Sharp သည် လွန်ခဲ့သည့်နှစ်နှစ်ခန့်က အမေရိကန်နိုင်ငံသို့ Aquos Crystal
ကိုဖြန့်ချိခဲ့သည်။ Sharp က ဖုန်းများတွင် ဘေးဘောင်များသေးငယ်သော ဖုန်း
display များကို ဖန်တီးခဲ့သည်။ ယခုအခါတွင်လည်း Sharp သည် Corner R
ဟုအမည်ရသော concept ဖုန်းအား မိတ်ဆက်ခဲ့သည်။ အဆိုပါဖုန်းတွင် ကုမ္ပဏီ၏
Free-Form Display နည်းပညာကို အသုံးပြုထားပြီး ပုံသဏ္ဍာန်အမျိုးမျိုးသို့
ပြောင်းလဲနိုင်ရန် IGZO LCD panel များပါဝင်သည်။
မျက်နှာပြင် ၅.၂ လက်မ 1080p panel ဖုန်းတွင် ဘေးဘောင်များ မပါဝင်သည့်အပြင် ဖုန်းတွင် ထောင့်ကွေးများလည်း ပါဝင်လာသည်။ Sharp အနေဖြင့် Free-Form Display များကို လက်လီရောင်းချမည့် အဆင့်သို့ ရောက်ရှိအောင် ပြုလုပ်ရန် အခက်တွေ့နေပုံရသည်။ အကယ်၍ Corner R concept ဖုန်းမှာ ဈေးကွက်သို့ ရောက်ရှိလာပါက အလွယ်တကူ ရေပန်းစားနိုင်သည်။

www.pyaephyo.com