ပြည်တွင်းဈေးကွက်မှာအခုဆို ရင်တရုတ်စမတ်ဖုန်းတွေဟာ ဈေးကွက် အများစုကိုရယူပိုင်ဆိုင်နို င်နေပါပြီ။သုံးစွဲသူစိတ်ကြိုက်လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတဲ့အပြင် ဈေးနှုန်းကလည်းအတော်လေး သက်သာ ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်Huawei ဖုန်းတွေလောက်သိခဲ့ရာ ကနေအခုဆိုရင်OPPO,Vivo,Meiz u,Xiaomi,KENBO စမတ်ဖုန်းတွေဟာ ဈေးကွက်အတွင်းအပြိုင်အဆိုင်ရောင်းချမှုအနေအထားကိုရှိနေ ခဲ့ပါတယ်။ OPPOဆိုရင်ပြည်တွင်းစမတ်ဖုန်းဈေးကွက်မှာselfie ဖုန်းဈေးကွက်၌ အတော်လေး ပိုင်ဆိုင်ထားပါတယ်။ဘယ်လိုေ သာအကြောင်းတရားကြောင့် ဖြစ်စေတရုတ်နိုင်ငံထုတ်ဖုန်းတွေရဲ့ ဈေးကွက်၊သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း တွေကတော့ ပြည်တွင်းကသုံးစွဲသူတွေနဲ့အ တော်လေးအံဝင်ခွင်ကျဖြစ် နေပါပြီ။ ပြည်တွင်းဈေးကွက်ထဲကိုဝင်ေ ရာက်လာတဲ့ တရုတ်နိုင်ငံထုတ် ဖုန်းတွေအကြောင်းကိုလေ့လာနိုင်စေဖို့အတွက်တင်ဆက်ပေးလို က်ပါ
တယ် .............
<OPPO A37>
မကြာခင်အချိန်အတွင်း ပြည်တွင်းဈေးကွက်မှာ ရောင်းချပေးတော့မယ့် စမတ်ဖုန်းဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွက် မြန်ဆန်သည့် ကွန်ရက် ဖြစ်တဲ့4G အသုံးပြုနိုင်မယ့်ဖုန်းလေး ဖြစ်ပြီးJuly 1ရက်နေ့ကနေစတင် ရောင်းချပေးတော့မှာပါ။Andro id OS 5.1ပေါ်မှာအခြေခံထားတဲ့Color OS 3.0ကိုသုံးနိုင်မှာဖြစ်ပါတယ်။မျက်နှာပြင်ကတော့၅လက်မဖြစ်ပြီးHD IPS နဲ့ ဖြစ်ပါတယ်။ပုံရိပ်တွေဖော်ပြ ပေးမှုအတွက်ကတော့720×1280p နဲ့ မြင်တွေ့ ရမှာပါ။ဖုန်းရဲ့သွက်လက်တဲ့လုပ်ဆောင်ချက်တွေမြန်ဆန်အောင်ထောက်ပံ့ ပေးမှာကတော့Qualcomm MSM8916 Snapdragon 410ကို သုံးထားမှာ ပါ။RAM ကတော့2GB သုံးထားပါတယ်။မျက်နှာပြင်ရဲ့ ကာကွယ်နိုင်စွမ်း အတွက်ကိုတော့Gorilla Glass 4 နဲ့ခြစ်ရာ၊အစင်းရာတွေမဖြစ်ေ အာင်ပြုလုပ် ပေးမှာဖြစ်ပါတယ်။အချက်အလက်သိုလှောင်နိုင်မှုအတွက်16GB Storage ကိုတစ်ပါတည်းထည့်သွင်းပေးထားပြီးထပ်မံတိုးမြှင့်မယ်ဆို ရင်တော့128GB အထိလက်ခံနိုင်စွမ်းရှိမှာဖြ စ်ပါတယ်။ကင်မရာရိုက်ကူးလိုသူတွေအတွက် အဓိကကင်မရာဟာ8MP ဖြစ်ပြီးLED flash တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကိုတော့5M P သာထည့်သွင်းပေးထားပါတယ်။ ကင်မရာဟာvideo တွေအတွက်ဆိုရင်1080p HD အဆင့်ရနိုင်စွမ်းရှိမှာ ဖြစ်ပြီးကင်မရာရဲ့ထပ်တိုးလု ပ်ဆောင်နိုင်မှုဖြစ်တဲ့Ultra HD mode နဲ့ရိုက် လိုက်မယ်ဆိုရင်23MP အရည်အသွေးနဲ့ရိုက်ထားသလိုဖြ စ်နေမှာပါ။Chip ပိုင်းဆိုင်ရာမှာတိုးတက်ပြောင်းလဲလာတာကြောင့်မိုဘိုင်း ကွန်ရက်အသုံးပြုမှု မှာSim နှစ်ခုလုံးဟာ4G ကိုရရှိနိုင်စေမှာဖြစ်ပါတယ် ။ဘက်ထရီပိုင်း ဆိုင်ရာ အတွက်တော့Li-Ion 2360mAh ကိုတပ်ဆင်ပေးထားပါတယ်။အခြား ကွန်ရက်ချိတ်ဆက်မှုအပိုင်းတွေဘက်ကို လေ့လာကြည့်ရင်တော့Wi-Fi 802.11 a/b/g/ n, bluetooth 4.0တို့နဲ့အချက်အလက်တွေလွှဲပြောင်း နိုင်ပါလိမ့်မယ်။
<OPPO F1Plus>
5.5 inches အရွယ်အစားဖြစ်လာခဲ့ပြီးရုပ် ထွက်ပိုင်းကိုပိုမိုကောင်းမွန် စေမယ့် AMOLED Display ကိုပါအသုံးပြုထားပါတယ်။မျက် နှာပြင်မှာ3D ရုပ်ကြွစနစ် မျိုးရရှိစေဖို့အတွက်လည်း2. 5D Arc edge screen ကိုဖြည့်စွက် အသုံးပြုထား သည်။F1 Plus ရဲ့Hardware ပိုင်းကိုကြည့်မယ်ဆိုရင်Med iaTek ရဲ့Helio P10 chipset ကိုအသုံးပြုထားတာဖြစ်ပြီးOc ta
