10/14/2016

♪ ၄.၇ လက်မ FullHD display နှင့် Snapdragon 617 ပါဝင်သည့် Sharp Aquos Xx3 mini စမတ်ဖုန်း ♫


Sharp သည် Aquos Xx3 mini စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သည်။

အဆိုပါ စမတ်ဖုန်းတွင် ၄.၇ လက်မ FullHD IGZO display ကို အသုံးပြုထားပြီး pixel သိပ်သည်းဆက 469ppi ဖြစ်သည်။ Snapdragon 617 chipset ကို အသုံးပြုထားပြီး octa-core CPU နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။

သိုလှောင်မှုပမာဏက 16GB ဖြစ်ပြီး microSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ပင်မကင်မရာက 21MP ဖြစ်ပြီး f/1.9 aperture lens ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။

VoLTE, 4G LTE တို့ဖြင့် အသုံးပြုနိုင်သလို dual-band Wi-Fi a/b/g/n/ac, Bluetooth 4.2 နှင့် NFC တို့ကို ထောက်ပံ့ပေးထားသည်။ အရွယ်အစားက ၁၃၅ x ၆၇ x ၈.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ်ဖြစ်ကာ ဘက်ထရီက 2,400mAh ဖြစ်သည်။

Android 7.0 Nougat ဖြင့် အသုံးပြုနိုင်မည့် Xx3 mini ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်သည်။

-နောင်နောင်

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com