Lenovo က Xiaomi Redmi Note 3 ကို ယှဉ်ပြိုင်မယ့် Vibe K5 Note ကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါတယ်။ အွန်လိုင်းအရောင်းဆိုင် Flipkart နဲ့ ပူးပေါင်း ရောင်းချပေး လိုက်တာ ဖြစ်ပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး အနက်၊ အဖြူနဲ့ ရွှေရောင်များ ရွေးချယ်နိုင် ပါတယ်။

၅.၅ လက်မ Full HD Display , MediaTek Helio P10 Chipset ထည့်သွင်းထားပါတယ်။ 3GB RAM နဲ့ 4GB RAM Model ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ 32GB Internal Storage တပ်ဆင်ထားပြီး 128GB အထိ ၀င်ဆန့်တဲ့ microSD Card ထည့်နိုင်ပါတယ်။ လက်ဗွေရာ လုံခြုံရေး စနစ်လည်း ပါရှိပါတယ်။

3500mAh Battery , Android Marshmallow ထည့်သွင်းထားပါတယ်။ 13MP Rear Camera မှာ Phase Detection Autofocus နည်းပညာပါပါတယ်။ 8MP Front Camera တပ်ဆင်ထားပြီး 3GB RAM Model ကို ဒေါ်လာ ၁၇၉ ၊ 4GB RAM Model ကို ဒေါ်လာ ၂၀၂ သတ်မှတ်ထားပါတယ်။