSM နှစ်ကတ်ထိုးပါ။ Sim 1 က သုံးရပြီး Sim 2 က တက်လိုက်၊ ကျလိုက် ဖြစ်နေတယ်။ တစ်ခါတစ်ရံမှ သုံးလို့ရတယ်။ အဲ့ဒါဘယ်လိုဖြစ်တာလဲ။ ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim 1 က အလုပ်လုပ်ပြီး Sim 2 က အလုပ်မလုပ်ဘူးဆိုတော့ ဖုန်းဆားကစ်ပြားပေါ်မှာပါတဲ့ Network ပိုင်းက အလုပ်မလုပ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ဖုန်းကို Factory Reset ချကြည့်ပါ။ မရရင် နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ဖုန်းပါ။ ကျွန်တော်က ဖုန်းနဲ့ ဂိမ်းတော့ဆော့တယ်ဗျ။ အစပိုင်းတုန်းက ဘက်ထရီက အားခံပါသေးတယ်။ ခု အားသွင်းလည်း မ၀င်တော့ဘူး။ ဘက်ထရီက ကောင်းပါသေးတယ်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ဘက်ထရီက အစ်ကိုဂိမ်းဆော့တာများပြီး ဘက်ထရီရဲ့ Ampera Cell တွေ သေသွားတာပါ။ အရင်ဆုံး အစ်ကို့ဖုန်းကို ဘက်ထရီအသစ်လဲသုံးကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါဗျာ။

မေး - အစ်ကို ကျွန်တော့် iPhone မှာ Personal Hotspot ရှာလို့မတွေ့ဘူး။ အခြား iPhone တွေမှာတော့ ရှိနေပြီး ကျွန်တော့် Phone မှာ ရှာမတွေ့ဘူးဖြစ်နေတယ်အစ်ကို။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အခု iPhone Version အမြင့်တွေမှာ Personal Hotspot ကို ဖျောက်ထားတတ်ကြတယ်။ အစ်ကို့ Phone ထဲက Setting ထဲကို ၀င်လိုက်ပါ။ Cellular ထဲကို ထပ်ဝင်လိုက်ပါ။ Cellular Data Options ထဲက Cellular Data Network ထဲကိုဝင်ပြီး Personal Hotspot ရဲ့ APN နေရာမှာ Internet လို့ ရိုက်ထည့်ပြီး ပြန်ထွက်လိုက်ပါ။ Cellular ရဲ့ အောက်မှာ Personal Hotspot ပေါ်လာပါလိမ့်မယ်။

မေး - ကျွန်တော့် iPhone 5 က Network Searching ပဲပြနေပါတယ်။ လိုင်းလဲမမိပါဘူး။ ဘယ်လိုဖြေရှင်းရမလဲ။
ဖြေ - iPhone 5 တွေ Network မှာ Searching ပဲပေါ်နေတဲ့အခါ မိမိရဲ့ iPhone ကို ကွန်ပျူတာမှာ iTunes နဲ့ ချိတ်လိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် လိုင်းပြန်တက်နေတာ တွေ့ရပါမယ်။ တကယ်လို့ အထက်ကနည်းနဲ့ မရခဲ့ရင် Setting > General > Reset > Reset Network Settings ကိုဝင်ပြီး Reset ချပါ။ အထက်ပါနည်း ၂ နည်းနဲ့ အဆင်မပြေခဲ့ရင် တတိယနည်းက Firmware အသစ်တစ်ခု Restore လုပ်ပါ။ အပေါ်က နည်း ၃ ခုလုံး အဆင်မပြေဘူးဆိုရင်တော့ Hardware Error ဖြစ်တဲ့အတွက် Service ဆိုင်တွေမှာပဲ အပ်လိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Sony ပါ။ နားကြပ်နဲ့တပ်ပြီး သီချင်းနားထောင်လို့ မရလို့ပါ။
ဖြေ - နားကြပ်တပ်ပြီး သီချင်းနားထောင်တာ ကြာပြီလားဗျ။ နားကြပ်ပေါက်ကို သေချာကြည့်ပါ။ ကြေးငုတ်လေးတွေ ပျက်နေပြီလား။ နားကြပ်က ချောင်နေပြီလားပေါ့။ နားကြပ်ပေါက်ထဲက ကြေးအထိုင်ငုတ်လေးတွေ ပျက်နေတယ်ဆိုရင်တော့ နားကြပ်ပေါက်လဲရပါမယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " Laptop များကိုပါ အားသွင်းနိုင်သည့် Razer Power Bank ကို မိတ်ဆက် " ♫

No automatic alt text available.

