7/05/2016

♪ RAM 4GB နဲ့ 16-megapixel ရှေ့ကင်မရာပါဝင်တဲ့ Vivo X7 နဲ့ X7 Plus ဖုန်းအသစ်နှစ်မျိုး ထွက်ရှိ ♫


ရှေ့ကင်မရာကောင်းကောင်းနဲ့ Selfie ရိုက်လို့ကောင်းတဲ့ဖုန်းကိုမှ လိုချင်သူတွေအတွက် Vivo ရဲ့ အရည်အသွေးမြင့်ရှေ့ကင်မရာပါဝင်တဲ့ စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုး ထွက်ရှိလာပါပြီ။

Vivo X7 နဲ့ X7 Plus လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို ဂျူလိုင်လ (၁) ရက်နေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကော စွမ်းဆောင်ရည်ပါ အကောင်းဆုံးလုပ်ထားတာတွေ့ရပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့ ဖုန်းနှစ်မျိုးလုံးမှာ သတ္တုကိုယ်ထည်အပြည့်သုံးထားပြီး၊ လက်ဗွေရာဆန်ဆာ ထည့်သွင်းထားတဲ့ Home ခလုတ်တို့ ပါဝင်ပါတယ်။ တစ်လုံးနဲ့တစ်လုံး ဒီဇိုင်းပိုင်းသိပ်မကွာသလို၊ RAM 4GB ၊ 16-megapixel ရှေ့ကင်မရာနဲ့ octa-core Snapdragon 652 ပရိုဆက်ဆာသုံးထားတာခြင်းလည်း တူညီပါတယ်။ အရွယ်အစားမှာတော့ X7 ဖုန်းက မျက်နှာပြင်အနည်းငယ်သေးကာ၊၊ X7 Plus က မျက်နှာပြင်ပိုကြီးသွားပြီး၊ ဖုန်းကြီးကြီးကိုင်ချင်သူတွေအတွက် အနေတော်ပါပဲ။

Vivo X7 ဖုန်းကနေစပြောမယ်ဆိုရင်၊ ဒီဖုန်းဟာ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ ၅.၂ လက်မအရွယ် full-HD Super AMOLED မျက်နှာပြင်ပါရှိပါတယ်။ Vivo ရဲ့ Android 5.1 စနစ်အခြေခံ Funtouch OS 2.5.1 ကို အသုံးပြုထားပြီး၊ LED ဖလက်ရှ်မီးပါ 13-megapixel ကျောကင်မရာပါဝင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းအနေနဲ့ GPRS/EDGE ၊ 3G ၊ 4G ၊ GPS ၊ Bluetooth ၊ Wi-Fi တို့ ပါဝင်ပြီး၊ အားနည်းချက်ကတော့ သာမန်ဖုန်းတွေလိုပဲ micro-USB အပေါက်နဲ့ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3000mAh ဘက်ထရီပါ။ X7 ဖုန်းကိုတော့ ဖုန်းတွင်း storage 64GB တစ်မျိုးပဲ ၀ယ်ယူရရှိနိုင်မှာပါ။

Vivo X7 Plus ဖုန်းမှာတော့ မျက်နှာပြင်ကပိုကြီးသွားပြီး၊ ၅.၇ လက်မအရွယ် full-HD Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ storage 64 GB မော်ဒယ်အပြင်၊ 128GB အထိပါတဲ့ မော်ဒယ်ကိုပါ ရရှိနိုင်မှာပါ။ X7 Plus ဖုန်းမှာ ကျောကင်မရာကလည်း Sony ရဲ့ IMX298 ဆန်ဆာသုံး 16MP ကင်မရာနဲ့ ဖြစ်သွားသလို၊ အားအမြန်သွင်းနည်းပညာပါဝင်တဲ့ 4000mAh ဘက်ထရီလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျန်တဲ့ OS နဲ့ ကွန်ရက်ချိတ်ဆက်မှုအပိုင်းကတော့ X7 နဲ့ တူတူပါပဲ။

Vivo X7 ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ ဂျူလိုင်လ (၇) ရက်နေ့ စတင်ရောင်းချ သွားမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ မြန်မာငွေ ၄ သိန်းကျော်ခန့်ရှိပါတယ်။ X7 Plus ဖုန်းကိုတော့ ဂျူလိုင်လ (၁၅) ရက်နေ့ကျမှ စတင်ရောင်းချမှာဖြစ်ပြီး၊ ဈေးနှုန်းကိုတော့ ကြေငြာထားခြင်းမရှိသေးပါဘူး။

vivo-x7-plus-2

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com