မကြာခင်ထွက်ရှိတော့မယ်လို့ သတင်းထွက်နေတဲ့ Xiaomi Mi 5s နဲ့ Mi Note 2
ဖုန်းတွေမှာ လည်း ကျောကင်မရာနှစ်လုံးတွဲပါဝင်လာမယ်လို့
ပေါက်ကြားထားတာကြောင့်၊ Xiaomi ကုမ္ပဏီရဲ့ နောက် ထွက်မယ့်စမတ်ဖုန်းမော်ဒယ်အသစ်တွေဟာ ကျောကင်မရာနှစ်လုံးတွဲတွေနဲ့ချည်း
ဖြစ်ဖို့ များနေပါတယ်။
တရုတ်သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ MyDrivers ကနေ ပေါက်ကြားလာတဲ့ ကြော်ငြာဓာတ်ပုံမှာ Redmi ဖုန်းတွေရဲ့ အမှတ်တံဆိပ်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မင်းသား Liu Haoran ဟာ Mi တံဆိပ်တပ်ထားတဲ့ အဖြူရောင်စမတ်ဖုန်းတစ်လုံးကို ကိုင်ဆောင်ထားတာတွေ့မြင်ရပြီး၊ အဆိုပါဖုန်းရဲ့ ကျောဘက်မှာ ကင်မရာနှစ်လုံးပါဝင်နေတာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။
ထူးခြားချက်က အထက်၊အောက် ထည့်သွင်းထားတဲ့ ကျောကင်မရာနှစ်လုံးအလယ်မှာ ဖလက်ရှ်မီး ရောက်နေတာကို တွေ့ရပါတယ်။ ဒီ့အပြင် လက်ဗွေရာဆန်ဆာကို မတွေ့မြင်ရပေမယ့်၊ ဟုမ်းခလုတ်မှာ ထည့်သွင်းထားတာ ဖြစ်လောက်ပါတယ်။
လတ်တလောသိထားတဲ့အချက်အလက်တွေအရ၊ Redmi Note 4 စမတ်ဖုန်းဟာ မျက်နှာပြင်ကြီးကြီးနဲ့ လာဖွယ်ရှိပြီး၊ Snapdragon 652 Soc ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 16GB တို့ ပါဝင်မယ်လို့ သိရပါတယ်။
လက်ရှိစမတ်ဖုန်းဈေးကွက်မှာ dual-camera ဖုန်းတွေဟာ တော်တော်ခေတ်စားလာပြီး၊ Huawei ကလည်း Honor အမှတ်တံဆိပ်နဲ့ ကျောကင်မရာနှစ်လုံးပါတဲ့ Honor 8 ဖုန်းကို မကြာသေးခင်ကပဲ မိတ်ဆက်သွားခဲ့ပါတယ်။

www.pyaephyo.com