Razer မှ ၄င်း၏ Razer Power Bank ကို မိတ်ဆက်ပေးခဲ့ပြီး USB-C laptop များအတွက် အားပြန်ဖြည့်သွင်းပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဥပမာ Razer Blade Steath အား ၄င်း၏ Power Bank နှင့် တွဲဖက်ထားပါက အားမသွင်းဘဲ 15 နာရီထိဆက်တိုက်သုံးစွဲနိုင်မည်ဖြစ်သည်။

Razer ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Min-Liong Tan က Razer Bank သည် laptop ၊ စမတ်ဖုန်းနှင့် tablet များကို တစ်ပြိုင်တည်း အလွယ်တကူအားဖြည့်သွင်းပေးနိုင်ကြောင်း ဆိုခဲ့သည်။ Razer Power Bank တွင် အားသွင်းရန် port များစွာပါဝင်ခဲ့ပြီး USB A port နှစ်ခုနှင့် USB–C port တို့ ပါဝင်ကာ မိုဘိုင်းပစ္စည်းသုံးမျိုးအား တစ်ပြိုင်တည်းအားသွင်းပေးနိုင်သည်။ အားသွင်းရန် လိုအပ်နေသည့် ပစ္စည်းအားသိရှိပြီး နှစ်နာရီမပြည့်သော ကာလအတွင်း Blade Steath ကို ၆ နာရီဆက်သုံးနိုင်ရန် အားအမြန်သွင်းပေးနိုင်သည်ဟု သိရသည်။ 

Qualcomm Quick Charge 3.0 နှင့်လည်း လိုက်ဖက်ညီစွာ သုံးနိုင်ပြီး ပုံမှန်ထက် 4 ဆ ပိုမြန်စွာ အားသွင်းပေးနိုင်သည်ဟုဆိုသည်။ အဆိုပါ power bank မှာ 12800 mAh ဘက်ထရီပါဝင်ပြီး 126 x 78x 23 mm အရွယ်ရှိကာ 335 g လေးသည်။ မတ်လထဲတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ 149.99 ကျသင့်မည်ဟု ဆိုသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

2/27/2017

♪ " Gionee Marathon M5 Mini " Price : 159,000/- Ks ♫

Image may contain: phone and screen

ဒီတစ်ပတ်မှာတော့ သာမန်ဖုန်းသုံးစွဲသူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ကိုင်တွယ်အသုံးပြု လို့ကောင်းမယ့် Gionee Marathon M5 Mini နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ၎င်းဖုန်းဟာ budget ဖုန်း အမျိုးအစားဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလလောက်က ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အရင်ထွက်ရှိထားတဲ့ စွမ်းအားပြည့်ဝတဲ့ Gionee M5ကို အဆင့်အနည်းငယ်နှိမ့်ချပြီး mini ဖုန်း တစ်လုံးအဖြစ်နဲ့ ထွက်ရှိလာတာကြောင့် သာမန်ဖုန်းသုံးစွဲသူတွေအတွက်တော့ သုံးစွဲလို့ သင့်တော်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ 

GSMနဲ့ HSPA networks တွေကို ထောက်ပံ့ပေးထားပြီး Micro SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ Non-removable Li-Po 4000 mAh battery စွမ်းအားက ၁၈ နာရီကြာ ဖုန်းဆက်တိုက်ပြောဆိုနိုင်ပြီး ၂၂ နာရီခန့် သီချင်းတွေကိုနားထောင်နိုင်ပါတယ်။ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိတဲ့အပြင် power saving mode လည်းပါရှိတာကြောင့် အဆင်ပြေပါတယ်။ သင့်တင့်မျှတတဲ့ specs တွေ၊ featuresတွေအပြင် ချိုသာတဲ့ဈေးနှုန်းကလည်း ဆွဲဆောင်ထားနိုင်ပါတယ်။

* Design & Build *

ဖုန်းကိုတည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံက တောင့်တင်းခိုင်မာမှုရှိပြီး ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ခေတ်မီဆန်းသစ်မှုလည်းရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးက သစ်လွင်တောက်ပနေပြီး ရွှေရောင်၊ အဖြူရောင်နဲ့ အမဲရောင်ဆိုတဲ့ ထုတ်လုပ်ပေးထားတဲ့ အရောင် ၃ မျိုးလုံးနဲ့လည်း လိုက်ဖက်ညီမှုရှိပါတယ်။ ဖုန်းအရွယ်အစားက 143.5×71×9.6mm ရှိတာကြောင့် အထူက တော်တော်လေးထူပါတယ်။ အလေးချိန်ကလည်း အနည်းငယ်လေးပေမယ့် ကိုင်တွယ်သုံးစွဲလို့တော့ ကောင်းပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button ၃ ခုပါရှိပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ညာဘက်ထောင့်စွန်းနားမှာအနောက်ကင်မရာကို ထားပေး ထားပြီး သူ့ရဲ့ဘေးနားမှာ flash မီးလုံးလေး တည်ရှိပါတယ်။


