Huawei က စွမ်းဆောင်ရည်မြင့် Honor Note 8 ကိုမိတ်ဆက်လိုက်ပါတယ်။
အရွယ်ကြီးမားပြီးXiaomiMi Max, Lenovo Phab 2 Pro တို့ကိုယှဉ်ပြိုင်မှာပါ။
Honor Note 8 မှာ ၆.၆ လက်မ1440x2560 Pixels Display တပ်ဆင်ထားပြီး
တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၄၃ ဖြစ်ပါတယ်။
Huawei ရဲ့ကိုယ်ပိုင် Octa-Core Kirin 955 Chipset , 4GB RAM ထည့်သွင်းထားပါတယ်။ 32 / 64/ 128GB Storage မော်ဒယ်များရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာOptical Image Stabilization နည်းပညာပါတဲ့ 13MP Camera တပ်ဆင်ထားပေမယ့် Full HD Video များကိုသာရိုက်ကူးနိုင် ပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါပါတယ်။
SIM Slot ၂ ခုပါပေမယ့် တစ်ခုကိုmicroSD Card နဲ့ မျှဝေ သုံးရ မှာပါ။ Bluetooth 4.2 ပါပေမယ့် NFC နဲ့ MHL ကိုတော့ မထောက်ပံ့ပါဘူး။ အောက်ခြေမှာ USB Type-C Port ပါပေမယ့် သူ့ရဲ့ စံနှုန်းဟာ USB 2.0 ဖြစ်ပါ တယ်။ 4500mAh Battery ထည့်သွင်းထားပါတယ်။ Android 6.0 Marshmallow မောင်းနှင်မှာ ဖြစ်ပါတယ်။အရွယ်အစားအပြည့်အစုံမှာ178.8 x 90.9 x 7.18mm ဖြစ်ပြီးအလေးချိန်မှာ ၂၁၉ ဂရမ် ဖြစ်ပါတယ်။
Huawei Honor Note 8 ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့မှာတရုတ် တွင်စတင် ရောင်းချမှာ ဖြစ်ပါတယ်။ 32GB Model ကိုဒေါ်လာ ၃၄၅ ၊ 64GB Model ကို ဒေါ်လာ ၃၇၅ နဲ့ 128GB Model ကိုဒေါ်လာ ၄၂၀ သတ်မှတ်ထား ပါတယ်။ တစ်ကမ္ဘာလုံးမှာရောင်းချမယ့် နေ့ရက်ကို Huawei က ကြေညာခြင်း မရှိသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com