Core 2.0 GHz နှုန်းနဲ့ အလုပ်လုပ် ပေးမှာဖြစ်ပါတယ်။F1 Plus
မှာသုံးထားတဲ့Media TekHelio P10 chipset က4G စနစ်သုံးနိုင်မယ့်ဖုန်းမျိုးတွေ၊Performance ပိုင်းကိုတော်တော် ကောင်းကောင်းရရှိစေမယ့်ဖုန်းမျိုးတွေနဲ့ဖုန်းရဲ့ကိုယ်ထ ည်ပိုင်းခပ်ပါးပါး တည်ဆောက်ရယူချင်တဲ့ဖုန်းမျိုး တွေအတွက်ရည်ရွယ်ထုတ်လုပ်ထား တာဖြစ်သလိုBattery အားသုံးစွဲမှုမှာလည်းအများကြီးသက်သာစေဦး
မှာ ဖြစ်ပါတယ်။Internal Storage ကbuilt-in 64GB ပါဝင်ပြီးSIM slot 2 ကို
သုံးမယ်ဆိုရင်တော့128GB အထိတပ်တိုးအသုံးပြုနိုင်ဖို့ ရှိပါတယ်။ဒါကြောင့် ပုံမှန်အချိန်မှာSIM card (၂)ကတ်သုံးနိုင်မှာဖြစ်ပေမယ့်SD card စိုက်ရင် တော့ဖုန်းကတ်တစ်ကတ်တည်းပဲအသုံးပြုရမှာဖြစ်ပါတယ်။သူ့ရဲ့ ColorOS 3.0 နဲ့Battery သက်သာစေတဲ့Helio P10 chipset တို့ကြောင့်2850mAh battery ပဲသုံးထားပေမယ့်တစ်နေ့တာအတွ က်လုံးဝလုံလောက်မှုရှိစေဦး မှာပါ။အားသွင်းစနစ်ကVOOC Flash Charge ဖြစ်လို့နာရီဝက်အတွင်း Battery အား၇၅ရာခိုင်နှုန်းအထိရရှိစေ မယ့် မြန်နှုန်းမြင့်အားသွင်းစနစ် ဖြစ်ပါ တယ်။F1 Plus ဟာလည်းFingerprint စနစ်ကိုပါထည့်သွင်းပေးလာခဲ့ တဲ့ တတိယမြောက်OPPO အဆင့်မြင့်ထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။ တစ်စက္ကန့်ရဲ့ (၅)ပုံ(၁)ပုံဖြစ်တဲ့0.2 sec အတွင်းမှာပဲဖုန်းကိုပွင့်သွားစေမှာဖြစ် ပါတယ်။ ရှေ့ကင်မရာမှာကFix Auto Focus စနစ်ကိုသုံးထားပြီးSelfie Panorama စနစ်ပါလို့အုပ်စုလိုက်Selfi e ပုံတွေကို၁၂၀°အတိုင်းအတာထိရ ရှိ စေပါလိမ့်မယ်။ နောက်ကင်မရာကတော့PDAF ဆိုတဲ့Phase Detection Autofocus စနစ်ကြောင့်ဝ.၁စက္ကန့်မှာပင် ပုံရိပ်ဖြတ်ပေးကာေ၀၀ါးမှုမရှိစေတဲ့ ပုံတွေကိုရိုက်ယူဖို့ထောက်ကူပေးမှာဖြစ်ပါတယ်။F1 Plus တွင်အရောင် အတွက်ကGold နဲ့Rose Gold ဆိုပြီးနှစ်မျိုးရွေးနိုင်ပါတယ်။
<OPPO F1>
F1တွင် ခေတ်မီဆန်းပြားသောဓာတ်ပုံပညာရပ်စံသတ်မှတ်ချက်တစ်ခုဖြစ် သည့်8 MPအရှေ့ဘက်ကင်မရာနှင့်သပ်ရပ်လှပသောSelfie ဓာတ်ပုံများကို ဖမ်းယူနိုင်စေရန်ရည်ရွယ်ဖန် တီးထားတယ်။F1 တွင်၅လက်မDisplay ကို အသုံးပြုထားပြီးအထူက7.25 mmမျှသာရှိတယ်။2.5D Corning Gorilla Glass 4ကသာမန်ဖန်သားပြင်ထက်နှစ်ဆပိုမိုတောင့်တင်းသောကြောင့်O PPO F1 ကစင်းရာ၊ ခြစ်ရာဒဏ်ကိုပိုမိုခံနိုင်ရ ည်ရှိပြီးအကြမ်းဒဏ်ကိုလည်းခံနိုင် မည်ဖြစ်တယ်။OPPO F1 တွင်Wide f/2.0 aperture မှန်ဘီလူးနှင့်1/4-inch sensorပါဝင်သော8MP အရှေ့ဘက်ကင်မရာပါဝင်တယ်။ ၎င်းကင်မရာသည် f/ 2.4 apertureမှန်ဘီလူးထက်ကင်မရာထံအ လင်းဖန်တီးမှုကို၄၄ရာခိုင်နှု န်း ပိုမိုစေပြီးသာမန်5MP အရှေ့ဘက်ကင်မရာထက်၃၀ရာခိုင် နှုန်းပိုမိုကြည်လင် ပြတ်သားသောဓာတ်ပုံများကိုရိုက်ကူးပေးနိုင်တယ်။ထို့အပြင်F1 တွင်OPPO ၏Beautify 3.0 Feature ကိုထောက်ပံ့ထားသောကြောင့်မည်သည့် အခြေ အနေတွင်မဆိုလှပသောSelfie ဓာတ်ပုံများကိုရိုက်ကူးပေးနိုင်တယ်။F1 တွင် Qualcomm Snapdragon 616 Series Octa-core ပရိုဆက်ဆာနှင့်3GB RAM ကိုထောက်ပံ့ပေးထားသည့်အတွက် တစ်ခုထက်ပိုမိုသော လုပ်ဆောင် ချက်များကိုလျင်မြန်သွက်လက် စွာပြုလုပ်နိုင်တယ်။သိုလှော င်မှုပမာဏက 16GB ဖြစ်ပြီး128 GB အထိတိုးမြှင့်နိုင်သောကြောင့်ဓာတ်ပုံအမြောက် အမြားကိုသိမ်းဆည်းနိုင်တယ်။ OPPO ၏ColorOS 2.1 သည်Android 5.1 ကိုအခြေခံထားပြီးF1 ၏စွမ်းဆောင်ရည်မြင့်မားသောဘ က်ထရီနှင့် အကျိုးရှိရှိ အသုံးပြုနိုင်ရန်အဆင့်မြှင့် တင်ထားသောကြောင့်သုံးစွဲသူ များက အရည်အသွေးအလွန်ကောင်းသောဓာတ်ပုံများကိုမနားတမ်းရိုက်ကူးနိုင် တယ်။Screen Self-refresh နည်းပညာပါဝင်သောColorOS သည်F1 Screen ချိန်ညှိမှုကိုအလိုအလျောက်ပြုလုပ်ပေးနိုင်သောကြောင့်ဘက် ထရီသက်တမ်းကိုပိုမိုကောင်းမွန်စေပါတယ်။Beautify 3.0 တွင်အားနည်းချက်များကို ဖယ်ရှား ထားပြီးFilter 8 ခုနှင့်ကွဲပြားခြားနားသောBe autiful Mode 3 မျိုးပါဝင် တယ်။F1 ကိုGold နှင့်Rose Gold ဟူ၍အရောင်နှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။
<Meizu Pro6>
Pro6 မှာတော့၅.၂လက်မျက်နှာပြင်အရွယ်အစားကိုသာသုံးထားပါတယ်။ ကိုယ်ထည်ရဲ့ပါးလွှာမှုအပိုင်း မှာဆိုရင်လည်းဝ.၂လောက်ပိုပါးသွားမှာဖြစ်ပါ တယ်။၅.၂လက်မရှိတဲ့မျက်နှာပြ င်ဟာFull HD ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီးppiက လည်း အတော်ကောင်းလာပါတယ်။423ppi နဲ့ဖြစ်တာကြောင့် မြင်ကွင်းပိုင်း မှာပိုမိုရှင်းလင်းပြတ်သားလာမှာဖြစ်ပါတယ်။ဖန်သားပြင်ကာ ကွယ်နိုင်စွမ်း အတွက်ကိုလည်းGorilla Glass ကိုသုံးထားပြီးတော့3D Touch Display ကိုအသုံးချနိုင်မှာပါ။သတ္တုကိုယ်ထည်ဒီဇိုင်းကိုအပြည့်အ၀ ခံစားရမှာဖြစ်ပြီး ဈေးကွက်ထဲမှာရှိတဲ့စမတ်ဖုန်းတွေထဲမှာDeca-Core နဲ့သုံးနိုင်မယ့်စမတ်ဖုန်း ပါ။ ဆော့ဝဲပိုင်းနဲ့ပတ်သက်ရင်တော့Meizu ဟာသူတို့ရဲ့ကိုယ်ပိုင်UI ဖြစ်တဲ့ Flyme 5.6 ကိုသုံးနိုင်ပါလိမ့်မယ်။And roid OS အနေနဲ့ကြည့်လိုက်မယ်ဆိုရင် တော့6.0(Marshmallow)ဖြစ်ပါ တယ်။စွမ်းအင်သုံးစွဲမှုအပိုင်းအတွက်10 core ကိုသုံးထားတဲ့ထိပ်တန်းဖုန်း အဖြစ်ဆိုရပါလိမ့်မယ်။ဘာကြော င့်လဲဆိုရင်MediatekHelio X25 ရဲ့ပေါင်းစပ်ပေးထားမှုဟာ2.5G Hzအမြန်နှုန်းရှိတဲ့Dual-Cor e Cortex –A72CPU, 2.0GHz ရှိတဲ့A53s Quad-Core နဲ့1.4GHzရှိမယ့်A53s Quad-Core CPU တွေ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ် ။အချက်အလက် သိုလှောင်သိမ်းဆည်းမှုအပိုင်းအတွက်ကတော့4GB LPDDR3 RAM နဲ့ဖြစ်ပြီး၊ Storage ပိုင်းမှာတော့32/ 64GB ကြိုက်ရာရွေးချယ်ကိုင်တွယ်နိုင်ပါလိမ့် မယ်။Meizu Pro5 မှာတုန်းကလိုပဲ21MP နောက်ကျောဘက်ကင်မရာ၊5MP အရှေ့ဘက်ကင်မရာတွေကိုသုံးထားတယ်ဆိုပေမယ့်LED ကိုတော့Dual-LED နေရာမှာTen-LED ကိုသုံးထားပါတယ်။ဆိုနီရဲ့IM X230 Sensor ဟာပုံရိပ်တွေ ရိုက်ကူးတဲ့အခါမှာရှင်းလင်း ပြတ်သားတဲ့ရုပ်ထွက်ရဖို့အတွ က်ကူညီပေးပါလိမ့်မယ်။Autofo cus ရဲ့သွက်လက်တဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ပုံရိပ်ကို ချက်ချင်း ဖတ်ရှုနိုင်စွမ်းဟာဝ.၀၇စက္ကန့် သာကြာမြင့်မှာဖြစ်ပါတယ်။10 -LED ring flash ကလည်းအမှောင်ထဲမှာရိုက်ကူးတဲ့ပုံတွေကိုရှင်းလင်းပြတ်သားမှုရှိစေအောင် ထောက်ပံ့ပေးမယ့်အပြင်Object နဲ့ဖုန်းကို၂မီတာအဝေးလောက်က နေ ရိုက်ရင်တောင်ပုံထွက်ကောင်း ပါလိမ့်မယ်။အရှေ့ဘက်ကင်မရာမှာတော့ 5MP,f/ 2.0 နဲ့ဖြစ်ပြီး1080p ဗီဒီယိုတွေကိုတောင်ရိုက်ကူးနိုင်ပါ လိမ့်မယ်။ ဖုန်းကိုအားသွင်းတာနဲ့ ဒေတာလွှဲပြောင်းတာ မြန်ဆန်စေဖို့အတွက်USB Type-C အမျိုးအစားဖြစ်ပါတယ်။ဖုန်းအ သုံးပြုနေတဲ့အချိန်မှာ အပူချိန်မလွန် ဖို့နဲ့ဆားကစ်ရှော့မဖြစ်စေဖို့အတွက်ကိုလည်းဂရုစိုက်ထား ပါတယ်။ဘက်ထရီ ရဲ့အားပြန်လည်ဖြည့်သွင်းနို င်စွမ်းအတွက်ကိုလည်း နောက်ဆုံးပေါ်ဖုန်းတွေ မှာသုံးတဲ့နည်းပညာမျိုးတွေကိုသုံးထားပါတယ်။
<Meizu Pro5>