 အောက်ခြေဘက်မှာတော့ စပီကာပေါက်တွေကို တွေ့မြင်နိုင်ပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ရှိပြီး အပေါ်ဘက်ဘောင်နဲ့ အောက်ခြေဘောင်မှာ ဖုန်း jackပေါက်နဲ့ အားသွင်းတဲ့ USB ပေါက်တို့ အသီးသီးပါရှိပါတယ်။ တည်ဆောက်ထားပုံနဲ့လေး ထောင့်ဆန်ဆန်ဒီဇိုင်းလေးက ခံ့ညားထည်ဝါတဲ့ အဆင့်မြင့်ဖုန်းတစ်လုံး အသွင်ကိုဆောင်နေပြီး ဖုန်းကိုမြင်လိုက်တာနဲ့ ပေးရတဲ့ဈေးနှုန်းထက် အများကြီးသာလွန်ကောင်းမွန်တယ်လို့ မြင်မိမှာပါ။

* Display *

ဖုန်းမျက်နှာပြင်ကို ၅ လက်မကျယ်တဲ့ IPS LCD Capacitive touch screen displayအမျိုးအစားနဲ့ပြုလုပ်ထားပြီး 720×1280 pixelsရှိတဲ့ HDမြင် ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ ၁ လက်မမှာ သိပ်သည်းဆ ပမာဏက ~294 ppi pixels ရှိပြီး မျက်နှာပြင်ပေါ်မှာ multitouchစနစ်ပါရှိတာကြောင့် လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

* Operating System and Camera *

လှပခိုင်ခံ့တဲ့ ကိုယ်ထည်အတွင်းထဲမှာ Android OS, v5.1(Lollipop)ကို run ထားပြီး Amigo 3.1 ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 8MP ရှိပြီး အရှေ့ကင်မရာက 5MP ရှိပါတယ်။ ဒါကြောင့် သူ့စွမ်းအားနဲ့သူ သင့်တင့်လျောက်ပတ်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုသာပေးစွမ်းနိုင်ပြီး အနောက်ပင်မကင်မရာမှာ အသုံးဝင်တဲ့ Auto focusစနစ်ပါရှိတာကို တွေ့ ရပါတယ်။

* Performance *

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက်ကတော့ ထည့်သွင်းပေးထားတဲ့ Quad-core 1.3 GHz Cortex-A7 Processor, Mediatek MT6580 Chipset နဲ့ Mali-400MP2တို့က တာဝန်ယူစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် RAM 2GB ကလည်း စွမ်းဆောင်ရည်ပိုင်းနဲ့ ယာယီမှတ်ဥာဏ်စွမ်းအားပိုင်းကို ထောက်ပံ့ ပေးထားနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းတွေနဲ့ apps တော်တော်များများကိုတော့ အဆင်ပြေပြေကစားနိုင်မှာပါ။ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ စာရိုက်ရတာ လည်း မြန်ဆန်မှုရှိတဲ့အတွက် သင့် typing skillတွေကိုလည်း အကောင်းဆုံး ပြသနိုင်မှာ သေချာပါတယ်။

* Specification *
Display : 5.0 inch, IPS LCD Capacitive touchscreen, 16M colors Memory : 16 GB, 2 GB RAM, microSD, up to 128 GB
Camera : 8 MP, autofocus, LED flash, Geo-tagging, touch focus
OS : Android OS, v5.1 (Lollipop)
Phone : 09-255803352 (Gionee Showroom)



Price : 159,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Huawei Y6” Price - 139,000 Ks♫

Image may contain: phone

Huawei ဟာ Y6 ကို Series အလိုက် ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Y6, Y6 II နှင့် Y6 Pro ဆိုပြီး အမျိုးအစားများစွာ ထုတ်လုပ်ပေးထားပါတယ်။ Huawei Y6 ကတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကထုတ်လုပ် ပေးထားခြင်းဖြစ်ပါ တယ်။ တရုတ်နိုင်ငံတွင် Honor 4A လို့လည်း သိရှိပါတယ်။ ဖုန်းရဲ့အရွယ် အစား ပမာဏကတော့ 143.5×72.1×8.5mm ဖြစ် ကာ အလေးချိန်ကတော့ 125g ရှိပါတယ်။

