7/02/2016

♪ " အိုင်တီလောက၏ ၂၀၁၆ ခုနှစ် တန်ဖိုးအကြီးမားဆုံး Brand (၁၀) ခု " ♫


၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ လူသိများထင်ရှားသော စီးပွားရေးလုပ်ငန်းကြီးပေါင်းများစွာရှိရာ အိုင်တီလောကတွင် လုပ်ငန်းအားဖြင့်လည်းကောင်း၊ ငွေကြေးတန်ဖိုးအားဖြင့်လည်းကောင်း ကြီးမားများပြားသော လုပ်ငန်းကြီးများအနက် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးထိပ်တန်းနေရာ ၁၀ နေရာတွင် အဆင့်ဆင့်ရပ်တည်နေကြသော
လုပ်ငန်းကုမ္ပဏီကြီးများကို ဖော်ပြလိုက်ပါသည်။

1. Google
ဂူးဂဲလ်၏ အင်တာနက်ဝက်ဘ်ဆိုက်မီဒီယာလုပ်ငန်းကြီးမှာ လွန်ခဲ့သည့်နှစ်ထက် ၃၂ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် တိုးတက်လာရာ လက်ရှိဂူးဂဲလ်၏ အမှတ်တံဆိပ်အရ တန်ဖိုးဒေါ်လာ ၂၂၉ ဘီလီယံသို့
ရောက်ရှိလာပြီး ကမ္ဘာ့မီဒီယာဈေးကွက်တွင် အကြီးမားဆုံး ၀င်ငွေရှာဖွေသူ ဖြစ်လာပေသည်။ ဂူးဂဲလ်သည် အင်တာနက်အွန်လိုင်းပေါ်တွင် ၎င်း၏၀က်ဘ်ဆိုက်များ ရှာဖွေရေးလုပ်ငန်းအတွက် ဥရောပနိုင်ငံများစွာကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်ခဲ့ရာ ကမ္ဘာပေါ်တွင် လုပ်ငန်းရှင်အဆင့် အကောင်းဆုံး နံပါတ်တစ်နေရာကို ရယူထားနိုင်ခဲ့သည်။
ဂူးဂဲလ်၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet သည် လက်ရှိအင်တာနက် ကွန်ရက်လုပ်ငန်းများသာမက အခြားသော လုပ်ငန်းနယ်ပယ်သစ်များဖြစ်သည့်
မောင်းသူမဲ့ကားနှင့် လူသားတို့၏ အသက်အရွယ်အိုမင်းမှုကို ဟန့်တားနိုင်သော နည်းပညာသစ်များကို စူးစမ်းလေ့လာရှာဖွေ စမ်းသပ်လျက်ရှိပေသည်။ ဂူးဂဲလ်အမှတ်တံဆိပ်မှာ ၂၀၀၇ ခုနှစ်မှစ၍ ၂၀၁၀ ခုနှစ်အထိ ပြိုင်ဘက်မရှိ လေးနှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအရှိဆုံး တံဆိပ်အမှတ်အသားအဖြစ် ရပ်တည်လျက်ရှိပေသည်။

2. Apple
အက်ပဲလ်၏ မိုဘိုင်းနည်းပညာကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် ယခုနှစ်တွင် ယမန်နှစ်ကထက် ၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့သဖြင့် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂၂၈ ဘီလီယံဖြင့် ဂူးဂဲလ်အောက်သို့
ရောက်ရှိသွားခဲ့သည်။
အက်ပဲလ်အနေဖြင့် အိုင်ဖုန်းမျိုးစုံကို သန်းနှင့်ချီ၍ ရောင်းချနေရသော်လည်း အက်ပဲလ်၏ ရှေ့အလားအလာမှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဝေဖန်သံများ ပေါ်ထွက်လာသည်။
အက်ပဲလ်အနေဖြင့် တရုတ်နိုင်ငံတွင် Uber ၏ ပြိုင်ဘက်ဖြစ်လာသော Didi Cheung လုပ်ငန်းများတွင် ဒေါ်လာတစ်ဘီလီယံ ရှယ်ယာထည့်ဝင်လုပ်ကိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပေသည်။
Dldi ကုမ္ပဏီမှာ အငှားယာဉ်များ ထုတ်လုပ်ရောင်းချသည့် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

