10/04/2016

♪ “Samsung Galaxy A9 Pro (2016)” ♫


Samsung မှ သတ္တုကိုယ်ထည်နှင့် ဖန်သားမျက်နှာပြင်တို့ ပေါင်းစပ် ဖန်တီး ထုတ်လုပ်လိုက်ထားသည့်အပြင် ဖုန်း၏ အရှေ့နှင့် အနောက်နှစ်ဖက်စလုံးကို အကြမ်းခံသော Corning Gorrilla Glass 4 ဖြင့်ကာကွယ်ပေးထားသော Samsung အမှတ်တံဆိပ် Galaxy A9 Pro(2016) ဖြစ်ပါတယ်။ Screen Size က ၆.၀ လက်မဖြစ်တဲ့အတွက် phablets အမျိုးအစားထဲမှာ ပါဝင်ပြီး မျက်နှာပြင် ကျယ်ကျယ်နှင့် အသုံးပြုနိုင်သည့်အပြင် သိုလှောင်မှုပမာဏ မှာလည်း 32GB အထိ အသုံးပြုပေးထားသောကြောင့် အမှတ်တရဓာတ်ပုံ များနှင့် အရေးကြီး အချက်အလက်များစွာကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ 

ဘက်ထရီပမာဏ အနေဖြင့်လည်း 5000 mAh အထိထည့်သွင်း အသုံးပြု ပေးထားသောကြောင့် အချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာစာဖောင့်အနေဖြင့်လည်း ဇော်ဂျီနှင့် ယူနီကုတ် (၂) မျိုးစလုံး တစ်ခါတည်း ပါဝင်လာတဲ့အတွက် အဆင်ပြေပြေနှင့် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ Screen size 6.0" ဖြစ်တဲ့အတွက် မျက်နှာပြင် ကျယ်ကျယ်အသုံးပြုချင် သူများအတွက် စိတ်တိုင်းကျ ဖြစ်စေမှာပါ။ Resolution အနေဖြင့် (1920x 1080) FHD Super AMOLED Capacitive Touch Screen ကို အသုံးပြု ပေးထားသောကြောင့် အရည်အသွေးကောင်းမွန်ပြီး Graphic မြင့်မားသော ဂိမ်းတွေ၊ ဗီဒီယိုတွေကို ရုပ်ထွက်ကောင်းကောင်းနှင့် အရောင်အသွေးစုံလင် ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်မှာပါ။

Processor အနေဖြင့် 1.8GHz + 1.4GHz Octa Core ကို အသုံးပြုပေးထား သောကြောင့် လုပ်ဆောင်ချက်ပိုင်း၏ မြန်ဆန်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် တွေ့မြင်နိုင်မှာဖြစ်ပါ တယ်။ သိုလှောင်သိမ်းဆည်းမှုပမာဏအနေဖြင့် 32GB ပါဝင်သောကြောင့် အမှတ်တရ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့် အရေးကြီးအချက်အလက်များစွာ ကို သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး ထပ်မံတိုးချဲ့လိုပါက 256GB အထိ ထပ်စိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အချက်အလက်များ လျင်မြန်စွာကူးပြောင်းရန် RAM 4GB ထည့်သွင်းပေးထားပါတယ်။

ကင်မရာအနေဖြင့်အနောက်ကင်မရာ 16MP နှင့် f/1.9 Optical Image Stabilisation (OIS) ကို အသုံးပြုပေးထားတဲ့အတွက် အပျော်တမ်း ခရီးသွား သည့်အခါများတွင် ကားစီး ရင်းနှင့်ဖြစ်စေ၊ ရထားစီးရင်းဖြစ်စေ၊ ကစားကွင်း များတွင် အချင်းချင်းကစားနေရင်းဖြစ်စေ အမှတ်တရပုံရိပ်များကို ရုတ်တရက် မြန်မြန်ရိုက်လိုက်သောအခါများတွင် လက်တုန်၍ေ၀၀ါးသွားခြင်း၊ မှုန်ဝါး သွားခြင်းမရှိဘဲ ကြည်လင်ပြတ်သားသော ပုံရိပ်များကို အပြည့်အ၀ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ LED flash ပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း အလင်း အားပေး၍ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 


အရှေ့ ကင်မရာအနေဖြင့် 8 MP, 1080p ကို အသုံးပြုပေးထားတဲ့အတွက် အရည် အသွေးမြင့် ဗီဒီယိုဖိုင်များ၊ သဘာဝဆန်ဆန်ရှုခင်းအလှပုံများ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် အဖွဲ့လိုက်ပုံများကို အရည်အသွေး ကောင်းကောင်း နှင့် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးအတွက် Finger Print Sensor ကိုထည့်ပေးထားပါတယ်။ Android OS အနေဖြင့် နောက်ဆုံးထွက် 6.0.1 (Marshmallow) ကိုအသုံးပြုပေးထားပါတယ်။

ဘက်ထရီအနေဖြင့် 5000 mAh ရှိသော Non-removable Li-Ion ကို တပ်ဆင်ပေးထားတဲ့အတွက် ဂိမ်းဆော့ ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် Internet သုံးခြင်းတို့ကို အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GSM/WCDMA Dual Sim ဖုန်း အမျိုးအစားဖြစ်ပြီး internet connection အနေဖြင့် 4G Network အထိ အမြင့်ဆုံးစွမ်းဆောင်ရည်နှင့် အသုံးပြုနိုင်သည့်အပြင် အရောင်အနေဖြင့် Gold, White, Black အစရှိသော အရောင် ၃ မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com