SIM Card 2 Card ထည့်သွင်း အသုံးပြုနိုင်သောဖုန်း အမျိုးအစားဖြစ်ပြီး ထည့်သွင်းသုံးစွဲရမယ့် SIM Card အရွယ်အစားမှာ Micro SIM ဖြစ်ပါတယ်။ IPS LCD Capacitive Touchscreen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 720×1280 ဖြစ်ကာ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294ppi ပါ။

Multitouch စနစ်တွင် Emotion 3.1 UI ကိုသုံးစွဲနိုင်ပါမယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Android OS, v5.1 ဖြစ်ပါတယ်။ ထည့်သွင်းပေးထားတဲ့ Chipset အမျိုးအစား ကတော့ Qualcomm Snapdragon 210 ပါ။ CPU ရဲ့ စွမ်းရည်မှာ Quad-Core 1.1 GHz Cortex-A7 ဖြစ်ပါတယ်။ GPU အမျိုးအစားကတော့ Adreno 304 ပါ။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် Internal Storage ကို 8GB ပါရှိအောင်ဆောင် ရွက်ပေးထားပြီး RAM အပိုင်းမှာတော့ 1 (or) 2 GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ Cardslot စနစ်ကိုအသုံးပြု၍လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင် ပါမယ်။ အဓိက,ကင်မရာရဲ့စွမ်းရည်မှာ 8MP, f/2.0 ဖြစ်ပြီး ရှေ့ကင်မရာ ငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။


720p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူး ပါက တစ်စက္ကန့်ကို 30 Frames နှုန်းရရှိပါမယ်။ Bluetooth Version ကတော့ 4.1 ဖြစ်ပါတယ်။ အားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Po 2200 mAh ဖြစ်ပြီး 3G Network တွင် အသင့်အနေအထားအတွက် နာရီ ၃၀၀ နီးပါးနှင့် စကားပြောဆိုဖို့ ၁၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။


<Specification>

Network - GSM/HSPA/LTE
Screen - 5 inches
Memory - 8GB
Bluetooth - v4.1
CPU - Quad Core 1.1GHz
OS - Android OS, v5.1
Contact - 01-252988

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “ပြည်တွင်းရုပ်သံလိုင်းနဲ့နိုင်ငံတကာရုပ်သံလိုင်းတွေဖမ်းယူကြည့်ရှုနိုင်တဲ့ Asus Zenfone GO TV” ♫

Image may contain: phone

ထိုင်ဝမ်အခြေစိုက်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူAsus ရဲ့မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို ပြည်တွင်းဈေးကွက်မှာမကြာခင်ရောင်းချပါတော့မယ်။ Zenfone Go TV လို့ခေါ်တွင်ပြီး၂၀၁၆ခုနှစ်ကရောင်းချပေးခဲ့တဲ့Zenfone Go ရဲ့ဒုတိယမျိုးဆက်ပဲဖြစ်ပါတယ်။ မျက်နှာပြင်၅.၅လက်မနဲ့ဖြစ်ပြီးဈေးနှုန်းက လည်း၁၆၀,၀၀၀/-ကျပ် ၀န်းကျင်သာရှိမှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အဓိက အားသာချက်ကတော့ ရုပ်သံလိုင်းတွေကိုဖမ်းယူကြည့်ရှုနိုင်တာပါ။

ကင်မရာ အတွက်ကိုလည်းရုပ်ထွက်ကောင်းမွန်တဲ့ပုံရိပ်တွေရရှိနိုင်မယ့်13MP နောက်ကျောဘက်ကင်မရာနဲ့ အတူအရှေ့ဘက်မှာတော့5MP ကင်မရာ တပ်ဆင်ပေးထားပါတယ်။Dual-simထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာရောင်းချတဲ့အခါမှာတော့တယ်လီနောရဲ့အင်တာနက် 500MB ကို၃လအခမဲ့သုံးစွဲနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒစ်ဂျစ်တယ် တီဗီ စနစ်ပါရှိတယ်ဆိုပေမယ့်အခပေးရုပ်သံလိုင်းတွေကိုတော့ဖမ်းယူလို့ရနိုင်မှာ မဟုတ်ပါဘူး။Asus ရဲ့စမ်းသပ်ချက်တွေအရTVလိုင်းဖမ်းယူမှုမှာ ထပ်ဆင့် လွှင့်စက်ရုံတွေရဲ့ထုတ်လွှင့်တဲ့လှိုင်းအခြေအနေပေါ်မူတည်ပြီးတော့လိုင်း အတက်အကျရှိနိုင်မှာပါ။

မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာစမ်းသပ်ချက်အရတော့ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့မော်လမြိုင်မြို့တွေ မှာအလွယ်တကူဖမ်းယူကြည့်ရှုနိုင်ပါလိမ့် မယ်။စမ်းသပ်သုံးစွဲမှုတွေအရတော့sotvကိုဖွင့်ပြီးlocation မှာMyanmar ကိုရွေးချယ်ကာchannel scan မှာDVB T ကိုရွေးချယ်လိုက်တဲ့အခါမှာMWD ရုပ်သံလိုင်း၈လိုင်းကိုကြည့်ရှုနိုင်ပါတယ်။DVB-T2 ကိုရွေးချယ်ပြီးChannel scan ပြုလုပ်ကြည့်တဲ့အခါမှာတော့MRTV 4 HD နဲ့အခြားအခမဲ့HD ရုပ်သံ လိုင်းတွေကိုကြည့်ရှုနိုင်ပါလိမ့်မယ်။စမတ်ဖုန်းသုံးစွဲသူရောက်ရှိရာတည်နေရာပေါ်မူတည်ပြီးတော့လိုင်းသိပ်မမိဘူးဆိုရင်တော့ weak signal ဆိုပြီး ပြသနေ ပါလိမ့်မယ်။စမတ်ဖုန်းတစ်လုံးကိုportable TV အနေနဲ့အသုံးပြုနိုင်မှာ ဖြစ်ပြီးZen UI ရဲ့လုပ်ဆောင်ချက်တွေကိုပါစမ်းသပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Zenfone GO TV နဲ့ပတ်သက်တဲ့စွမ်းဆောင်ချက်တွေနဲ့လက်တွေ့ စမ်းသပ်ချက် တွေကိုဖော်ပြပေးလိုက်ပါတယ်။

<Unboxing GO TV>

ဖုန်းရဲ့ပါကင်ဗူးကိုဖွင့်ဖောက်ကြည့်လိုက်တဲ့အခါမှာတော့အပေါ်ဘက်နားမှာ ဖုန်းကိုမြင်တွေ့ရမှာဖြစ်ပြီး ၊အောက်ဘက်အခြမ်းကိုကြည့်လိုက်တဲ့အခါမှာ တော့solo tvနဲ့တွဲဖက်သုံးနိုင်မယ့်antenna cable၊အားသွင်းကြိုးနဲ့earphone တို့ကိုတွေ့ရမှာဖြစ်ပါတယ်။Zenfone Go TV ကိုဖွင့်ဖောက်ကိုင်တွယ်ကြည့် လိုက်ချိန်မှာတော့ပေါ့ပါးပြီးစမတ်ကျတဲ့ဒီဇိုင်းကိုခံစားလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုရင်ဘေးဘောင်တွေကိုပါးလွှာအောင် ပြုလုပ်ပေးထား သလို့နောက်ကျောဘက်ကလည်းsmooth Curvature ပုံစံမျိုးနဲ့ပါ။ ဖုန်းရဲ့ကိုယ်ထည်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင်ပါဝါခလုတ်နဲ့audio ပေါက် ကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ကျောဘက်ကင်မရာရဲ့အောက်မှာတော့အသံအတိုး၊အကျယ်ခလုတ်ကိုတပ်ဆင်ပေးထားပြီးနောက်ကျော ဘက်ခြမ်းဟာ အလွယ်တကူဖြုတ်တပ်လို့ရပါတယ်။နောက်ဘက်ကာဘာကိုခွာကြည့်လိုက် တဲ့အခါမှာတော့ဆင်းကတ်ထည့်စရာslot 2 ခုနဲ့SD card ထည့်သွင်းစရာslot တွေ ကိုတွေ့ရမှာပါ။ကင်မရာရဲ့ဘေးမှာတော့dual-tone flash ရှိနေမှာပါ။ ကြည်လင်တဲ့ မြင်ကွင်းကိုခံစားရနိုင်မှာဖြစ်ပြီးပလတ်စတစ်နောက်ဘက် ကာဗာဟာအကြမ်းခံနိုင်စွမ်းရှိပါတယ်။မျက်နှာပြင်ကာကွယ်နိုင်စွမ်း အတွက် Gorilla glass 3 နဲ့ဖုံးအုပ်ပေးထားမှာဖြစ်ပြီး5.5 displayဟာနက်မှောင်နေ တာကြောင့်screen အပြည့်ပုံစံလိုခံစားရနိုင်ပါတယ်။ကိုယ်ထည် တစ်ခုလုံး ရဲ့၇၂% မြင်ကွင်းကိုရရှိစေမှာပါ။အလေးချိန်ကလည်း၁၆၀ဂရမ်သာ ရှိတာကြောင့်အတော်ပေါ့ပါးပါတယ်။Hardware ပိုင်းကြည့်လိုက်မယ် ဆိုရင်တော့ ဈေးသက်သာတဲ့ဖုန်းလို့မထင်ထားအောင်ပဲအရည်အသွေးမြင့်မား တဲ့snapdragon chipset ကိုသုံးထားပြီးတော့ဂရပ်ဖစ်ပိုင်းထောက်ပံ့မှုလည်း ပါဝင်လာမှာပါ။သို့ပေမယ့်ပရို ဆက်ဆာဟာ1.4GHzအမြန်နှုန်းရှိမယ့် Qualcomm Snapdragon 400 MSM8928 ဖြစ်ပါတယ်။ နောက်ကျော ဘက်ရဲ့အောက်နားမှာတော့စပီကာကိုတပ်ဆင်ပေးထားပါတယ်။Nano Sim စမတ်ဖုန်းတွေသာများပြားနေတဲ့အချိန်မှာထည့်သွင်းရမယ့်ဆင်းကတ်ပုံစံ ကတော့Micro-Simပဲ ဖြစ်ပါတယ်။

