8/14/2016

✿ iPhone က data တွေကို Android ထဲ ဘယ်လိုရွှေ့ ကြမလဲ ?✿




အသစ်အသစ်တွေထွက်တဲ့ခေတ်မှာ ဖုန်းအသစ် OS အသစ်နဲ့ စိတ်ရှုပ်စရာပါပဲ။
 စိတ်မပူပါနဲ့ ။ ယခု ညွှန်ကြားချက်ဟာ သင့် iPhone ကနေ Android ပြောင်းရာမှာ ကြိုးမလိုဘဲနဲ့ မြန်မြန်ဆန်ဆန် switch လုပ်ရာမှာ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ဆာင်ရန် နည်းလမ်းများ

***********************

အဆင့် (၁) ။   ။ ပထမ သင့်ရဲ့ အန်းဒရိုက်ဖုန်းကို ဖွင့်ပြီး Google Account ကို ဖွင့်ပါ။ ပြီးတာနဲ့ Google Account ဖွင့်ဖို့ ကိုတော့ တစ်ဆင့်ချင်း လုပ်သွားရမှာဖြစ်ပါတယ်။

သင့်အနေနဲ့ Google Account တစ်ခုလိုအပ်ပါတယ်။ ဒါမှသာ အောက်မှာဖော်ပြထားတဲ့ အက်ပလီကေး ရှင်းကို Play Store ကနေ ဒေါင်းလုပ်ဆွဲပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။

အဆင့် (၂) ။   ။ ကိုယ့်ဖုန်းက အန်းဒရိုက်ဖုန်းဆိုပါက Play Store ကို ယူပြီး အိုင်ဖုန်းဆိုရင်တော့ Apple Store ကနေ Copy My Data ဆိုတဲ့ အက်ပ်ကို ဒေါင်းလုပ်ဆွဲလိုက်ပါ။ ဆွဲရမယ့် လင့်ခ်ကိုလည်း အောက်မှာ ပေး ထားပါတယ်။

Copy My Data for Android


Copy My Data for iPhone


အဆင့် (၃) ။ ။ ဖုန်းနှစ်လုံးစလုံးကို WiFi network တစ်ခုတည်းမှာ ချိတ်ထားပြီး နှစ်လုံးစလုံးမှာရှိတဲ့ ယခု အက်ပ်ကို ဖွင့်လိုက်ပါ။

အဆင့် (၄) ။ ။ အန်းဒရိုက်နဲ့ အိုင်ဖုန်းမှာရှိတဲ့ ပထမဆုံး option ကို ရွေးပြီး အက်ပလီကေးရှင်းကို search ရှာတာကို ပြီးအောင်လုပ်လိုက်ပါ။

အဆင့် (၅) ။ ။ အိုင်ဖုန်းအက်ပလီကေးရှင်းရဲ့ menu မှာ ကိုယ့်ရဲ့ အန်းဒရိုက်ဖုန်းကို ရွေးပြီး ပထမ option ဖြစ်တဲ့ Copy data to selected device ကို ရွေးပါ။

 

အဆင့် (၆) ။ ။ ပေးထားတဲ့ ကုဒ်ကို ရိုက်ပေးပါ။




အဆင့် (၇) ။ ။ အိုင်ဖုန်းကနေ ကိုယ် copy ကူးလိုတဲ့ data ကိုရွေးပါ။
(သင့်အနေနဲ့ Contacts တွေ Photos တွေ ၊ Calendar နဲ့ Video တွေကို ရွေးလို့ ရပါတယ်။)

 

 မှတ်ထားရမှာက ဒီ အက်ပလီကေးရှင်းနဲ့  လုပ်နည်းပုံစံက သီချင်းကလွဲရင် တစ်ခြား data အားလုံးကို ရွှေ့ ပြောင်းလို့ ရပါတယ်။ အန်းဒရိုက်ဖုန်းထဲကို သီချင်းရွှေ့ ဖို့ ဆိုရင် ယခု ညွှန်ကြားတဲ့ အဆင့်တွေထက် ပိုများတဲ့ လုပ်နည်းနဲ့ iTunes ကိုသုံးပြီး သင့်ရဲ့ music library ကို ချိန်ညှိဖို့ လိုပါတယ်။


Credit To... (Myanmar Mobile App)

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


  My Facebook Wall- (HERE)

====================

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။













<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>