Xiaomi
က စမတ်ဖုန်းအသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi 5s Plus ဟာMi 5s
ထက် အရွယ်ပိုမို ကြီးမားပြီး ၅.၇ လက်မ Full HD Display တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ 13 Megapixel Camera ၂ လုံးဟာ Huawei P9 နဲ့
အလုပ်လုပ်ပုံချင်းတူညီပါတယ် ။
ကင်မရာ တစ်လုံးကအရောင်ပါတဲ့ ဓါတ်ပုံများဖမ်းယူ ပေးပြီး အခြားတစ်လုံးကတော့ အဖြူ၊ အနက် ရုပ်ပုံများကိုသာဖမ်းယူပေးပါတယ်။ အဖြူ၊ အနက် ကင်မရာမှာ Bayer Filter မပါတဲ့အတွက် အလင်းပိုမိုဖမ်းယူနိုင်ပြီး အသေးစိတ်ကျတဲ့ ဓါတ်ပုံများဖန်တီးပေးနိုင်ပါတယ်။ အဖြူ၊ အနက် ဓါတ်ပုံများကိုလည်း ရိုက်ကူး ပေးနိုင်ပါတယ်။ အရောင်ပါတဲ့ ဓါတ်ပုံများကိုဖန်တီးတဲ့အခါ မှာကင်မရာ
၂ လုံးစလုံးရဲ့ ဖမ်းယူမှုများကိုပေါင်းစပ် လိုက်တာဖြစ်ပါတယ်။
Mi 5s Plus မှာ Qualcomm Snapdragon 821 Chipset မောင်းနှင်မှာဖြစ်ပါတယ်။ အရှေ့ဘက်မှာ 4 Megapixel Camera တပ်ဆင်ထားပြီး Mi 5s နဲ့ အတူတူပဲ ဖြစ်ပါတယ်။ 4GB RAM/64GB Internal Storage Model နဲ့ 6GB RAM/128GB Internal Storage Model ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီအပိုင်း မှာMi 5s Plus ဟာMi 5s ထက် ပိုမိုကြီးမားပြီး 3800mAh Battery တပ်ဆင် ထားပါတယ်။
Xiaomi Mi 5s Plus ရဲ့ 4GB RAM/64GB Storage Model ကို ဒေါ်လာ ၃၄၄၊ 6GB RAM/128GB Storage Model ကိုဒေါ်လာ ၃၈၉ သတ်မှတ် ထားပါတယ်။ အညို၊ ငွေ၊ ရွှေနဲ့ နှင်းဆီ ရွှေရောင်များရွေးချယ် နိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ကင်မရာ တစ်လုံးကအရောင်ပါတဲ့ ဓါတ်ပုံများဖမ်းယူ ပေးပြီး အခြားတစ်လုံးကတော့ အဖြူ၊ အနက် ရုပ်ပုံများကိုသာဖမ်းယူပေးပ
Mi 5s Plus မှာ Qualcomm Snapdragon 821 Chipset မောင်းနှင်မှာဖြစ်ပါတယ်။ အရှေ့ဘက်မှာ 4 Megapixel Camera တပ်ဆင်ထားပြီး Mi 5s နဲ့ အတူတူပဲ ဖြစ်ပါတယ်။ 4GB RAM/64GB Internal Storage Model နဲ့ 6GB RAM/128GB Internal Storage Model ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီအပိုင်း မှာMi 5s Plus ဟာMi 5s ထက် ပိုမိုကြီးမားပြီး 3800mAh Battery တပ်ဆင် ထားပါတယ်။
Xiaomi Mi 5s Plus ရဲ့ 4GB RAM/64GB Storage Model ကို ဒေါ်လာ ၃၄၄၊ 6GB RAM/128GB Storage Model ကိုဒေါ်လာ ၃၈၉ သတ်မှတ် ထားပါတယ်။ အညို၊ ငွေ၊ ရွှေနဲ့ နှင်းဆီ ရွှေရောင်များရွေးချယ် နိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com