Pro5မှာသတ္တုကိုယ်ထည်တပ်ဆင်ထားပါတယ်။၅.၇လက်မSuper AMOLED 1080p Display တပ်ဆင်ထားပါတယ်။မျက်နှာပြင် ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်Full HD (1080×1920) ကိုပေးစွမ်း ထားပါတယ်။ ချောမွတ်စွာမျက်နှာပြင်ကိုအ သုံးပြုနိုင်ဖို့အတွက်2.5D ကွေးကောက်ဖန်မျက်နှာပြင်ကို အသုံးပြုထားပါတယ်။အနောက်ဘက် မှာ21
Megapixel Camera ကိုတပ်ဆင်ထားပြီးSony ရဲ့IMX 230 Sensor ဖြစ်ပါ
တယ်။အရှေ့ဘက်မှာ5 Megapixel Camera တပ်ဆင်ထားပါတယ်။ကင်မရာ ရဲ့
အမြန်နှုန်းဟာအတော်လေးကောင်း မွန်တဲ့ဖုန်းတွေထဲမှာပါဝင်ြ ပီးLaser Autofocus ဟာ0.7secကြာမှာဖြစ်ပါတယ်။ကင်မရာအရည်အသွေးကို ပိုကောင်းသွားစေဖို့အတွက်Du al-LED(dual-tone)flash ထောက်ပံ့မှု လည်းတပ်ဆင်ပေးထားပါတယ်။Sams ung Exynos 7420 Chipset မောင်းနှင်မှာဖြစ်ပါတယ်။32G B Internal Storage အတွက်3GB RAM နဲ့64GB Internal Storage အတွက်4GB RAM ထည့်သွင်းပေးထားပါတယ်။ Storage ကိုတိုးမြှင့်နိုင်ဖို့အတွက်microSD
Card ထည့်သွင်းနိုင်ပါတယ်။ ဖုန်းရဲ့အောက်ဘက်မှာUSB Type C Port
ကိုထည့်သွင်းပေးထားပါတယ်။ Flyme OS ရဲ့အားသာချက်ကတော့
လော့ကျသွားတာနဲ့တစ်ပြိုင်တည်း Location On မယ်။ပြီးရင်Cellular Data On သွားတဲ့အတွက် ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာလို့ရနိုင်ပါတယ်။လှမ်းပြီးတော့လည်းLock ချထားလို့ရမယ်။ Data တွေဖျက်ဆီးပစ်လို့ရတယ်။mCha rge လို့အမည်ပေးထားသည့် လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာပါရှိပါတယ်။3050mAh Battery ကို တပ်ဆင်ထားပြီး၃၀မိနစ်အတွင်း မှာဝကနေ၆၅ရာခိုင်နှုန်းအထိအားသွင်းပေးနိုင်ပါတယ်။Androi d
5.1 Lollipop ကိုFlyme 5 နဲ့ ပေါင်းစပ်ထည့်သွင်းထားပါ တယ်။ES9018 Signal
Processor နဲ့OPA1612 Head-phone Amplifier နဲ့အတူHi-Fi Sound
အသံနည်းပညာပါရှိပါတယ်။ကွန်ရ က်ချိတ်ဆက် နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့ အတူ4G / LTE ကွန်ရက်မှာသုံးစွဲ နိုင် ပါလိမ့်မယ်။ကွန်ရက်ကိုထောက်ပံ့ ပေးမယ့်ကွန်ရက်တွေအဖြစ်LTE Cat.6 စနစ်နဲ့TDD LTE 4G လှိုင်းနှုန်းတွေနဲ့ချိတ်ဆက်နိုင်မှာပါ။အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွ က်တော့bluetooth 4.1, A2DP, NFC, Wi-Fi တို့ကို သုံးစွဲနိုင်ပါလိမ့်မယ်။
<Meizu M2 Note>
ဖုန်းရဲ့အရွယ်အစားက5.5 inches ရှိပြီးScreen Resolution ကလည်း 1080×1920 pixel (Full HD) Resolution ဖြစ်တာကြောင့်ကြည့်ရတာ အလွန်ကြည်လင်ပြတ်သားတဲ့ရုပ် ထွက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။မိုဘိုင်း ကွန်ရက်ထောက်ပံ့မှုအနေနဲ့2G Network မှ4G Network အထိSupport ပေးထားပြီးSIM Card 2 ကတ်ထည့်သုံးနိုင်ပါတယ်။Meiz u m2 note ကို System ပိုင်းအနေနဲ့Android 5.0 Lollipop အသုံးပြုထားပါတယ်။Meizu ရဲ့Flyme OS 4.5 နဲ့တန်ဆာဆင်ပေးတဲ့အတွက်User များကိုအသုံးပြုရန် ပိုမိုလွယ်ကူစေမှာပါ။ဖုန်းရဲ့RAM အနေနဲ့ကတော့2GB ဖြစ်ပြီးဖုန်းတွင် Memory သိုလှောင်မှုပမာဏအနေနဲ့16 GB/ 32GB ဆိုပြီးStorage size ၂မျိုးနဲ့ထုတ်လုပ်ထားပါတယ်။Micr o SD Card ကိုup to 128 GB ထိ အသုံးပြုနိုင်ပါတယ်။ဖုန်းရဲ့ အဓိကလည်ပတ်မောင်းနှင်အားဖြ စ်တဲ့Processor အနေနဲ့ကတော့Mediatek MT6753 (Octa-core 1.3 GHz Cortex-A53) ကိုအသုံးပြုထားပါတယ်။Camera ပိုင်းအနေနဲ့ဖုန်းရဲ့ရှေ့ဘက်ခြမ်း(Front) Cameraအနေနဲ့5 