10/02/2016

♪ နိုဝင်ဘာလမှာ 256GB Storage ပါဝင်မယ့် Xiaomi ဖုန်းသစ် Mi Note 2 ထွက်ရှိမည် ♫


မကြာခင်က တရုတ်သုံးသပ်သူ Pan Jiutang က Xiaomi Mi Note 2 ကို တရားဝင်အနေနဲ့ လာမယ့် လမှာ မိတ်ဆက်မယ်လို့ ပြောကြားခဲ့ပေမယ့် ကောလာဟလသတင်းအသစ် တစ်ရပ်အရ ပစ္စည်းသစ်ကို လာမယ့် နိုဝင်ဘာလကျမှ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကောလာဟလသတင်းတွေဟာ တရုတ်လူမှုကွန်ယက် Weibo Post ကနေတစ်ဆင့်ပျံ့နှံ့လာတာ ဖြစ်ပြီး ဖုန်းမှာ ပါဝင်မယ့် တချို့အချက်အလက်တွေကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။ ဖုန်းဟာ မျက်နှာပြင်အကျယ် ၅.၇လက်မရှိတဲ့ 2K Resolution ရှိတဲ့ မျက်နှာပြင်နှစ်ဖက်ကွေး ဒီဇိုင်းနဲ့ ထွက်ပေါ်လာမှာပါ။


အဲ့ဒီအပြင်ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဖုန်းအနေနဲ့ RAM 6GB နဲ့ Storage 64GB ဗားရှင်း၊ RAM 8GB နဲ့ Storage 256 GB ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ပေါ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Processor ကို Snapdragon 821 Soc, 13 MP ရှိတဲ့ ကင်မရာနှစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ရှေ့ဘက်ကင်မရာ 8MP ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

xiaomi-mi-note2-3


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com