<Camera>

ကင်မရာပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့13MP နောက်ကျောဘက် ကင်မရာဟာf/2.0 ဖြစ်တာကြောင့်ပုံရိပ်တွေကို ပြင်ပအရောင်အတိုင်း သွက်လက်စွာရိုက်ကူးနိုင်ပါလိမ့်မယ်။TriTech autofocus နည်းပညာ သည်မည်သည့်အခြေအနေတွင်မဆိုပုံရိပ်များကိုအကောင်းဆုံး၊အကြည်လင်ဆုံးရိုက်ကူးပေးနိုင် မှာဖြစ်ပါတယ်။လျင်မြန်စွာဖြင့်ပုံရိပ်ဖမ်းယူနိုင်မှုကိုအချို့ သောhigh-end phones များတွင်သာတွေ့နိုင်တယ်။triple technology အလိုအလျောက်မြင်ကွင်းချိန်ဆမှုစနစ်ပေါင်းစပ်ပေးထားပါတယ်။မျိုးဆက် သစ်လေဆာနည်းပညာနှင့်အတူအလင်းရောင်ရရှိမှုအားနည်းသော ပတ်ဝန်းကျင်အနေအထားတွင်ပင်ဝ.၀၃စက္ကန့်နှင့်လျင်လျင် မြန်မြန် ကောင်းမွန်စွာရိုက်ကူးနိုင်ပါလိမ့်မယ်။Super Resolution Mode ကို အသုံးပြုပြီး 64 MPဓာတ်ပုံများကိုအထူးအရည်အသွေးကောင်းမွန်စွာဖြင့် ဖန်တီးရိုက်ကူးနိုင်ပါသည်။အရှေ့ဘက်selfieကင်မရာငယ်ကတော့5MPရှိမှာ ဖြစ်ပြီးASUS Pixel Enhancing နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် အမှောင်ထဲမှာဓာတ်ပုံရိုက်တဲ့အခါ၄၀၀ရာခိုင်နှုန်းနီးပါးလောက်တောက်ပမှုကိုပေးစွမ်းပါလိမ့်မယ်။Low Light mode,Nightmode,Selfie mode, Photo Effects, Time Lapse တွေကိုပါအရှေ့ဘက်ကင်မရာငယ်ကနေသုံးစွဲနိုင်ပါလိမ့် မယ်။အဓိကကင်မရာဟာမတူညီတဲ့လုပ်ဆောင်ချက်ပေါင်း၁၆ခုကိုအသုံးပြုပြီးရိုက်ကူးနိုင်ပါလိမ့်မယ်။

