10/08/2016

♪ Pixel ဖုန်းတွေမှာ iPhone ကနေ ဒေတာလွယ်လွယ်ကူးပြောင်းနိုင်မယ့် Quick Switch Adapter ပါဝင်မည် ♫


Google ဟာ မကြာသေးမီက မိတ်ဆက်လိုက်တဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းတွေကို iPhone အသုံးပြုသူတွေ ပြောင်းလဲအသုံးပြုချင်လာအောင် အကောင်းဆုံးပစ္စည်းတစ်ခုနဲ့ ဆွဲဆောင်ထားပါတယ်။

ဒါကတော့ Quick Switch Adapter ဆိုတာလေးဖြစ်ပြီး၊ Pixel ဖုန်းတွေဝယ်ရင် ဗူးထဲမှာ တပါတည်းပါလာမှာပါ။ Quick Switch Adapter ဟာ iPhone ကနေဖြစ်ဖြစ် ၊ တခြား Android ဖုန်းကနေဖြစ်ဖြစ် Pixel ဖုန်းအသစ်ကို ပြောင်းကိုင်ချင်သူတွေအတွက် ဖုန်းအဟောင်းက ဒေတာတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ကူးပြောင်းပေမယ့် data transfer adapter လေးပဲဖြစ်ပါတယ်။

Android ဖုန်းအဟောင်းကနေ ဒေတာပြောင်းဖို့က Google အကောင့် (သို့မဟုတ်) သက်ဆိုင်ရာဖုန်းအကောင့် တစ်ခုခုမှာ backup လုပ်ပြီး၊ ဖုန်းအသစ်ကို လွယ်လွယ်ပြန်ထည့်နိုင်ပေမယ့်၊ iPhone ကနေ Android ပြောင်းချင်ရင်တော့ ဆော့ဖ်ဝဲအကူအညီတွေနဲ့ နည်းနည်းအလုပ်ရှုပ်ပါတယ်။

ဒါပေမယ့် ဒီ Quick Switch Adapter လေးနဲ့ ဆိုရင်တော့ လွယ်လွယ်လေးပြောင်းနိုင်မှာပါ။ iPhone ဒေတာကြိုးကို ဖုန်းရဲ့ Lightning port မှာထိုး၊ ကျန်တဲ့ USB ခေါင်းကို ဒီ adapter လေးမှာထိုးပြီး၊ Adapter ကြိုးက Google Pixel ဖုန်းရဲ့ USB Type-C အပေါက်မှာ ထိုးပေးရမှာဖြစ်ပါတယ်။

ကြိုးချိတ်ပြီးပြီဆိုတာနဲ့ Pixel ဖုန်းကနေ သင့်ကို ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ချက်တွေ ပေးသွားမှာဖြစ်ပြီး၊ iOS 8 နှင့်အထက် iPhone ၊ iPad တိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

သတိပြုရာမှာတစ်ခုက iPhone ကနေ SIM ကတ်မထုတ်ခင်မှာ Settings ထဲကနေ iMessage နဲ့ FaceTime တို့ကို ပိတ်ပေးထားပါ။

နောက်တစ်ချက်ကတော့ ဒီလိုဖုန်းအဟောင်းကနေ Pixel ဖုန်းဆီ ဒေတာမကူးခင်မှာ Pixel ဖုန်းက အနည်းဆုံး အား ၅၀ ရာခိုင်နှုန်းရှိရပါမယ်။ ဒေတာကူးပြောင်းချိန်မှာ Google အကောင့်ကို ဝင်ပေးဖို့ တောင်းဆိုမှာဖြစ်ပြီး၊ ဖုန်းကနေ ဒေတာအကုန်လုံး (contacts ၊ calendar events ၊ photos ၊ SMS ၊ iMessage ) အကုန်ကူးမှာလား၊ ကြိုက်ရာရွေးကူးမှာလားဆိုတာကိုလည်း ရွေးချယ်ခိုင်းသွားမှာဖြစ်ပါတယ်။

သင်ကော iPhone ကနေ Pixel ဖုန်းပြောင်းကိုင်ဖို့ အစီအစဉ်ရှိပါသလား။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com