3. Microsoft
နည်းပညာကုမ္ပဏီ မိုက္ခရိုဆော့ဖ်မှာ တတိယနေရာတွင် ၂ နှစ်ဆက်တိုက် နေရာယူထားပြီး ၎င်း၏ဆော့ဖ်ဝဲနည်းပညာဖြင့် ဆက်လက်ဖမ်းစားထားဆဲဖြစ်သည်။
မိုက္ခရိုဆော့ဖ်၏ Windows -10 သည် ပရိသတ်များ ကျေနပ်မှုရခဲ့ပြီး ကွန်ပျူတာ၊ လက်တော့၊ တက်ဘလက်နှင့် မိုဘိုင်းဖုန်းများသာမက အက်ပဲလ်၏ ထုတ်ကုန်ပစ္စည်းမျိုးစုံနှင့်လည်း ဆက်စပ်အသုံးပြုနိုင်ပေသည်။
ကုမ္ပဏီက ၎င်း၏အစီအစဉ်သစ်ဖြစ်သော Virtual Reality ထုတ်လုပ်ရေးအတွက် ၎င်း၏ Windows Holographic စင်္ကြံကို အသုံးပြုမည်ဖြစ်ရာ PC ကွန်ပျူ တာဈေးကွက်တွင် ကွန်ပျူ တာနှင့် တွဲဖက်အသုံးပြုနိုင်သော ပစ္စည်းသစ်များ
ဖြစ်ထွန်းပေါ်ပေါက်လာဖွယ်ရာရှိပေသည်။
ကုမ္ပဏီသည် ယခုနှစ်တွင် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၁၂၂ ဘီလီယံသို့ ရောက်ရှိလာသည်။

4. AT&T
အမေရိကန် ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော AT&T ကုမ္ပဏီသည် ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်ခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၀၇ ဘီလီယံသို့ ရောက်ရှိလာကာ စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။ စားသုံးသူများအတွက် ဘ၀ဟန်ပန်နှင့်ညီညွတ်သော ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုကို တွဲဖက်ပေါင်းစပ်ထားသောလုပ်ငန်းများဖြင့် ထပ်မံတိုးချဲ့ လုပ်ဆောင်လာခဲ့သည်။
ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ်လည်ပိုင်းမှစ၍ တိုက်ရိုက် TV ထုတ်လွှင့်မှုနှင့်
ဖျော်ဖြေရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်ခဲ့ပြီး ၎င်းလုပ်ငန်းပိုင်း ဦးဆောင်မှုနေရာကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းလျက်ရှိသည်။

5. Facebook
ဖေ့စ်ဘွတ်သည် ကမ္ဘာကျော်ဆက်သွယ်မှုဆိုင်ရာကုမ္ပဏီကြီး ၁၀ ခု စာရင်းသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခြင်းမှာ ယမန်နှစ်က ၎င်း၏ လုပ်ငန်းတံဆိပ်တန်ဖိုး တိုးတက်မှု အရှိန်အဟုန်မြင့်မား
မြန်ဆန်လာခြင်းကြောင့် ဖြစ်သည်။
ဖေ့စ်ဘွတ်၏ မကြာခင်က ဖန်တီးထုတ်လုပ်လိုက်သော Bots For Messenger သည် စားသုံးသူများအား မိုးလေ၀သသတင်းများမှ
ဈေးဝယ်ပစ္စည်းများ စာရင်းအထိသာမက ပုဂ္ဂလိက သတင်းအချက်အလက်များပါ ပြည့်စုံစွာ ဖန်တီးဖြည့်ဆည်းပေးခဲ့သဖြင့် ဖောက်သည်များ အာရုံစိုက်လာကြသည်။
ဖောက်သည်များ အချင်းချင်းဆက်သွယ်မှုထက် အခြားသောအာရုံသစ်များကို
ပေးစွမ်းနိုင်ရန်နှင့် ဈေးသက်သာစွာ အသုံးပြုနိုင်ရန် စီစဉ်ဖန်တီးခဲ့ခြင်းဖြစ်သည်
ဖေ့စ်ဘွတ်အနေဖြင့် ၎င်း၏လက်ရှိတန်ဖိုးတွင် Instagram နှင့် WhatsApp တို့၏ တန်ဖိုးများ မပါဝင်သေးပေ။

6. Visa
အွန်လိုင်းလုံခြုံရေးနှင့် အာမခံလုပ်ငန်းများ ကုမ္ပဏီကြီးဖြစ်သော ဗီဇာသည် ၎င်း၏ ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှု နည်းပညာသစ်များကို ထပ်မံတီထွင်ဖန်တီးရန် ကြိုးစားလျက်ရှိသည်။
ဗီဇာသည် ၎င်း၏ Debit Cards များနေရာတွင် Debit Ring များဖြင့် အစားထိုးရန် စမ်းသပ်လျက်ရှိကြောင်း မကြာခင်က ထုတ်ပြန်ကြေညာခဲ့သည်။
မနှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသော ဗီဇာ၏ကာလတန်ဖိုးမှာ
ဒေါ်လာ ၁၀၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