<ZenUI>

Zenfone Go သုံးတဲ့သူတွေဟာသပ်ရပ်တဲ့ဒီဇိုင်းနဲ့ZenUIကိုလည်းသုံးစွဲနိုင်ပါ လိမ့်မယ်။ဖုန်း၏lock screen မှနေ၍နေပူခြင်း၊မိုးရွာခြင်းအစရှိသော ရာသီ ဥတုအခြေအနေများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်မှာပါ။ ZenUI Theme စတိုးမှများလှစွာသောthemes များကိုရယူပြီးအလှဆင်နိုင်သလို theme များမှနေ၍သင့်စိတ်ကြိုက်(wall-papers / icons / lock screen) တစ်ခုချင်း စီကိုလည်းပေါင်းစပ်ပြီးတော့ဖန် တီးနိုင်မှာပါ။အလိုမရှိသောNotification များကိုသင့်စိတ်ကြိုက် ပြုပြင်ဖန်တီးနိုင်တဲ့အပြင်အသုံးမလိုသည်များကို ရှင်းလင်းနိုင်သည့်Cleanup ကိုသုံးစွဲနိုင်ပါလိမ့်မယ်။ZenMotion Touch Gesture ကိုအသုံးပြုပြီးတော့blank screen တွင်စာလုံးလေးများကို လက်ဖြင့် ရေးသားလိုက်ရုံဖြင့်appများကိုလျင်လျင်မြန်မြန်ဖြင့်ရိုးရှင်းစွာဖွင့်လှစ်အသုံးပြုနိုင်မှာပါ။App, battery, memory, data တွေကိုတော့Asus Mobile Manager ကိုအသုံးပြုပြီးတော့စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။App lock လုပ်ဆောင်ချက် ထည့်သွင်း ပေးထားတာကြောင့်အခြားသူတွေကိုမိမိမသုံးစေချင်တဲ့App တွေ ကိုလည်းပိတ်ထားနိုင်ပါလိမ့်မယ်။Google Drive မှာလည်း100GB အထိကို ၂နှစ်အခမဲ့သိမ်းဆည်းနိုင်ပါလိမ့်မယ်။

<Built-in Digital TV>

ဖျော်ဖြေရေးဆိုင်ရာနဲ့ပတ်သက်ပြီးခံစားရရှိလိုသူတွေအတွက်ပေါ့ပါးစွာ သယ်ဆောင်သွားနိုင်မယ့်TVလေးလိုဖြစ်နေမှာပါ။ဘာကြောင့်လဲဆိုရင်ဖုန်းမှာdigital ရုပ်သံလိုင်းတွေကိုဖမ်းယူကြည့်ရှုနိုင်စေဖို့အတွက်Solo TV ဆိုတဲ့App လေးကိုbuilt-in ထည့်သွင်းပေးထားလို့ပါ။Solo TV ကိုထောက်ပံ့ပေးဖို့အတွက် တော့ဖုန်းမှာSONY ရဲ့IC (SMT-EW100) chipset Digital TV (DTV) tuner လေးထည့်သွင်းပေးထားပါတယ်။လိုင်းတွေကိုဖမ်းယူကြည့်နိုင်စေဖို့အတွက် antenna adapter တစ်ခုပါဝင်လာမှာပါ။အင်တာနာလေးကိုဖုန်းရဲ့ အပေါ်ဘက် မှာရှိတဲ့3.5 mm audio ပေါက်မှာတပ်ဆင်ပြီးတော့မိမိကြည့်ရှု ချင်တဲ့ ရုပ်သံလိုင်းတွေကိုဖမ်းရမှာပါ။အင်တာနာလေးမှာaudio ချိတ်ဆက်ဖို့ အတွက်လည်းအပေါက်လည်းပါဝင်မှာပါ။နိုင်ငံပေါင်း၄၁ခုမှာရှိတဲ့DTV channel တွေကိုဖမ်းယူနိုင်မှာဖြစ်ပါတယ်။အသံလွှင့်ရာဒေသလှိုင်းအလျား ပေါ်မူတည်ပြီးတော့ကြည်လင်စွာဖမ်းမိနိုင်ခြင်းရှိ၊မရှိတော့ကွာခြားနိုင်ပါတယ်။ဖုန်းမှာပါရှိတဲ့solo TV ကိုဖွင့်လိုက်တာနဲ့နိုင်ငံတွေကိုရွေးချယ်နိုင်မှာပါ။DVB-T နဲ့DVB-T2 ဆိုပြီးရွေးချယ်နိုင်ပါလိမ့်မယ်။scan ပြုလုပ်လိုက်တာနဲ့လိုင်းတွေကို ဖမ်းပေးပါလိမ့်မယ်။အခမဲ့ရုပ်သံလိုင်းတွေကိုသာသီးသန့်ကြည့်ရှုလို့ရနိုင်မှာပါ။တည်နေရာပေါ်မူတည်ပြီးနေရာအချို့မှာတော့HD ရုပ်သံလိုင်းတွေကိုရရှိ နိုင်ပါတယ်။လိုင်းအကြည်လင်ဆုံးနဲ့ ပြသပေးနိုင်တာကတော့MWD ရုပ်သံ လိုင်းတွေပါ။ရုပ်သံဇာတ်လမ်းတွေကြည့်တဲ့နေရာမှာစာတမ်းထိုး ကြည့်လိုသူ တွေအတွက်Multi-option subtitles ကိုအသုံးပြုနိုင်ပါလိမ့်မယ်