Megapixel၊ နောက်ဘက်ခြမ်း(Back/ Primary) Camera အနေနဲ့13 Megapixel အရည်အသွေးရှိတဲ့Camera တို့ကိုတပ်ဆင် အသုံးပြု ပေးထားတာကြောင့်ကြည်လင်ပြတ် သားတဲ့ပုံရိပ်တွေကိုရိုက်ကူးနိုင်မှာပါ။ Fingerprint လည်းပါဝင်ပြီးScreenlock အပြင်applock ပါအသုံးပြုနိုင် မှာဖြစ်ပါတယ်။ဖုန်းရဲ့Batte ry အနေနဲ့Li-Ion 3100mAh Battery ကို တပ်ဆင်ပေးထားတာကြောင့်ဘက်ထရီအားအတော်ခံမယ့်ဖုန်းတစ်လုံးပါပဲ။ဘက်ထရီကတော့Non-Remov able Battery ဖြစ်တာကြောင့် ဖြုတ်တပ် လုပ်လို့မရနိုင်ပါဘူး။
Vivo အနေနဲ့စမတ်ဖုန်းတွေမှာAndro id 5.1 ပေါ်အခြေခံထားတဲ့ ကုမ္ပဏီ ရဲ့ကိုယ်ပိုင်Funtouch OS 2.5 ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။Vivo V3 ဟာ၅လက်မမျက်နှာပြင်နဲ့အတူSn apdragon616 Processor ကို3GB RAM ထောက်ပံ့မှုနဲ့ဖြစ်ပါတယ်။မျက်နှာပြင်ပုံရိပ်ဖော်ပြနိုင် မှုဟာ720×1280p မြင်ကွင်းကိုရရှိမှာဖြစ်ပါတ ယ်။ကင်မရာပိုင်းအတွက်တော့အဓိကကင်မရာက 13MP ဖြစ်ပြီးအရှေ့ဘက်ကင်မရာငယ်က တော့8MP ဖြစ်ပါတယ်။ အချက် အလက်သိုလှောင်နိုင်စွမ်းအတွ က်16/ 32GB ဖြစ်ပြီးထပ်မံတိုးချဲ့ချင်တယ် ဆိုရင်တော့128 GB အထိရရှိနိုင်မှာပါ။အခြားလုပ်ဆောင်နိုင်စွမ်းတွေ အနေနဲ့ကတော့4G LTE ထောက်ပံ့နိုင်စွမ်းဖြစ်ပြီး 2550 mAh ဘက်ထရီကို သုံးစွဲနိုင်မှာပါ။Vivo V3 Max ဟာV3 နဲ့အနီးစပ်ဆုံးတူညီတယ်ဆိုပေ မယ့် ဘက်ထရီပိုင်းနဲ့မျက်နှာပြင် ပိုင်းတွေမှာတော့ကွဲပြားသွားပါလိမ့်မယ်။5.5 inchesမျက်နှာပြင်ဟာကြည်လင် ပြတ်သားတဲ့ပုံရိပ်ဖော်ပြနို င်မှုအတွက်2.5D Gorilla Glassနဲ့ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။Sanpdragon652 ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပြီး4GB RAM ထောက်ပံ့မှုမှာ3000 mAh ဘက်ထရီကိုထည့်သွင်းတပ်ဆင်ပေးထားပါတယ်။
အခြားလုပ်ဆောင်ချက်အများစုက တော့V3 နဲ့တူညီမှာဖြစ်ပါတယ်။ Fingerprint လုပ်ဆောင်ချက်ဟာဖုန်းကိုဖွင့်လှစ်ရာမှာမြန်ဆန်ပြီးSpli t-screen လုပ်ဆောင်ချက်ကလည်းသုံးစွဲသူတွေအနေနဲ့လိုက်လျော ညီထွေ ရှိနေမှာပါ။တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်သူငယ်ချင်းတွေနဲ့Chating ၀င်နေတဲ့အချိန်မှာMove ကိုပါတစ်ခါတည်းကြည့်ရှုနိုင် မှာဖြစ်ပါတယ်။ အိန္ဒိယရဲ့Vivo CEO ကတော့ကျွန်တော်တို့အနေနဲ့V Series တွေကိုဒီဇိုင်း ပိုင်းတည်ဆောက်မှုနည်းပညာပို င်းမှာအမှတ်အသားတစ်ခုဖြစ်အောင်ပြုလုပ် နေတာဖြစ်ပြီးတော့ကမ္ဘာအနှံ့မှာရှိတဲ့သုံးစွဲသူတွေကိုတန် ဖိုးနဲ့မျှတဲ့လုပ်ဆောင်ချက် တွေကိုပေးဖို့ရည်ရွယ်ထားပါတ ယ်။သုံးစွဲသူတွေအနေနဲ့ပိုမိုသက်သောင့်သက်သာရှိစေမှုတွေအ ပြင် ပေါ့ပါးသွက်လက်တဲ့လုပ်ဆောင် နိုင်စွမ်းHi-Fi Music အရည်အသွေးတွေကိုMobile Device တစ်ခုတည်းကနေပဲ ရရှိစေ ဖို့အတွက်ပြုလုပ်ပေးထားပါတယ်။
<Vivo V3 Max>
V3Max မှာမျက်နှာပြင်ပုံရိပ်ဖော်ြ ပမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် full HD (1080×1920) ကိုပေးစွမ်းထားပါတယ်။Displa y ကတော့IPS LCD Capacitive ဖြစ်ပြီး5.5 inches မျက်နှာပြင်မှာပုံရိပ်တွေကို
အသေးစိတ် မြင်တွေ့နိုင်ဖို့401ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။Black screen
အပြည့် သုံးစွဲထားတာမဟုတ်ပေမယ့် ဘေးဘောင်လေးတွေရဲ့အကျယ်အ၀န်းက 0.30in သာရှိတာကြောင့်5.3 inches မြင်ကွင်းအရသာကိုခံစားနိုင် ပါလိမ့် မယ်။Android 5.1 ပြောင်းသွားပြီဖြစ်တာကြောင့် 2.5UI
ကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။Accelerometer, gyro, proximity, compass
ဆိုတဲ့sensor လေးမျိုးကိုသုံးနိုင်မှာ ဖြစ်ပြီးUI အသစ်ရဲ့ထောက်ပံ့ပေးထားတဲ့
လုပ်ဆောင်ချက်သစ်တွေနဲ့အတူU SB Host ကိုလည်း ထောက်ပံ့ပေးထားပါ တယ်။အဓိကကင်မရာဟာ13MP ဖြစ်ပြီးဓာတ်ပုံတွေရိုက်ကူး မယ်ဆိုရင် 4128×3096p အရည်အသွေးရရှိနိုင်မှာဖြစ်ြ ပီးHDR mode သုံးပြီး ရိုက်မယ် ဆိုရင်တော့စိုပြည်ပြီးအရောင်စိုတဲ့ပုံတွေကိုရပါလိမ့်မယ်။video ရိုက်မယ် ဆိုရင်တော့1080p@30fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးလိုသူ တွေအတွက်ကတော့Panorama သုံးစွဲနိုင်ပါလိမ့်မယ်။သူင ယ်ချင်းတွေနဲ့ အုပ်စုလိုက်selfie ရိုက်ကူးလိုသူတွေအတွက်ကတော့ 8MP ကင်မရာကို သုံးစွဲ နိုင်ပါလိမ့်မယ်။V3 Max မှာOcta-core 64-bit ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။RAM ကတော့4GB ထောက်ပံ့ပေးထားပါတယ်။Snapdr agon 652 ရဲ့ပေါင်းစပ်မှုကတော့1.8GHz Cortex-A72 Quad-Coreနဲ့1.4GHz Cortex- A53 Quad-core တို့ပူးတွဲအလုပ်လုပ်မှာဖြစ် ပါတယ်။
အချက်အလက်တွေသိုလှောင်သိမ်း ဆည်းထားနိုင်ဖို့အတွက်ကလတ်တ လောထွက်ရှိထားတဲ့စမတ်ဖုန်းေ တွကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့32GB ပဲဖြစ်ပြီးတော့ Nano SIM ကိုအသုံးမပြုဘူးဆိုရင်တော့1 28GB ကိုSIM 2 slot ကနေ တိုးမြှင့် နိုင်မှာပါ။3000mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီးကွန်ရက် ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့ အတူ4G LTE ကွန်ရက် မှာသုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွ က်က တော့bluetooth 4.1, Wi-Fi တို့ကိုသုံးစွဲနိုင်ပါလိမ့် မယ်။Octa-Core ပရိုဆက်ဆာကိုမောင်းနှင်သုံး စွဲနိုင်မယ့်ဘက်ထရီမျိုးဖြစ်တာကြောင့်အချိန် တာရှည်ခံမှုတော့ရှိမှာပါ။V3 Max မှာစွမ်းရည်မြင့်Battery အမြန်အားသွင်း နိုင်သောအားသွင်းနှုန်းနှစ်ဆ မြှင့်စနစ်ပါဝင်တာကြောင့်အားသွင်းမှုပိုမို မြန်ဆန်ပါတယ်။ (၅)မိနစ်အားသွင်းလိုက်ရုံဖြ င့် (၂)နာရီကြာမြင့်စွာ ဂီတ သံစဉ်များကိုနားဆင်နိုင်ပါတ ယ်။ထို့အပြင်အသစ်ထပ်မံစီစဉ် ပေးထားသော စွမ်းအားချွေတာရေးစနစ်များေ ကြာင့်သင့်ဖုန်းကိုဘာမှစိုး ရိမ်စရာမလိုဘဲ စိတ်ချစွာဖြင့်ပိုမိုကြာရှည်သောBattery သက်တမ်းကိုအသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။
<V3 & V3 Max>
V3 တွင်3GB RAM နှင့်V3Max တွင်4GB RAM အသီးသီးနှင့်Snapdragon 64-bit Octa-Core CPU ပေါင်းစပ်အသုံးပြုထားတာကြော င့်လျင်မြန်မှုနှုန်း ဟာထင်ထားတာထက်ပိုပြီးအံ့အား သင့်စေလောက်အောင်ကို မြန်ဆန်မှာ ဖြစ်ပါတယ်။ပိုမိုမြန်ဆန်သော ၃၆၀ဒီဂရီလက်ဗွေရာLock ဖွင့်စနစ်ဟာသင့်ရဲ့ လက်ချောင်းထိပ်ဖြင့်ထိတွေ့လိုက်ရုံမျှနှင့်မည်သည့်အနေအ ထားတွင်မဆို အာရုံခံဖော်ထုတ်နိုင်ပြီးဖု န်းမျက်နှာပြင်လင်းနေချိန်တွင်ဝ.၂စက္ကန့်တွင်း၊ဖုန်း မျက်နှာပြင်ပိတ်ထားချိန်မှာ ၀.