7/03/2016

♪ “Samsung Galaxy J2” ♫


Samsung ဟာ သုံးစွဲသူမျိုးစုံအတွက် အဆင်ပြေစေရန် ဟန်းဆက်များစွာကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ တန်ဖိုးကြီးသောဖုန်းကို တတ်နိုင်သူများ အတွက်လည်း ဈေးနှုန်းများ သည့် စွမ်းရည်ကောင်းသောဖုန်းများကို ထုတ်လုပ်ရောင်းချ ပေးထားပြီး ဈေးနှုန်းတစ်သိန်း ၀န်းကျင်နဲ့ နှစ်သိန်း ၀န်းကျင်ရှိသော ဟန်းဆက်များကိုသာ ၀ယ်ယူချင်သူများအတွက် အရည် အသွေးသင့်တင့်သောဖုန်းများကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။

အခုလတ်တလောတွင် Samsung မှ ခပ်စိတ်စိတ် ကြော်ငြာနေသော ဖုန်း အမျိုးအစားများမှာ S7 Edge နှင့် J ဖုန်းများဖြစ်ပါတယ်။ J2 ဟာ နောက်ဆုံး ထွက်ရှိထားသော ဖုန်းအမျိုး အစားထဲက တစ်မျိုးဖြစ်ပါတယ်။ 2G, 3G, 4G Network အမျိုးအစားများကို ထောက်ပံ့ပေးနိုင်ပါမယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 136.5 x 69 x 8.4mm ရှိကာ ဖုန်းရဲ့ပုံပန်းသဏ္ဌန်ကတော့ ထိပ်ဘက်ထောင့်များတွင် အ၀န်းအ၀ိုက်ပုံစံ ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပြီးအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစား ကတော့ Micro Sim ပါ။ Super AMOLED Capacitive Touch Screen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 4.7 inches ဖြစ်ပါတယ်။

 မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 540 x 960 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 234ppi ပါ။ ထည့်သွင်းတပ်ဆင်ပေးထားသော ကင်မရာနှစ်မျိုးနှစ်စားကတော့ အလယ် အလတ်စွမ်း ရည်ရှိပါတယ်။ အဓိကကင်မရာသည် 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ 720P စွမ်းရည် ဖြင့် ဗီဒီယို ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်းရရှိပါမယ်။

မှတ်ဥာဏ် ပမာဏအပိုင်းအတွက် RAM ကို 1GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 8GB ပါရှိပါမယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားကတော့ Exynos 3475 ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားမှာ Li-Ion 2000mAh ပါ။

<Specification>
Network - GSM/HSPA/LTE
Screen - 4.7 inches
CPU - Quad Core 1.3 GHz
OS - Android OS,v5.1.1
Memory - up to 256 GB
Bluetooth - v4.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com