<No Data, No Congestion>

အွန်လိုင်းအသုံးပြုပြီးရုပ်သံလိုင်းတွေကြည့်ရှုတာကတကယ်ကိုခေတ်စားလာခဲ့ပါပြီ။စမတ်ဖုန်းအသုံးပြုသူတွေဟာYouTube နဲ့video streaming website တွေကိုအသုံးပြုပြီးမိမိကြည့လိုတဲ့သီချင်း၊ရုပ်ရှင်တွေကိုကြည့်ရှုနေကြပါတယ်။သေးငယ်တဲ့စမတ်ဖုန်းမျက်နှာပြင်ပေါ်မှာကြည်လင်တဲ့ရုပ်သံလိုင်းတွေကြည့်ရှုရတာဟာတကယ့်TV ပေါ်မှာကြည့်နေရသလိုခံစားမှုကိုရရှိပါတယ်။ အခု တော့Asus ရဲ့Zenfone Go ကြောင့်ရုပ်သံလိုင်းတွေကိုMobile data မကုန် ဘဲနဲ့ကြည့်နိုင်တော့မှာပါ။၁၁နာရီနီးပါးဘက်ထရီသက်တမ်းခံနိုင်စွမ်းလည်း ရှိမှာဖြစ်တာကြောင့်Zenfone GO TV တွေကိုအချိန်ကြာကြာကြည့်နိုင်ပါလိမ့် မယ်။TV channelသုံးတဲ့သူတွေအနေနဲ့ Local free -to-air ရုပ်သံလိုင်းတွေကို အင်တာနက်ကွန်ရက်မလိုအပ်ဘဲ အင်တာနာကြိုးလေးကိုအသုံးပြုပြီး ကြည့်နိုင်ပါလိမ့်မယ်။အိုလံပစ်ဂိမ်းလိုကစားပွဲ၊New Year count-down တွေကိုထစ်ငေါ့ မနေနဲ့ကြည့်နိုင်ပါလိမ့်မယ်။channel scan လုပ်ပြီးသုံးစွဲသူနှစ်သက်တဲ့လိုင်းကို ရွေးချယ်ကြည့်နိုင်မှာပါ။ ဘယ် လိုနိုင်ငံမျိုးမှာမဆိုT2/T2-Lite, DVB-T နဲ့လွှင့်တဲ့ လိုင်းတွေဖမ်းယူနိုင်မှာပါ။

<Battery>

ဘက်ထရီစွမ်းအားပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့3010 mAhစွမ်းအားပိုင်း ကိုပေးစွမ်းမှာဖြစ်ပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်ပါတယ်။အသင့်အနေအထား အသုံးပြုမယ် ဆိုရင်တော့နာရီ၄၀၀နီးပါးခံနိုင် ရည်စွမ်းရှိမှာဖြစ်ပြီး၊Web Browsing အတွက်သုံးမယ်ဆိုရင်၁၀နာရီ၊Digital TV ရုပ်သံလိုင်းတွေကိုကြည့် မယ်ဆိုရင်၁၁နာရီ၊3Gကွန်ရက်အသုံးပြုဖုန်းပြောမယ်ဆိုရင်တော့၁၆နာရီနီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကိုကြည့်လိုက်မယ်ဆိုရင်တော့WCDMA/TD-SCDMA/ TDD-LTE/FDD-LTEလိုင်းတွေမှာသုံးစွဲနိုင်ပါ လိမ့်မယ်။

<Verdict>

အဆုံးသတ်ကောက်ချက်ချရရင်တော့Zenfone Go TV ဟာပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့စမတ်ဖုန်းတစ်လုံးအဖြစ်ဆိုနိုင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် TV Tuner တစ်ပါတည်းထည့်သွင်းပေးထားပြီးchannel တွေကိုဖမ်းယူ ကြည့်နိုင်တာကြောင့်သုံးစွဲသူတွေလည်းကြိုက်နှစ်သက်နိုင်ပါတယ်။ကင်မရာဘက်ကိုကြည့် လိုက်မယ်ဆိုရင်လည်းAsus ရဲ့နောက်ဆုံးပေါ်ဖုန်းတွေမှာသာ ထည့်သွင်းပေးထားတဲ့လုပ်ဆောင် ချက်တွေကိုအသုံးချနိုင်ပါလိမ့်မယ်။သူ့မှာ အားနည်းချက်အနေနဲ့ပြောစရာရှိတာကတော့ပရိုဆက်ဆာပိုင်းမှာquad-core အဆင့်လောက်သာပေးထားပြီးOS ပိုင်းအနေနဲ့android 5.1 ကိုသာ သုံးစွဲနိုင်မှာပါ။SD ကတ်ကတော့64GB အထိတိုးမြှင့်သုံးစွဲနိုင်ပါလိမ့်မယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...