7/01/2016

♪ ROOT access နဲ့အသုံးပြုတဲ့ apk များကိုသတိထားသင့် ♫


Android user တွေအနေနဲ့ ဖုန်းတွေမှာ ROOT ဖောက်ပြီးအမျိုးမျိုးသော root access နဲ့အသုံးပြုသော apk များကိုသုံးကြပြီး system ပိုင်းတွေကို ပြင်ဆင်တာတွေ ပြုလုပ်တက်ကြပါတယ်။ များသောအားဖြင့် apk တော်တော်များများဟာသုံးရတာအဆင်ပြေပေမဲ့ သတိထားသင့်တဲ့ apk လေးတွေလဲရှိပါတယ်။

ဥပမာအနေနဲ့ပြောရရင် အချို့ user တွေသုံးကြတဲ့ အသံပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး သုံးတဲ့ Beat Audio လို apk မျိုးတွေကို အသုံးပြုတဲ့အခါမှာ သူက system ပိုင်းကိုဝင်ရောက်ပြင်ဆင်တဲ့အတွက်အဆင်မပြေတဲ့ Device တွေမှာဆိုရင် အသံလုံးဝပျောက်သွားပြီး Firmware ပြန်တင်မှအဆင်ပြေ တဲ့အခြေအနေ မျိုးထိ ဖြစ်တက်ပါတယ်။
နောက်တစ်ခုအနေနဲ့ အချို့ user တွေကလိတက်တဲ့ 🙂 အပိုင်းပါပဲ။ အချို့အသုံးပြုသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ကျရင်း version ပိုင်းကိုဝင်ပြင်တဲ့အနေအထားမှာ ဖြစ်တက်တာပါ။ Root explorer ကိုအသုံးပြုပြီး system ကနေ version ကိုဝင်ပြင်တာပါ။ ဖုန်းက version 4.4.4 ပဲဆိုပါစို့ အဲဒါကို version 5.0 တို့ 6.0 တို့ရေးပြီးပြင်တဲ့အခါ အဆင်မပြေရင် Firmware ကျတက်ပါတယ်။

ဒါကြောင့် ROOT access နဲ့အသုံးပြုရတဲ့ apk တွေကိုအသုံးပြုရင် သတိထားသင့်တာလေးကို ကျတော် ကြုံဖူးသလောက်ကို user တွေအတွက် အကြံပြုပေးလိုက်ရပါတယ်။


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com