7/23/2016

♪ တန်ဖိုးကြီးဖုန်းတွေအတွက် ပိုပြီးအရည်အသွေးကောင်းတဲ့ချစ်ပ်တွေထပ်မံထုတ်လုပ်သွားမယ့် Qualcomm ♫


Samsung ရဲ့ အဓိက ပါတနာကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcomm ဟာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်တဲ့ Snapdragon ချစ်ပ်တွေကို Samsung နဲ့ တစ်ခြားသော နာမည်ကြီးတန်ဖိုးကြီးဖုန်းတွေအတွက် ထပ်မံထုတ်လုပ်ပေးသွားအုံးမှာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်အခြစိုက် Qualcomm ဟာ ပြီးခဲ့တဲ့လေးလပတ်အတွင်းမှာ ချစ်ပ်ပြားပေါင်း ၂၀၁ သန်းအထိ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ပြီး သူတို့မျှော်မှန်းထားတဲ့ အရေအတွက်ထက် ခြောက်သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလို ရောင်းချနိုင်ခဲ့မှုရဲ့ အကျိုးဆက်ကတော့ Qualcomm ဟာ ရောင်းရဝင်ငွေ ဒေါ်လာ ၆.၀၄ ဘီလျံအထိရရှိခဲ့တာဖြစ်ပြီး အရင်နှစ်ကနဲ့ စာရင် ၃.၆ ရာနှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ Qualcomm ရဲ့ ရောင်းအားတက်မှုနဲ့အတူ အကျိုးဖြစ်ထွန်းလာတာကတော့ Samsung ပါပဲ။ Samsung ဟာ Qualcomm ရဲ့ Snapdragon 820 ချစ်ပ်တွေကို နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S7 နဲ့ S7 Edge တွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး ဖုန်းအလုံးရေ ၁၅ သန်းကျော်တင်ပို့ရောင်းချထားရကာ Apple ရဲ့ iPhone 6S နဲ့ 6S Plus ရောင်းအားကို ကျော်တက်နိုင်ခဲ့တာပါ။

Qualcomm ကတော့ ပြီးခဲ့တဲ့ လေးလပတ်တုန်းကထက် ဒေါ်လာ ၁.၄၄ ဘီလျံထိ ဝင်ငွေတိုးတက်လာခဲ့ပြီး Huawei , Xiaomi နဲ့ ZTE ဖုန်းတွေအတွက်လည်း ထပ်မံထုတ်လုပ်ပေါ်နိုင်ဖို့အတွက် လိုင်စင်တင်ဖို့ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ လောလောလတ်လတ် ထွက်ရှိလာအုံးမယ့် Samsung ရဲ့ Galaxy Note 7 မှာလည်း Snapdragon 821 CPU ကို အသုံးပြုထားတယ်လို့ သိရပြီး ဒီ CPU ဟာ 820 မော်ဒယ်ထက် စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်းအထိ ပိုမြန်ဆန်ဆယ်လို့ သိရပါတယ်။

ဖုန်းကုမ္ပဏီတွေရဲ့ ဝင်ငွေက ဘယ်လောက်ထိရှိတယ်ဆိုတာမသိရပေမယ့်လည်း ချစ်ပ်ပြားထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ဝင်ငွေကတော့ ကျွန်တော်တို့အတွက် မျက်လုံးပြူးစရာပါပဲ။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com