2016 Tokyo Game Show တွင် နိုင်ငံများစွာမှ ကုမ္မဏီများဝင်ရောက်ပြသခဲ့ပြီး ဆိုက်ကား ဆရာငပိန်(Trishaw Ngapain) animation video သည် Special Jury Award ဆုရရှိခဲ့ကြောင်း သိရသည်။ ဂီမ်းအမျိုးအစားမှာ arcade,action အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။၎င်း animation video သည် ဆိုက်ကားဆရာ ငပိန်ဂိမ်းအား အခြေခံ၍ ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။MyPlay ကုမ္မဏီ၏ မြန်မာမှု ဇာတ်ကောင်ဂိမ်းဖြစ်သော ဆိုက်ကားဆရာငပိန်သည် ငပိန်ရဲ့သင်္ကြန် မိုဘိုင်းဂိမ်းဖြင့် လူသိများလာခြင်းဖြစ် သည်။

MyPlay ကုမ္မဏီသည် ၂၀၁၃ မှ ၂၀၁၅ထိ သုံးနှစ်ဆက် Tokyo Game show တွင် ၀င်ရောက်ပြသခဲ့ပြီး ယခုနှစ် ၂၀၁၆တွင် Special Jury Award ဆုရရှိခဲ့ခြင်းဖြစ်သည်။ 2016 Tokyo Game Show တွင် ပထမဆုအား မလေးရှားနိုင်ငံမှ Origanimals – The Wildlife Rescue Team ၊ ဒုတိယဆုအား Thai နိုင်ငံမှ Line-Sticker Best Seller ဖြစ်တဲ့ TIDLOM The Sky Hanger character တို့က အသီးသီးရရှိခဲ့ကြောင်းသိရသည်။

Tokyo Game show တွင် အခြားသောနာမည်ကြီး Game company များဖြစ်တဲ့ EA, Konami, SAGA, SONY, Bandai, Capcom တို့ လဲပါဝင်ပြသခဲ့ပြီး ဂီမ်းများအား ကဏ္ဍအလိုက် ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။ “နိုင်ငံတကာ အတွေ့ အကြုံ ကောင်းတွေရရှိခဲ့ ပါတယ်။ Japan နိုင်ငံရဲ့နာမည်ကြီး game industry ကိုလေ့လာခွင့်ရရှိခဲ့ပါတယ်။

 မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ပြသခဲ့ပြီး အခုလို ဆုရရှိတဲ့အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်။ MyPlay ကနေ မြန်မာမှုဂီမ်းများ ၊ ဇာတ်ကောင်များဆက်လက် ဖန်တီးသွားမှာပါ” ဟု MyPlay မှ Marketing Manager ကိုစိုင်းပြည့်ဖြိုးဟန်မှ ပြောကြားသွားခဲ့သည်။ ဆုရရှိခဲ့သော ဆိုက်ကားဆရာ animation video အား အောက်ပါ link (https://dl.dropboxusercontent.com/u/39705429/napain-1min-animation-fb-upload.mp4) တွင် ၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရသည်။