၅စက္ကန့်အတွင်းလျင်မြန်စွာ Lock ဖွင့်ပေးမှာဖြစ် ပါတယ်။8MP ရှိတဲ့အရှေ့ကင်မရာမှာအသံဖြင့်ဓာတ်ပုံရိုက်စနစ်၊ လက်ဝါးဖြင့် ဓာတ်ပုံရိုက်စနစ်နှင့်လက်ဗွေရာမြင့်ဓာတ်ပုံရိုက်စနစ်စတဲ့စိတ်ကျေနပ်စရာ စနစ်များလည်းပါရှိပါတယ်။ဒါ့ အပြင်အံ့သြဖွယ်ကောင်းလောက်ေ အာင် ကောင်းမွန်တဲ့32MP အရည်အသွေးအထိကြည်လင်ပြတ်သား မှုရှိတဲ့Selfies ပုံများရရှိအောင်ပြင်ဆင်ပေး နိုင်သောစနစ်V3Max မှာပါဝင်တာကြောင့် သင့်ရဲ့ Selfies ပုံများကိုအကောင်းမွန်ဆုံးအ ရည်အသွေးနဲ့ရိုက်ယူနိုင်မှာ ဖြစ် ပါတယ်။Vivo မှအထူးသီးသန့်ပြုလုပ်ထားတဲ့ AK4375 Hi-Fi Chip မှာ စမ်းသပ် စစ်ဆေးပြီးသော105dB နှုန်းရှိတဲ့SNR စနစ်နှင့်မူလအသံများကိုပျက် စီးစေ နိုင်သော-97dbနှုန်းရှိအသံများကိုဖယ်ရှားပေးနိုင်သောစနစ်များကြောင့် သီချင်းနားထောင်ရာတွင်ဂီတသံ စဉ်များကိုနူးညံ့သိမ်မွေ့စွာနှင့်စိတ်ကျေနပ် စရာHi-Fi အသံစနစ်ကိုခံစားနိုင်မှာဖြစ်ပါတယ်။Smart Amp နည်းပညာနှင့် အသံချဲ့ပေးသောအိမ်သုံးရုပ်ရှင်ရုံအသံပိုင်းဆိုင်ရာChip ပါဝင်တာကြောင့် Vivo ရဲ့V3နှင့်V3Max ဟာအသံအားကောင်းပြီးအလွန်ကြည်လင်ပြတ်သား သောအသံနှင့်ထူးခြားဆန်းကြယ် လှတဲ့အသံပိုင်းဆိုင်ရာပေးစွ မ်းမှုများကို အပြည့်အ၀ခံစားနိုင်မှာပါ။ဝ .၂စက္ကန့်အတွင်းFocus ဖမ်းယူပေးနိုင်သော ဖမ်းယူနိုင်စွမ်းမြင့်မားတဲ့ PDAF နည်းပညာနှင့်အတူဝ.၇စက္ကန့်အတွင်းအမြန် ရိုက်ကူးပေးနိုင်သောကင်မရာေ ကြာင့်လျင်မြန်တဲ့မြင်ကွင်း များကိုချက်ချင်း ဓာတ်ပုံရိုက်ယူနိုင်ဖို့အတွ က်သင်ဟာအမြဲတမ်းအဆင်သင့်ဖြစ်နေမှာပါ။
<KENBO Fly One>
ကြီးမားတဲ့မျက်နှာပြင်ရှိပြီးသတ္ထုကိုယ်ထည်ဒီဇိုင်းနဲ့လှပတဲ့ဖုန်းကိုမှစမတ် ကျကျကိုင်ဆောင်အသုံးပြုလိုသူများ၊ဂိမ်းနဲ့အင်တာနက်အသုံးပြုတဲ့အခါ ထစ်ငေါ့ခြင်းမရှိသွက်လက်စွာ ကစားလိုသူများအကြိုက်ဖြစ်စေ မယ့်Fly One ကိုKENBO Smartphone ကနေအသစ်ထပ်မံထုတ်လုပ်လိုက်ပါတယ်။Fly One ဖုန်းရဲ့ကိုယ်ထည်ကိုAir Aluminium နဲ့Metal Line ဒီဇိုင်းတို့ကိုပေါင်းစပ် ကာ ပြုလုပ်ဖန်တီးပေးထားပါတယ်။ဖုန်းတစ်လုံးမှာအသံပိုင်းဆို င်ရာ စနစ် များကိုပိုမိုထူးခြားကောင်း မွန်စွာရရှိခံစားနိုင်ဖို့D ual Speaker, Dual MIC, Dual PA, Dual Side Operation အစရှိတဲ့Dual (နှစ်မျိုးဖြစ်သော)စနစ်များ နဲ့ ပြုလုပ်ပေးထားလို့ဖုန်းကိုပုံမှန်စကားပြောနေကြအတိုင်းသာမကဘဲဖုန်းကို အထက်အောက်ပြောင်းပြန်အနေအထားနဲ့ပါစကားပြောလို့ရမှာဖြစ် ပါတယ်။ Dual Speaker ပါဝင်လို့ပိုမိုကျယ်လောင်တဲ့ အသံကိုထုတ်ပေးနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်Speaker များကိုအသုံးပြုထားလို့အသံစ စ်ထုတ် ပေးတဲ့ စနစ်များပါဝင်ပြီးဆူညံသံ (Noise) များကိုဖယ်ရှားပေးကာကြည်လင် ကောင်းမွန်တဲ့အသံများရရှိစေ မှာပါ။အသံပိုင်းဆိုင်ရာတွင် 3D Audio စနစ် ပါဝင်တဲ့အတွက်သာမန်2D သံစဉ်များနားထောင်ရတာနဲ့မတူ ညီဘဲပိုမိုထူးခြား ကောင်းမွန်တာကိုတွေ့မြင်ရမှာဖြစ်ပြီးကွဲပြားတဲ့အသံများ ကိုခံစားထိတွေ့နိုင်မှာဖြစ် ပါတယ်။Fly One ရဲ့မျက်နှာပြင်အရွယ်အစားမှာ 5.5 inches ရှိတဲ့အပြင် မျက်နှာပြင်ကိုကြည်လင်တောက် ပတဲ့ရုပ်ထွက်တွေနဲ့အရောင်အေ သွးပေါင်းစုံကိုအနုစိတ်ပုံေ ဖ်ာပေးနိုင်တဲ့Sharp ကုမ္ပဏီထုတ်IPS Screen အမျိုးအစား ကိုတပ်ဆင်ပေးထားပါတယ်။1280× 720 pixels အထိရုပ်ထွက်ရရှိနိုင်တာမို့ အရည်အသွေးမြင့်မားတဲ့Movies များကြည့်တဲ့အခါမှာHigh Definition အထိ ရုပ်ထွက်ထုတ်ပေးမှာပါ။စွမ်း ဆောင်ရည်မြင့်မားတဲ့အပြင်တွ က်ချက်အဖြေ ထုတ်မှုတွေကိုသွက်လက်မြန်ဆန် စွာပြုလုပ်ပေးနိုင်တဲ့Proce ssor ကိုQuad-Core 1.3 GHz ထည့်သွင်းပေးထားပါတယ်။လတ်တေ လာ အသုံးပြုနေတဲ့ Application များကိုယာယီသိမ်းဆည်းပေးနို င်တဲ့RAM 2GB ပါဝင်လို့ Applicaion, Game