10/04/2016

♪ Lenovo, Intel , Synaptics နဲ့ PayPal တို့က အနာဂတ် Laptop များတွင် Passwords များကို ဖယ်ရှားမည် ♫


ယခု ရက်သတ္တပတ်အတွင်းမှာ Yahoo အကောင့် သန်း ၅၀၀ ကျော်ဟာ ခိုးယူခံခဲ့ရပါတယ်။ အဲဒီအတွက် Passwords များထက် ပိုမို လုံခြုံတဲ့ နည်းပညာများကို အသုံးပြုဖို့ ပညာရှင်များက ကြိုးစားနေပါတယ်။ Lenovo က ယခုအခါ သူ့ရဲ့ အနာဂတ် Laptop များမှာ FIDO လက်ဗွေရာ စနစ်ကို ထည့်သွင်းဖို့ သဘောတူညီပြီးပြီလို့ ကြေညာလိုက်ပါတယ်။

Lenovo , Intel , Synaptics နဲ့ PayPal တို့ ပူးပေါင်းကြမှာ ဖြစ်ပြီး Lenovo ရဲ့ Laptop များမှာ Intel ရဲ့ On-Chip Hardware လုံခြုံရေး စနစ်ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။ Users များက FIDO ထောက်ပံ့တဲ့ PayPal လို ၀န်ဆောင်မှုများကို Login ၀င်တဲ့အခါမှာ Passwords များအစား Synaptic ရဲ့ လက်ဗွေရာ လုံခြုံရေး စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Passwords များထက် ပိုမို စိတ်ချရပြီး လွယ်ကူတဲ့ စနစ်များကို တီထွင်ဖို့အတွက် FIDO Alliance ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ကို Google , Bank of America , Microsoft တို့လို ကုမ္ပဏီကြီးများကလည်း ထောက်ခံအားပေးနေကြပါတယ်။


FIDO Alliance က စကားဝှက်များအစား အသံ၊ မျက်နှာ၊ လူ့ခန္တာကိုယ် အစိတ်အပိုင်း ၊ USB Keys များဖြင့် Authenticate ပြုလုပ်နိုင်မယ့် နည်းလမ်းများကို တီထွင်နေကြပါတယ်။

 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com