7/03/2016

Huawei Mate 8 ဖုန်း ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်း - by CHAN LAY (MCMM)






Huawei Mate 8 ဖုန်းကို ကိုင်ဆောင်ထားကြတဲ့ညီအကိုများနဲ့ ဆိုင်သမား
များအတွက် ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

 ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ XDA site မှ SRKTools file ဖြင့်
ကွန်ပျူတာကို အသုံးပြုပြီး One Click Root Method ဖြင့် ပေါက်ပါတယ်။


 ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

===================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

ငြင်းဆိုချက်

=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။


Download the SRKTools file

  Root လုပ်နည်း

=========
၁။ SRKTools file ဖိုင်ကိုဒေါင်းလော့ပြီး ဇစ်ဖြည်လိုက်ပါ။


၂။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။


၃။ SRKTools ကိုဖွင့်လိုက်ပြီး လမ်းညွှန်အတိုင်းပြုလုပ်ပေးလိုက်ပါ။


၎။ Rooting process ပြုလုပ်နေတုန်းစောင့်လိုက်ပါ၊ ပြီးရင် Reboot ချလိုက်ပါ။


၅။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။




အဆင်ပြေကြပါစေ...နော် :)


 ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးသည်။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net