နဲ့အင်တာနက်တို့ကိုတစ်ပြိုင်တည်းအသုံးပြုချိန်မှာပင် သွက်လက်မြန်ဆန်တဲ့ထိတွေ့မှုကိုခံစားရရှိစေမှာဖြစ်ပါတယ်။ ကင်မရာပိုင်း ဆိုင်ရာမှာလည်းပိုမိုကောင်း မွန်စေဖို့ပြုလုပ်ထားပြီးအေ ရှ့ဘက်5MP နဲ့ အနောက်ဘက်8MP ပါဝင်မှာဖြစ်ပါတယ်။အရှေ့နဲ့ အနောက်ဘက်နှစ်ဖက် စလုံးမှာအလင်းရောင်အားကောင်းမွန်တဲ့Flash Light မီးတစ်လုံးကိုထည့်သွင်း ပေးထားလို့အလင်းရောင်ကောင်း စွာမရရှိတဲ့ညအချိန်မှာပင် ကောင်းမွန်စွာ ဓာတ်ပုံရိုက်ကူးနိုင်မှာပြဲ ဖစ်ပါတယ်။ဖုန်းအတွင်းMicro အမျိုးအစားSIM Slot နှစ်ခုပါဝင်လို့Dual SIM အနေနဲ့အသုံးပြုနိုင်မှာဖြစ် တဲ့အပြင်GSM နဲ့WCDMA မိုဘိုင်းကွန်ရက်တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဂိမ်းနဲ့အင်တာနက်အသုံးပြုတဲ့အခါ မှာလည်းထိုင်ရာကမထကစားနိုင် ဖို့ပိုမိုကြာရှည်ခံတဲ့Lith ium-Ion အမျိုးအစားဘက်ထရီကို2500 mAh အထိထည့်သွင်းပေးထားပါတယ်။ အားလုံးကြိုက်နှစ်သက်မယ့်ဒီ ဇိုင်းရှိပြီးFly One ဖုန်းကိုမကြာမီပြည်တွင်း ဈေးကွက်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
<KENBO Hero One>
အကောင်းဆုံးအရည်အသွေးမြင့်က င်မရာနဲ့အတူလုံခြုံစိတ်ချရတဲ့လက်ဗွေဖတ်စနစ်ကိုထည့်သွင်းပေးထားတဲ့ဖုန်းလေးဖြစ်ပါတယ်။ Finger print(လက်ဗွေစနစ်)နဲ့အဖွင့်အပိတ် လုပ်ချင်သူများပါအဆင်ပြေစေမှာပါ။ ထိတွေ့ မှုကသက်သောင့်သက်သာရှိစေမှာပါ။ဒါ့အပြင်ဖုန်းအတွင်းရှိAp plication များကိုလည်းFingerprint မျက်နှာပြင်အရွယ်အစားမှာ5 inchesရှိပြီးရုပ်လုံး ရုပ်ကြွတွေကိုသိသာထင်ရှားစေ ရန်အတွက် အနည်းငယ်ကွေးညွတ်တဲ့  သဏ္ဌာန်ရှိတဲ့2.5D Screen ကိုဖုံးအုပ်တပ်ဆင်ပေးထားပါတ ယ်။
မျက်နှာ ပြင်ကိုIPS နည်းပညာအသုံးပြုထားလို့အရည် အသွေးမြင့်HD Movies များ ကိုကြည့်ရှုတဲ့အခါမှာ 1280× 720 ရုပ်ထွက်အပြည့်အ၀ရရှိစေမြှာ ဖစ်ပါတယ်။ အလျား144mm၊အနံ72.1mm ရှိပါတယ်။ ကိုယ်ထည်အထူမှာ9.3 mmသာ ရှိတဲ့အတွက်အနည်းငယ် ထူသယောင်ရှိပါတယ်။ကင်မရာရဲ့အောက်ဘက်မှာတော့Fingerprint Sensor ကိုတပ်ဆင်ပေးထားပါတယ်။SIM Card ကို တော့Tray နဲ့ထည့်သွင်းပေးရမှာပါ။
တယ် .............
<OPPO A37>
မကြာခင်အချိန်အတွင်း ပြည်တွင်းဈေးကွက်မှာ ရောင်းချပေးတော့မယ့် စမတ်ဖုန်းဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွက် မြန်ဆန်သည့် ကွန်ရက် ဖြစ်တဲ့4G အသုံးပြုနိုင်မယ့်ဖုန်းလေး ဖြစ်ပြီးJuly 1ရက်နေ့ကနေစတင် ရောင်းချပေးတော့မှာပါ။Andro
<OPPO F1Plus>
5.5 inches အရွယ်အစားဖြစ်လာခဲ့ပြီးရုပ်
<OPPO F1>
F1တွင် ခေတ်မီဆန်းပြားသောဓာတ်ပုံပည
<Meizu Pro6>
Pro6 မှာတော့၅.၂လက်မျက်နှာပြင်အရ
<Meizu Pro5>
Pro5မှာသတ္တုကိုယ်ထည်တပ်ဆင်ထ
<Meizu M2 Note>
ဖုန်းရဲ့အရွယ်အစားက5.5 inches ရှိပြီးScreen Resolution ကလည်း 1080×1920 pixel (Full HD) Resolution ဖြစ်တာကြောင့်ကြည့်ရတာ အလွန်ကြည်လင်ပြတ်သားတဲ့ရုပ်
Vivo အနေနဲ့စမတ်ဖုန်းတွေမှာAndro
အခြားလုပ်ဆောင်ချက်အများစုက
<Vivo V3 Max>
V3Max မှာမျက်နှာပြင်ပုံရိပ်ဖော်ြ
အချက်အလက်တွေသိုလှောင်သိမ်း
<V3 & V3 Max>
V3 တွင်3GB RAM နှင့်V3Max တွင်4GB RAM အသီးသီးနှင့်Snapdragon 64-bit Octa-Core CPU ပေါင်းစပ်အသုံးပြုထားတာကြော
<KENBO Fly One>
ကြီးမားတဲ့မျက်နှာပြင်ရှိပြ
<KENBO Hero One>
အကောင်းဆုံးအရည်အသွေးမြင့်က
မျက်နှာ ပြင်ကိုIPS နည်းပညာအသုံးပြုထားလို့အရည်
www.pyaephyo.com