7. Amazon
ဖေ့စ်ဘွတ်ကဲ့သို့ပင် အမေဇုန်သည်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုလောကအတွင်းသို့ ပထမဦးဆုံး ၁၀ ဦး
စာရင်းဝင်အဖြစ် ရောက်ရှိလာခဲ့သည်။ အမေဇုန်၏ ကိုယ်ပိုင်ဖျော်ဖြေရေးလုပ်ငန်းများကို တီထွင်ဖန်တီးမှုနှင့်အတူ ချိုသာ၍ သွက်လက်မြန်ဆန်သော အွန်လိုင်းဇုန်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်းများမှာ ပိုမိုကြီးထွားကျယ်ပြန့်လာသည်။
အမေဇုန်သည် စားသုံးသူတို့၏ တောင်းဆိုမှုအသစ်များကိုလည်း မဖြစ်မနေ ကြိုးပမ်းဝန်ဆောင်မှုများဖြင့် တီထွင်ဖန်တီးပေးလျက်ရှိသည်။
လွန်ခဲ့သည့်နှစ်တွင် ၅၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ကုမ္ပဏီတန်ဖိုးမှာ ဒေါ်လာ ၉၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။

8. Verizon
ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းများတွင် အဓိကဦးဆောင်နေသော ဗာရီဇုန်သည် Aol အား ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ၀ယ်ယူလိုက်ပြီးနောက် မိုဘိုင်းကွန်ရက်လုပ်ငန်းများတွင် အကြီးမားဆုံး ၀န်ဆောင်မှုလုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။
ယမန်နှစ်က ၈ ရာခိုင်နှုန်း တိုးမြှင့်လာသဖြင့် ဗာရီဇုန်၏တန်ဖိုးမှာ ဒေါ်လာ ၉၃ ဘီလီယံဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ထိပ်တန်း ၁၀ ဦး
စာရင်းသို့ ပထမဦးဆုံး ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

9. Mc Donald's
မက်ဒေါ်နယ်မှာ ၎င်း၏လုပ်ငန်းများကို မည်သို့မည်ပုံအဆင့်ရမည်ကို စဉ်းစားလျက်ရှိသည်။ ၎င်း၏ လက်ရှိစားသောက်ဖွယ်ရာတို့မှာ ကျန်းမာရေးနှင့်မညီညွတ်ဟူသော ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာခဲ့သည်။
အမြန်စားသုံးသော စားသောက်ဖွယ်ရာများကို ပြုပြင်ပြောင်းလဲစဉ် ကာလအတွင်း Mc Cafe ၏ အဖျော်ယမကာများကို ပိုမိုထုတ်လုပ်ရောင်းချလျက်ရှိသည်။ လက်ရှိအားဖြင့် တစ်နေ့လုံးရောင်းနေရသော နံနက်စာမှာ လူကြိုက်များ၍
ရောင်းအားကောင်းနေဆဲဖြစ်သည်
ယမန်နှစ်က ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ဒေါ်နယ်၏ ကာလတန်ဖိုးမှာ
ဒေါ်လာ ၈၉ ဘီလီယံသို့ ရောက်ရှိနေသည်။

10. IBM
အိုင်ဘီအမ်မှာ Clood ကုမ္ပဏီအတွက် ဆော့ဖ်ဝဲနှင့် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ပေးနေရာမှ လုပ်ငန်းများပြောင်းလဲလာမှုကြောင့် ၎င်း၏လုပ်ငန်းတန်ဖိုးများ ကျဆင်းလာရာ ၂၀၁၅ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းနှင့် ယခု ၂၀၁၆ ခုနှစ်တွင် ၈ ရာခိုင်နှုန်း ကျဆင်းလာဖွယ်ရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။
အိုင်ဘီအမ်သည် ၁၆ လဆက်တိုက် သုံးလပတ်ဝင်ငွေများ ကျဆင်းခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ လောလောဆယ် အိုင်ဘီအမ်၏လုပ်ငန်းမှာ အာရုံခံကွန်ပျူ တာလုပ်ငန်းများနှင့် မှတ်ဥာဏ်တုတီထွင်ဖန်တီးရေးလုပ်ငန်းများဘက်သို့ ဦးလှည့်လျက်ရှိပေသည်။
ကုမ္ပဏီ၏တန်ဖိုးမှာ ဒေါ်လာ ၈၆ ဘီလီယံဖြင့် ထိပ်တန်း ၁၀ ခုစာရင်းတွင် အဆင့် (၁၀) ဖြင့် ရပ်တည်နေဆဲဖြစ်သည်။

မိုးမခ

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com